Connect with us

Culture

၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲ ကျင်းပ

၁၃ ကြိမ်မြောက် စဥ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့င်္ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲအား ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ စဉ့်အိုးတန်းလမ်း၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖွင့်ပွဲ အခမ်းအနား နှင့် အတူ စတင် ကျင်းပပြုလုပ်ခဲ့သည်။

တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲတွင် အသင်း စုစုပေါင်း ၁၅ သင်း ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး ဆုများ အနေဖြင့် ပထမဆု ၊ ဒုတိယဆု ၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ပေးအပ် ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲ ဥက္ကဋ္ဌ ဦးကျော်ကျော်က ယခုကဲ့သို့ နှစ်စဉ် ကျင်းပ ရခြင်းသည် နှစ်သစ်ကူးတွင် တရုတ် ရိုးရာ မပပျောက်စေရေး နှင့် အချင်းချင်း စည်းလုံး ညီညွှတ်မှု ၊ ရိုင်းပင်း ကူညီမှုများ ရရှိစေပြီး မိဘပြည်သူများ ပျော်ရွှင် လန်းဆန်းစွာ နှစ်သစ်တွင် အပန်းပြေ ကြည့်ရှုနိုင်ရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း အခမ်းအနား အဖွင့် အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲ ဥက္ကဋ္ဌ ဦးကျော်ကျော်က အဖွင့် အမှာစကး ပြောကြားစဉ်(ဆင်ဟွာ)

ပြိုင်ပွဲဝင် အသင်းများ အနေဖြင့် မြန်မာနိုင်ငံ ခြသေ့ၤ နဂါး အဖွဲ့ချုပ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း အတိုင်း ဝင်ရောက် ယှဉ်ပြိုင်ရန် ၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲ ဥက္ကဋ္ဌ ဦးကျော်ကျော်က အလေးအနက် တိုက်တွန်း ပြောကြားခဲ့သည်။မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ကောင်စစ်ဝန်ဌာန သံမှူး ယူပံကျောင်း(Yu Bianjiang)က တရုတ် ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော်သည် လူမျိုးပေါင်းစုံ ချစ်ကြည် ရင်းနှီးမှု ၊ ပွဲတော်၏ ပျော်ရွှင်မှုအား လူမျိုးမရွှေး အတူတကွ ခံစားလျက် ရှိသည်ကို ပေါ်လွင် ထင်ရှားပါကြောင်း ၊ ထိုနည်းတူ တရုတ်ရိုးရာ နှစ်သစ်ကူး ပွဲတော်သည် လူမျိုးပေါင်းစုံ၏ ချစ်ကြည် ရင်းနှီးမှု ၊ နားလည်မှုကို စုစည်း၍ ရရှိခဲ့ကြောင်း ၊ နွေဦးပွဲတော်၏ အနှစ်သာရသည် အင်မတန် ပေါ်လွင် ပါကြောင်း ၊ ယခု ပြိုင်ပွဲသည် ရန်ကုန်မြို့၏ တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး ပွဲတော်အား ပိုမို ပေါ်လွင်စေခဲ့ကြောင်း ၊ ပြိုင်ပွဲအား အောင်မြင်မှု ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်း၍ မြန်မာ-တရုတ် နှစ်နိုင်ငံ၏ ထုံးတမ်းစဉ်လာ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ပါစေကြောင်း ၊ မြန်မာ-တရုတ် ပြည်သူတို့၏ ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှု အနာဂတ် ပိုမို လှပ ပါစေကြောင်း ဆုတောင်း စကား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ကောင်စစ်ဝန်ဌာန သံမှူး ယူပံကျောင်း(Yu Bianjiang) မှ အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ယခု ပြိုင်ပွဲမှာ နှစ်စဉ် ကျင်းပလာခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ပါဝင် ယှဉ်ပြိုင် လာသည့် အသင်းများမှာ ပိုမို များပြားလာကြောင်း ပြိုင်ပွဲ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ပြိုင်ပွဲအား ဖွင့်ပွဲ အခမ်းအနား နှင့် အတူ ပွဲစဉ် ပထမနေ့ အဖြစ် မိုးနဂါး အသင်း ၊ BAI HU အသင်း ၊ MYANMAR Khuan Loke အသင်း ၊ FU LONG အသင်း စုစုပေါင်း ၄ သင်း ပါဝင် ယှဉ်ပြိုင် သွားခဲ့သည်။

၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနာအားတွေ့ရစဉ် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ပွဲစဉ် ဒုတိယနေ့ ဖေဖော်ဝါရီ ၁၈ ရက်တွင် Ruby Dragon အသင်း ၊ Y.S.L အသင်း ၊ အလင်းရောင် နဂါး အသင်း ၊ Myeik အသင်း ၊ ပုလဲနက် အသင်း ၊ L.D.C.R အသင်း စုစုပေါင်း ၆ သင်း ပါဝင် ယှဉ်ပြိုင် သွားမည် ဖြစ်သည်။ပွဲစဉ် တတိယနေ့ ဖေဖော်ဝါရီ ၁၉ ရက်တွင် Dragon Knight အသင်း ၊ Triangle Lion အသင်း ၊ Hong Teck အသင်း ၊ H.B.S အသင်း ၊ ကောင်းကင် ခြသေ့ၤမင်း အသင်း စုစုပေါင်း ၅ သင်း ပါဝင် ယှဉ်ပြိုင် သွားမည် ဖြစ်သည်။ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲ အခမ်းအနားအား ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး အုပ်စု ပတ်လည် အမှတ် အများဆုံး ရရှိသည့် ၇ သင်းမှာ ဗိုလ်လုပွဲ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲအား မြန်မာနိုင်ငံ ခြသေ့ၤ နဂါး အဖွဲ့ချုပ်မှ ကြီးမှုး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117