Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လာအို ပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံ သမ္မတ Thongloun Sisoulith တို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လာအို ပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံ သမ္မတ Thongloun Sisoulith တို့ ဒေသစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ညပိုင်းတွင် ရုရှားနိုင်ငံ၊ ကာဇန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့စဉ် (ဆင်ဟွာ)

ကာဇန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လာအို ပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံ သမ္မတ Thongloun Sisoulith တို့သည် ဒေသစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ညပိုင်းတွင် ရုရှားနိုင်ငံ၊ ကာဇန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သမ္မတ ရှီကျင့်ဖိန်က ယခင်နှစ် အောက်တိုဘာလတွင် မိမိတို့အနေဖြင့် တရုတ်-လာအို ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး အရေးကြီးသော သဘောတူညီမှုကို ရရှိခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။
တစ်နှစ်အတွင်း ပါတီနှစ်ရပ်၊ နှစ်နိုင်ငံ၏ ဌာနအသီးသီးနှင့် နေရာအသီးသီးက တက်ကြွစွာ အကောင်အထည် ဖော်ခဲ့ကြပြီး အပြန်အလှန်ချိတ်ဆက်မှု၊ ကုန်သွယ်စီးပွား ရင်းနှီးမြှုပ်နှံမှု၊ လူမှုယဉ်ကျေးမှု နှီးနှောဖလှယ်မှု စသည့် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကြရာတွင် ကောင်းမွန်သော ရလဒ်များ ရရှိခဲ့ကြကြောင်း၊ ဆိုရှယ်လစ်ရဲဘော်ရဲဘက်၊ ညီအစ်ကိုများဖြစ်သည့်အလျောက် တရုတ်-လာအို ဆက်ဆံရေးသည် တရုတ်နိုင်ငံ အိမ်နီးချင်းသံတမန်ဆက်ဆံရေးတွင် တစ်မူထူးခြား အရေးပါသည့် နေရာ၌ရှိရာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး လမ်းကြောင်း၏ ရှေ့တန်းတွင် အစဉ်အမြဲ လျှောက်လှမ်းလျက်ရှိပါကြောင်း၊ နိုင်ငံတကာ အခင်းအကျင်းများ မည်သို့ပင် ပြောင်းလဲနေကာမူ တရုတ်နိုင်ငံသည် လာအို၏ ထာဝရ ယုံကြည်စိတ်ချရသော မိတ်ဆွေ၊ မိတ်ဖက်အဖြစ် ရှိနေမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုဖြင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးကို ဘက်စုံ မြှင့်တင်လျက်ရှိသလို လာအိုနိုင်ငံသည်လည်း နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်အားကောင်းရေး အဆင့်သစ်တွင် ရှိနေကြောင်း၊ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေရန်၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်၊ တရုတ်-လာအို အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှု စဉ်ဆက်မပြတ် ပိုမိုနက်ရှိုင်းပြီး ခိုင်မာအားကောင်းလာစေရန်အတွက် တရုတ်နိုင်ငံသည် လာအိုနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် လာအိုနိုင်ငံနှင့်အတူ အပြန်အလှန် သင်ယူဖလှယ်မှုများကို မြှင့်တင်ရန်၊ နှစ်ဖက်လုံး၏ အဓိက အကျိုးစီးပွားများ၊ အရေးကြီး စိုးရိမ်မှုများကို ခိုင်မာစွာ အပြန်အလှန် ဆက်လက်ပံ့ပိုးကူညီရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။
နှစ်ဖက်စလုံးသည် တရုတ်-လာအို ရထားလမ်းအား ပိုမိုကြီးမာအားကောင်းလာစေရန် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး တရုတ်-လာအို စီးပွားရေးစင်္ကြံတည်ဆောက်ရေးကို မြှင့်တင်ကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု စံနမူနာတစ်ခု ဖန်တီးသင့်ကြောင်း၊ တရုတ်နိုင်ငံသည် လာအိုနိုင်ငံမှ ပိုမိုများပြားသော အရည်အသွေးမြင့် လယ်ယာထွက်ကုန်များကို တင်သွင်းရန်၊ ပညာရေး၊ ယဉ်ကျေးမှု၊ လူငယ် စသည့် ကဏ္ဍများ၏ ပူးပေါင်းဖလှယ်မှုကို ပိုမိုနီးကပ်စွာ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ လာအိုနိုင်ငံသည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးများကို အောင်မြင်စွာ ကြီးမှူးကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် BRICS ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သည့် လာအိုနိုင်ငံအား ကြိုဆိုကြောင်း၊ နိုင်ငံတကာ တရားမျှတမှုနှင့် ကျယ်ပြန့်ကြီးမားလှသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားများကို ပူးတွဲကာကွယ်ရန် နှစ်ဖက်အနေဖြင့် ဘက်ပေါင်းစုံ ဟန်ချက်ညီစွာ ညှိနှိုင်းမှုများကို အားကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
သမ္မတ Thongloun Sisoulith က ပြီးခဲ့သည့်နှစ်က တတိယအကြိမ် “ရပ်ဝန်းနှင့် ပိုးလမ်းမ” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်ရန် မိမိအနေဖြင့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး လာအို-တရုတ် အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်ရေး လှုပ်ရှားမှု အစီအစဉ်အသစ်ကို သမ္မတ ရှီကျင့်ဖိန်နှင့် အတူ လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် သက်ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုများသည် အားကောင်းပြီး ထိရောက်မှုရှိကြောင်း၊ လာအို-တရုတ် ဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အကောင်းဆုံး ကာလဖြစ်နေပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ နက်ရှိုင်းမှုနှင့် ကျယ်ပြန့်မှုသည် နေ့စဉ်နှင့်အမျှကျယ်ပြန့်လာကြောင်း၊ တရုတ်နိုင်ငံသည် ကာလရှည်ကြာ လာအိုနိုင်ငံအား အဖိုးတန်သော ပံ့ပိုးကူညီမှုများပေးခဲ့ပြီး လာအိုနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာမြှင့်တင်ပေးခဲ့ပါကြောင်း၊ လာအို-တရုတ် ရထားလမ်း၊ လာအို-တရုတ် စီးပွားရေးစင်္ကြံတည်ဆောက်ရေး၊ လာအို-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ဆက်လက်မြှင့်တင်ရန် တရုတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
လာအိုပါတီနှင့် အစိုးရသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လိုက်နာကျင့်သုံးပြီး တရုတ်အစိုးရ၏ နိုင်ငံ့ အဓိက အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းမှုကို မယိမ်းမယိုင် ထောက်ခံသလို ထိုင်ဝမ်၊ ဟောင်ကောင်၊ ရှင်းကျန်းတို့နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ တရားဝင်ရပ်တည်ချက်အား ထောက်ခံသည်ကို မိမိအနေဖြင့် ထပ်လောင်း ပြောကြားလိုပါကြောင်း၊ လာအိုနိုင်ငံက ကြီးမှူးကျင်းပသော အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ အခိုင်အမာ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ လာအိုနိုင်ငံသည် အာဆီယံစသည့် နိုင်ငံပေါင်းစုံ ပလက်ဖောင်းများတွင် တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ချိုက်ချီ၊ ဝမ်ရိစသည်တို့ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လာအို ပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံ သမ္မတ Thongloun Sisoulith တို့ ဒေသစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ညပိုင်းတွင် ရုရှားနိုင်ငံ၊ ကာဇန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့စဉ် (ဆင်ဟွာ)

…………………………………………
(Chinese Version)
习近平会见老挝人民革命党中央总书记、国家主席通伦
新华社俄罗斯喀山10月22日电(记者孙浩 刘恺)当地时间10月22日晚,国家主席习近平在喀山会见老挝人民革命党中央总书记、国家主席通伦。
习近平指出,去年10月,我们就深化中老全面战略合作达成重要共识。一年来,两党两国各部门各地方积极落实,推动互联互通、经贸投资、人文交流等领域合作取得丰硕成果。作为社会主义同志加兄弟,中老关系在中国周边外交中具有特殊重要位置,始终走在构建命运共同体的前列。无论国际形势如何变化,中国永远是老挝可信赖的朋友和伙伴。中国正在以高质量发展全面推进中国式现代化,老挝也处在国家发展振兴的新阶段。中方愿同老方巩固战略互信,深化务实合作,推动中老命运共同体建设持续走深走实。
习近平指出,中方愿同老方加强交流互鉴,继续在涉及彼此核心利益和重大关切问题上相互坚定支持。双方要继续做大做强中老铁路,推进中老经济走廊建设,打造共建“一带一路”合作样板。中方愿进口更多老挝优质农产品,密切教育、文化、青年等领域交流合作。祝贺老方成功主办东亚合作领导人系列会议,欢迎老方积极参与金砖合作。双方要加强多边协调配合,共同维护国际公平正义和广大发展中国家利益。
通伦表示,去年我赴华出席第三届“一带一路”国际合作高峰论坛,同习近平总书记共同签署构建老中命运共同体新版行动计划。目前有关落实行动有力有效。老中关系正处于历史最好时期,双边合作的深度、广度日益拓展。中方长期以来给予老挝宝贵支持,极大促进了老挝经济社会发展,期待同中方持续推进老中铁路和老中经济走廊建设,构建老中命运共同体。我愿重申,老挝党和政府坚定不移奉行一个中国政策,毫不动摇支持中国政府捍卫国家核心利益,支持中方在涉台、涉港、涉疆等问题上的正当立场。感谢中方对老挝主办东亚合作领导人会议提供有力支持,老方愿同中方继续密切在东盟等多边平台合作。
我愿重申,老挝党和政府坚定不移奉行一个中国政策,毫不动摇支持中国政府捍卫国家核心利益,支持中方在涉台、涉港、涉疆等问题上的正当立场。感谢中方对老挝主办东亚合作领导人会议提供有力支持,老方愿同中方继续密切在东盟等多边平台合作。
蔡奇、王毅等参加会见。(完)
图说1-2:当地时间10月22日晚,国家主席习近平在喀山会见老挝人民革命党中央总书记、国家主席通伦。