Africa & Middle East
အစ္စရေးနှင့် လက်ဘနွန် နှစ်နိုင်ငံအစိုးရများက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ခံခဲ့ပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန် ပြောကြား
ဝါရှင်တန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံတွင် အစ္စရေးနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေး လုံခြုံရေးအစိုးရအဖွဲ့က ၁၀ မဲ ၁ မဲဖြင့် နိုဝင်ဘာ ၂၆ ရက် ညပိုင်းက အတည်ပြုခဲ့သည်ဟု အစ္စရေး ဝန်ကြီးချုပ်ရုံးက အဆိုပါည၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အစ္စရေးနှင့် လက်ဘနွန် နှစ်နိုင်ငံအစိုးရများသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ခံခဲ့ပြီးဖြစ်ကြောင်း အတည်ပြုရန် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်က နေတန်ယာဟုနှင့် လက်ဘနွန်နိုင်ငံ ဝန်ကြီးချုပ် နာဂျစ် မီခါတီ တို့ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သည်ဟု အဆိုပါနေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်သည် နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီတွင် စတင်အကျူံးဝင်မည်ဖြစ်သည်။ (Xinhua)
…………………..
(Chinese Version)
美国总统拜登:以黎两国政府已接受停火协议
华盛顿,2024年11月27日
以色列总理办公室26日晚发表声明说,以安全内阁当晚以10比1的投票结果批准了以色列与黎巴嫩真主党的停火协议。美国总统拜登当天发表讲话表示,他已与内塔尼亚胡和黎巴嫩总理米卡提通电话,确认以黎两国政府已接受停火协议。该协议将于当地时间27日凌晨4时生效。
图说:11月26日,美国总统拜登在华盛顿白宫发表讲话。新华社记者 胡友松 摄