Environment, Disasters & Accidents
မြန်မာနိုင်ငံ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ၁၀ လအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၈၂ ဦး သေဆုံး၊ ၃၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်အထိ ယာဉ်မတော်တဆမှုများကြောင့် လူ ၈၂ ဦး သေဆုံးကာ ၃၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (RTAD) ထံမှ သိရသည်။
ယခုနှစ်အတွင်း အမြန်လမ်းပေါ်၌ ဖြစ်ပွားသော ယာဉ်မတော်တဆမှု၊ ထိခိုက်သေဆုံးမှု အရေအတွက်မှာ ယခင်နှစ်အလားတူကာလတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ၁၃၇ မှု ၊ သေဆုံးသူ ၇၇ ဦးနှင့် ဒဏ်ရာရရှိသူ ၂၇၆ ဦးနှင့် နှိုင်းယှဉ်ပါက တိုးလာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ရသည့် အဓိကအကြောင်းရင်းများသည် ယာဉ်ချို့ယွင်းမှု၊ လူ၏ မှားယွင်းမှု၊ လမ်းနှင့် ရာသီဥတုအခြေအနေတို့ကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံ၌ ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားခြင်းမှာ မဆင်မခြင်မောင်းနှင်မှုကြောင့် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းသည် ၅၈၇ ကီလိုမီတာ ရှည်လျားပြီး ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ် ခဲ့ကြောင်းနှင့် နိုင်ငံ၏ စီးပွားရေးမြို့ ရန်ကုန်နှင့် ဒုတိယအကြီးဆုံးမြို့ မန္တလေးတို့အား ချိတ်ဆက်ထားခြင်း ဖြစ်သည်။ (Xinhua)
……………………….
(English Version)
82 killed, 325 injured in Myanmar’s Yangon-Mandalay highway accidents in 10 months
YANGON, Nov. 29 (Xinhua) – A total of 82 people were killed and 325 injured in 174 traffic accidents on Myanmar’s Yangon-Mandalay highway from Jan. 1 to Oct. 31, 2024, according to a report from the Road Transport Administration Department (RTAD) on Friday.
The number of traffic accidents, fatalities and injuries on the highway this year increased compared to the same period last year, which recorded 137 accidents, resulting in 77 deaths and 276 injuries, the report said.
The main causes of accidents in Myanmar are vehicle defects, human errors, and road and weather conditions. The majority of traffic accidents in the country are caused by reckless driving.
The 587-km Yangon-Mandalay expressway, opened in December 2010, connects the country’s commercial city of Yangon and the second-largest city of Mandalay. Enditem