Connect with us

Asia

ဘင်္ဂလားဒေ့ရှ် သည် နိုင်ငံတွင်း နိုင်ငံခြားသား များ အသတ်ခံရပြီးနောက် ၎င်း နယ်ခြား စောင့်တပ်ဖွဲ့များ အား အရေးပေါ် တပ်လှန့်ထား

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (ဆင်ဟွာ)

ဒါကာ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် နိုင်ငံတွင်း နိုင်ငံခြားသားများ အသတ်ခံရပြီးနောက် လူသတ်သမားများ နိုင်ငံတွင်းမှ ထွက်ပြေး လွတ်မြောက်သွားခြင်းကို တားဆီးရန် ၎င်း၏ နယ်ခြားတပ်ဖွဲ့များအား အရေးပေါ် တပ်လှန့် ထားကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ တာဝန်ရှိသူ တစ်ဦးမှ “ ကျွန်တော်တို့ နယ်ခြား စောင့်တပ်ဖွဲ့ကို လူသတ်သမားတွေ နိုင်ငံရဲ့ နယ်စပ်ကနေ မလွတ်မြောက် သွားစေရန် နိုးနိုးကြားကြားနဲ့ စောင့်ကြည့်နေဖို့ အရေးပေါ် တပ်လှန့် ထားပါတယ်” လို့ အင်္ဂါနေ့က ပြောကြားခဲ့ပါသည်။

အမည်မဖော်လိုသည့် တာဝန်ရှိသူ တစ်ဦးမှ လူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့အား စစ်ဆေးရေး ဂိတ်တိုင်းကို သေသေချာချာ စောင့်ကြည့် စစ်ဆေးရန် မှာကြားထားကြောင်း ပြောကြားသည်။

အောက်တိုဘာလ (၃) ရက်နေ့တွင် မြို့တော်ဒါကာ နှင့် ၃၀၄ ကီလိုမီတာ အကွာ၊ ရန်ပေါ ခရိုင်မြောက်ပိုင်း၌ ဂျပန်နိုင်ငံသား ဟိုရှီအဲ ခုနိအို သည် သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည်။ ထို့အပြင် အဆိုပါ ပစ်ခတ်ခြင်း မဖြစ်ပွားခင် ငါးရက်အလိုတွင်လဲ အီတလီနိုင်ငံသား တာဗယ်လာ ဆီဆာ သည် ဒါကာ၏ သံတမန် ဇုန်၌ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117