Connect with us

North America

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် တောမီးလောင်မှုကြောင့် လူပေါင်း ၁၈၀,၀၀၀ ခန့် ဘေးကင်းရာသို့ ပြောင်းရွှေ့

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း လော့စ်အိန်ဂျလိစ်ခရိုင် ကမ်းရိုးတန်းရပ်ကွက် Pacific Palisades တွင် တောမီးလောင်မှုအတွင်း အိမ်များလောင်ကျွမ်းသွားသည်ကို ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း လော့စ်အိန်ဂျလိစ်ဒေသ နေရာအများအပြားတွင် ဇန်နဝါရီ ၉ ရက်က တောမီးဆက်တိုက်လောင်ကျွမ်းခဲ့ရာ လက်ရှိတွင် အနည်းဆုံး လူ ၅ ဦးသေဆုံး၊ ဒေသခံပြည်သူ ၁၈၀,၀၀၀ ခန့်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ရသလို အဆောက်အအုံ ထောင်နှင့်ချီ ပျက်စီးခဲ့ရသည်။
လက်ရှိတွင် လော့စ်အိန်ဂျလိစ်ဒေသ ၅ နေရာ၌ အန္တရာယ်ရှိသော တောမီးလောင်မှုများ ပျံ့နှံ့လျက်ရှိရာ မီးလောင်ကျွမ်းမှု စုစုပေါင်းဧရိယာမှာ ၁၁၇ စတုရန်းကီလိုမီတာကျော်ရှိကြောင်း၊ ၎င်းအနက် မီးလောင်ကျွမ်းမှု အကြီးဆုံးနေရာ ၂ ခုမှာ လော့စ်အိန်ဂျလိစ်ခရိုင် အနောက်ပိုင်းရှိ ကမ်းရိုးတန်းရပ်ကွက် Pacific Palisades နှင့် လော့စ်အိန်ဂျလိစ်ခရိုင် အရှေ့ပိုင်းရှိ Altadena ဒေသဖြစ်ကြောင်း ကယ်လီဖိုးနီးယား သစ်တောနှင့် မီးသတ်ဌာန၏ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်း နောက်ဆုံးကြေညာချက်အရ သိရသည်။
အဆိုပါနေရာ ၂ ခု၏ မီးလောင်ကျွမ်းမှုဧရိယာသည် လက်ရှိတွင် ၇၀ စတုရန်းကီလိုမီတာကျော်နှင့် ၄၀ စတုရန်းကီလိုမီတာကျော် အသီးသီးရှိရာ မီးလောင်ကျွမ်းမှုအရှိန်အဟုန်သည် ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ Pacific Palisades တွင် ဖြစ်ပွားသော တောမီးပမာဏမှာ လော့စ်အိန်ဂျလိစ်သမိုင်းတွင် “ဖျက်ဆီးနိုင်စွမ်းအရှိဆုံး” သဘာဝကပ်ဘေးများအနက်တစ်ခုဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်ဒေသ မီးသတ်ဦးစီးမှူး Kristin Crowley က ပြောကြားခဲ့သည်။
တောမီး ပျံ့နှံလျက်ရှိသော ဒေသများတွင် ဇန်နဝါရီ ၉ ရက်ထိ လေပြင်းတိုက်ခက်လျက်ရှိရာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၀၀ ကီလိုမီတာနီးပါးရှိကြောင်း မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ သိရသည်။ ခြောက်သွေ့ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း နှင့် လေတိုက်လမ်းကြောင်းပြောင်းလဲခြင်းကြောင့် တစ်စိတ်တစ်ပိုင်း မီးလောင်ကျွမ်းမှုအန္တရာယ်ကို တိုးမြင့်စေရာ မီးလောင်ကျွမ်းမှု ပျံ့နှံသည့်အရှိန်အဟုန်ကို ပိုမိုဆိုးရွားစေခဲ့သည်။
တောမီးလောင်မှုကြောင့် ဖြစ်ပေါ်သော မီးခိုးမီးငွေ့ထူထပ်ခြင်းနှင့် ပြာမှုန့်များက လော့စ်အိန်ဂျလိစ်ဒေသ၏ လေထုညစ်ညမ်းမှုကို ဆိုးရွားစေသည်။ လော့စ်အိန်ဂျလိစ်ဒေသရှိ စာသင်ကျောင်းရပ်ကွက်အများအပြားက ကျောင်းပိတ်ကြောင်း ကြေညာထားပြီး လော့စ်အိန်ဂျလိစ်နှင့် အနီးနားဒေသများတွင် အိမ်ထောင်စုပေါင်း ၃၅၀,၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်နေကြောင်း သိရသည်။ ကယ်လီဖိုးနီးယားသည် မီးငြှိမ်းသတ်ရန်အတွက် အမေရိကန် ပြည်ထောင်စု အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီမှ အတည်ပြုထားသော မီးဘေးအန္တရာယ် စီမံခန့်ခွဲမှု ထောက်ပံ့ငွေများ ရရှိထားပြီးဖြစ်ကြောင်း ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က ဇန်နဝါရီ ၈ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း လော့စ်အိန်ဂျလိစ်ခရိုင် ကမ်းရိုးတန်းရပ်ကွက် Pacific Palisades တွင် တောမီးလောင်မှု ဖြစ်ပွားရာနေရာတွင် ကြိုးပမ်းငြှိမ်းသတ်နေသော မီးသတ်သမားများအား ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
美国加州南部野火已造成约18万人撤离
新华社洛杉矶1月9日电(记者谭晶晶 高山)美国加利福尼亚州南部洛杉矶地区多处野火9日继续肆虐,目前已造成至少5人死亡,约18万居民被撤离,数千座建筑损毁。
根据加州林业和消防局9日上午最新通报,洛杉矶地区目前有5处危险性野火蔓延,总过火面积超过117平方公里。其中最大两处野火分别位于洛杉矶县西部沿海社区帕西菲克帕利塞兹和洛杉矶县东部阿尔塔迪纳地区。
据悉,这两处野火的过火面积目前分别超过70平方公里和40平方公里,火势仍未得到控制。洛杉矶消防局长克丽斯廷·克劳利9日表示,发生在帕西菲克帕利塞兹的野火规模是洛杉矶历史上“最具破坏性”的自然灾害之一。
据气象部门预报,野火蔓延区域9日仍有强风天气,最大风速接近每小时100公里。干燥和强风天气以及风向变化,将增加局部火灾危险,加剧火势蔓延。
野火引起的浓厚烟雾和灰烬导致洛杉矶地区空气污染严重。洛杉矶地区多个学区宣布学校停课,9日洛杉矶及邻近地区有超过35万用户停电。加州州长纽森8日宣布,加州已获得美国联邦紧急事务管理局批准的火灾管理援助金用于灭火。(完)
图说1:1月7日,在美国加利福尼亚州南部洛杉矶县沿海社区帕西菲克帕利塞兹,野火吞噬房屋。新华社发(邱晨摄)
图说2:1月7日,在美国加利福尼亚州南部洛杉矶县沿海社区帕西菲克帕利塞兹,消防员奋战在野火现场。新华社发(邱晨摄)