Connect with us

Culture & Entertainment

မြန်မာနိုင်ငံ တောင်ကြီးမြို့တွင် မီးပုံးပျံပွဲတော် နိုဝင်ဘာလ၌ ကျင်းပမည်

တောင်ကြီးမြို့တွင် မီးပုံးပျံပွဲတော်ကျင်းပနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် မြန်မာ့မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ၌ ၇ ရက်ကြာကျင်းပမည်ဖြစ်ကြောင်း အဆိုပါမီးပုံးပျံပွဲစီစဉ်သည့်အဖွဲ့အစည်းများက ယနေ့ (အောက်တိုဘာ ၂၄ ရက်) ပြောကြားသည်။

အဆိုပါ မီးပုံးပျံပွဲတော်ကို ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့ရှိ အဝေရာ မီးပုံးပျံကွင်းတွင် နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ကျင်းပမည့် မီးပုံးပျံပွဲတော်
၏ ဖွင့်ပွဲနှင့် ပိတ်ပွဲများတွင် ရိုးရာနည်းပညာများနှင့် ပေါင်းစပ်ထားသော နည်းပညာအသစ်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်း ပွဲတော်အတွင်း မီးပုံးပျံ ၁၅၀ မှ ၂၀၀ ခန့် လွှတ်တင်မည်ဟု ခန့်မှန်းထားပြီး လွှတ်တင်နိုင်မည့် အရေအတွက်အတိအကျကို ယခုလကုန်တွင် အတည်ပြုနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါပွဲတော်သည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ မြှင့်တင်ရန်နှင့် ရိုးရာပွဲတော်များကို ထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း ၊ တောင်ကြီးမီးပုံးပျံပွဲတော်ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းနိုင်ရန် အာဏာပိုင်များက ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံရှိ တန်ဆောင်တိုင်ပွဲတော်များထဲတွင် တောင်ကြီးမီးပုံးပျံနှင့် မီးရှူးမီးပန်းပွဲတော်သည် အကျော်ကြားဆုံးဖြစ်သည်။ တောင်ကြီးမြို့ မီးပုံးပျံပွဲတော်၏ အစဉ်အလာသည် ၁၈၉၄ ခုနှစ်မှ စတင်ခဲ့သည်။ (Xinhua)