Connect with us

International Organizations

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ရီးရဲလ်မက်ဒရစ်နှင့် ဂျီရိုနာတို့ မဖြစ်မနေ နိုင်ပွဲယူရမည့် အောက်တိုဘာ ၂၂ ရက် ချန်ပီယံလိဂ်ပွဲစဉ်များ
ကာလို အန်ဆလော့တီ၏ ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် အရေးပါသည့် ချန်ပီယံလိဂ်ပွဲစဉ် တစ်ပွဲအဖြစ် အောက်တိုဘာ ၂၂ ရက်တွင် ဒေ့ါမွန်အသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။
ရီးရဲလ်မက်ဒရစ်အသင်း၏ အိမ်ကွင်း ဆန်တီယာဂို ဘာနေဗျူး၌ ယှဉ်ပြိုင်ကစားမည့် ရီးရဲလ်မက်ဒရစ်နှင့် ဒေ့ါမွန်အသင်းတို့၏ ချန်ပီယံလိဂ်ပွဲစဉ်က ယမန်နှစ်တွင် ‌ထိပ်တိုက်တွေ့ဆုံခဲ့သော အဆိုပါ နှစ်သင်း၏ ချန်ပီယံလိဂ် ဗိုလ်လုပွဲအား အမှတ်ရစေခဲ့ပြီး ယင်းဗိုလ်လုပွဲ၌ ဒေ့ါမွန်အသင်းက ပထမပိုင်း ၄၅ မိနစ်တွင် ကစားပုံပိုမိုကောင်းမွန်ခဲ့သော်လည်း ပွဲအပြီးတွင် ရီးရဲလ်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဒေ့ါမွန်အသင်းက အဖွင့်ပွဲစဉ်နှစ်ပွဲအား အနိုင်ရထားကာ ဇယားထိပ်ဆုံး၌ ရပ်တည်နေပြီး ရီးရဲလ်အသင်းကမူ ဒုတိယပွဲစဉ်တွင် လိုင်လီအသင်းအား ၀-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်အတွက် အန်ဆလော့တီ၏ အသင်းအတွက် ဖိအားအချို့ရှိနေသည်။
အဓိကနောက်ခံလူ ဒါနီ ကာဗာဟယ်မှာ ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူရမည်ဖြစ်ရာ နည်းပြ အန်ဆလော့တီအဖို့ ညာခြမ်းခံစစ်အတွက် အပြောင်းအလဲပြုလုပ်ရန် လူရွေးချယ်ရာတွင် အကန့်အသတ်ရှိနေသဖြင့် လေးယောက်တန်းခံစစ်အား ပြန်အသုံးပြုဖွယ်ရှိကာ အော်ရယ်လီယန် ချူအာမီနီ သို့မဟုတ် လူကာမိုဒရစ်က ကွင်းလယ်၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖွယ်ရှိသည်။
ထို့အတူ ယမန်နှစ်က ရီးရဲလ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့သည့် ဒေ့ါမွန်ကစားသမားဟောင်း ဂျုဒ် ဘယ်လင်ဟမ်ကိုလည်း ပရိသတ်များက အဓိကစောင့်ကြည့်ကြလိမ့်မည်ဖြစ်သည်။
စပိန်လာလီဂါ ကလပ်အသင်းတစ်သင်းဖြစ်သည့် ဂျီရိုနာကလည်း အိမ်ကွင်း၌ ဆလိုဗက်ကီးယားကလပ် ဆလိုဗန် ဘရာတီဆလာဗာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ အဆိုပါပွဲစဉ်အား မဖြစ်မနေအနိုင်ရရှိရန် လိုအပ်နေသည်။ အဆိုပါ နှစ်သင်းစလုံးမှာ အဖွင့်ပွဲစဉ်နှစ်ပွဲအား ရှုံးနိမ့်ထားသည်။
…..
ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ်ဟောင်း နာအိုမီ အိုဆာကာ ဟောင်ကောင်အိုးပင်းမှ နုတ်ထွက်
ဂရင်းစလင်း ချန်ပီယံဆု လေးကြိမ်ရရှိထားသည့် ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ်ဟောင်း နာအိုမီ အိုဆာကာမှာ ဒဏ်ရာပြဿနာကြောင့် ဟောင်ကောင်အိုးပင်း တင်းနစ်ပြိုင်ပွဲမှ နုတ်ထွက်သွားကြောင်း ပွဲစီစဉ်သူများက အောက်တိုဘာ ၂၁ ရက်၌ ကြေညာခဲ့သည်။
ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ်ဟောင်း နာအိုမီအနေဖြင့် ၂၀၂၄ ခုနှစ် တင်းနစ်ရာသီကို အဆုံးသတ်ရတော့မည်ဖြစ်ကြောင်း ဟောင်ကောင်၊ တရုတ် တင်းနစ်အဖွဲ့အစည်း (HKCTA) က ထုတ်ပြန်ခဲ့သည်။
“ဒါပေမဲ့လည်း နာအိုမီဟာ ပြိုင်ပွဲကို တက်ရောက်အားပေးမှာဖြစ်ပြီး ဟောင်ကောင်က တင်းနစ်ပရိသတ်တွေနဲ့ တွေ့ဆုံခြင်းတို့လို ပြိုင်ပွဲကာလအတွင်း ပြုလုပ်မယ့် အစီအစဉ်တွေမှာ ပါဝင်မှာဖြစ်ပါတယ်” ဟု HKCTA က ဆိုသည်။
“Prudential Hong Kong Tennis Open မှာရော လက်ကျန် တင်းနစ်ရာသီမှာပါ ပါဝင်ယှဉ်ပြိုင်နိုင်တော့မဟုတ်လို့ ကျွန်မအနေနဲ့ တကယ့်ကိုဝမ်းနည်းမိပါတယ်” ဟု နာအိုမီက ပြောကြားခဲ့သည်။
…..
၂၀၂၅ ခုနှစ် United Cup တင်းနစ်ပြိုင်ပွဲ၌ တရုတ်အသင်းက လက်ရှိချန်ပီယံ ဂျာမနီအသင်းနှင့် တစ်အုပ်စုတည်းတွင် ကျရောက်လျက်ရှိ
၂၀၂၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ချန်ပီယံ Zheng Qinwen နှင့် အဆင့်သတ်မှတ်ချက်အမြင့်ဆုံး တရုတ်အမျိုးသား တင်းနစ်ကစားသမား Zhang Zhizhen တို့ ဦးဆောင်သည့် တရုတ်အသင်းက ၂၀၂၅ ခုနှစ် United Cup ပြိုင်ပွဲ၌ လက်ရှိချန်ပီယံ ဂျာမနီ၊ ဘရာဇီးတို့နှင့် တစ်အုပ်စုတည်းတွင် ကျရောက်ရှိကြောင်း အောက်တိုဘာ ၂၁ ရက် မဲခွဲမှုရလဒ်အရ သိရသည်။
တရားဝင်မဲခွဲမှု၌ တရုတ်အသင်းက ကမ္ဘာ့အဆင့်-၃ တင်းနစ်ကစားသမား အလက်ဇန်းဒါး ဇက်ဗရက်ဗ် ဦးဆောင်သည့် ဂျာမနီအသင်း၊ ကမ္ဘာ့အဆင့်-၁၀ ကစားသမား ဘီးထရစ်ဇ် ဟာဒက်မိုင်ယာ ဦးဆောင်သည့် ဘရာဇီးအသင်းတို့နှင့် အုပ်စု-E ၌ တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။
ပါ့သ်နှင့် ဆစ်ဒနီမြို့တို့တွင် အုပ်စု ၆ စုခွဲ၍ စုစုပေါင်း အသင်း ၁၈ သင်းက ယှဉ်ပြိုင်ကစားကြမည့် တတိယအကြိမ် United Cup တင်းနစ်ပြိုင်ပွဲအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)


………………………
(English Version)
Must-win Champions League games for Real Madrid and Girona
Real Madrid entertain Borussia Dortmund in the Champions League on Tuesday in a vital match for Carlo Ancelotti’s side.
The game in the Santiago Bernabeu Stadium is a repeat of last season’s final that Real Madrid won 2-0 after the German side had the better of the first 45 minutes.
While Dortmund travel to Spain top of the new-look Champions League table after winning their first two matches, Real Madrid’s 1-0 defeat in Lille in their second match has put some pressure on Carlo Ancelotti’s side.
A long-term knee injury to Dani Carvajal limits his options of making changes on the right of defense, but he could return to a flat back four to allow either Aurelian Tchouameni to push into midfield or for Luka Modric (who on Saturday became the oldest man to ever play for Real Madrid) to start.
There will also be a lot of attention on Jude Bellingham, who has had a discreet start to the season after last year’s brilliant beginning to his Real Madrid career.
Girona are also in action on Tuesday and have a must-win match at home to Slovan Bratislava in a tie between two sides who have lost their opening two games.
…..
Former world No. 1 Osaka pulls out of Hong Kong Open due to injury
Four-time Grand Slam champion Naomi Osaka has announced her withdraw from the Hong Kong Open tennis championships due to injury, organizers said here on Monday.
The Hong Kong, China Tennis Association (HKCTA) said in a statement that the former world No. 1 will have to put an end to her tennis season in 2024.
“However, Naomi has confirmed she will still be attending the tournament and will be participating in a range of activities during the event, including meeting with her Hong Kong tennis fans,” HKCTA said.
“I’m really sorry that I have had to withdraw from competing at the Prudential Hong Kong Tennis Open and the rest of this tennis season,” Naomi was quoted as saying.
…..
Team China to face defending champions Germany in United Cup 2025
Team China, led by Paris 2024 Olympic women’s singles champion Zheng Qinwen and highest ranked Chinese male tennis player Zhang Zhizhen, was drawn on Monday into the group with defending champions Germany and Brazil in the 2025 Union Cup team event.
The official draw set up Team China in Group E in Perth against Germany, led by world No. 3 Alexander Zverev, and Brazil, led by world No. 10 Beatriz Haddad Maia.
A total of 18 teams in six groups will compete in the third edition of the United Cup in Perth and Sydney from December 27, 2024 to January 5, 2025.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.