Connect with us

Asia

ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသား သရုပ်ဆောင်ကို ကယ်တင်ခဲ့ပြီးနောက် လူကုန်ကူးမှုများကို တိုက်ဖျက်သွားမည်ဟု ထိုင်းအကြီးတန်းအရာရှိ ပြောကြား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဆင်ဟွာသတင်းဌာနနှင့် သီးသန့်အင်တာဗျူး ပြုလုပ်နေသည့် ထိုင်းအကြီးတန်း စုံစမ်းစစ်ဆေးရေးအရာရှိချုပ် သက်ချိုင်း ပီတာနီလာဘူအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
ထိုင်းရဲတပ်ဖွဲ့အနေဖြင့် လူကုန်ကူးခံရသူအဖြစ် ဖော်ထုတ်သိရှိရသည့် တရုတ်နိုင်ငံသား သရုပ်ဆောင်ဖြစ်သူ ဝမ်ရှင်းအား အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီးနောက် လူကုန်ကူးသည့် ဂိုဏ်းများအား တိုက်ဖျက်မှုများ အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်းအကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဝမ်ရှင်းမှာ ဇန်နဝါရီ ၁၀ ရက်၌ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ဖွယ်ရှိကြောင်း သိရသည်။
ဇန်နဝါရီ ၉ ရက်၌ ဆင်ဟွာသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတစ်ခုတွင် ထိုင်းနိုင်ငံ၏ အကြီးတန်း စုံစမ်းစစ်ဆေးရေးအရာရှိချုပ်ဖြစ်သူ သက်ချိုင်း ပီတာနီလာဘူက တရုတ်နိုင်ငံသားသရုပ်ဆောင်အား ကယ်တင်ရန် ကြိုးပမ်းခဲ့ပုံများကို အသေးစိတ်ပြောပြခဲ့သည်။
ဝမ်မှာ အလုပ်ကမ်းလှမ်းမှုတစ်ခုကို လက်ခံရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ခရီးထွက်လာခဲ့ကြောင်း၊ ထို့နောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်၌ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာပြီးနောက် အလုပ်အပ်နှံသူက ၎င်းအား မော်‌တော်ယာဥ်တစ်စီးဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုအတွင်း ဖော်ထုတ်သိရှိရသည်။
ဝမ်မှာ ထိုမော်တော်ယာဥ်၏ နံပါတ်ပြားနှင့် လမ်းတစ်လျှောက်ရှိ ထင်ရှားသော အမှတ်အသားများကို ဓာတ်ပုံရိုက်၍ တရုတ်နိုင်ငံရှိ ၎င်း၏ချစ်သူထံ ပေးပို့ခဲ့ကြောင်း၊ မြစ်ကူးပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်းရှိ ကျေးလက်ဒေသတစ်ခုဆီသို့ ခေါ်ဆောင်ခံရကာ အပန်းဖြေအနားယူစရာ အဆောက်အအုံ လုံးဝမရှိသည့် အစိမ်းသက်သက် ပတ်ဝန်းကျင်တစ်ခုဆီသို့ မရောက်ရှိမီအချိန်ထိ ၎င်း လှည့်ဖြားခေါ်ဆောင်ခံရသည်ကို မရိပ်မိခဲ့ကြောင်း သက်ချိုင်းက ဆိုသည်။
ဝမ်သည် ဇန်နဝါရီ ၃ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၁၆ မိနစ်ဝန်းကျင်၌ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး နံနက် ၃ နာရီ ၄၀ မိနစ်၌ သုဝဏ္ဏဘူမိလေဆိပ်မှ မော်တော်ယာဥ်ဖြင့် ထွက်ခွာသွားကာ ချိုင်နက်နှင့် ကမ်ဖာအန်ဖက် ပြည်နယ်တို့ကို ဖြတ်သန်းပြီးနောက် တာ့ခ်ပြည်နယ် မဲဆောက်မြို့တွင် နံနက် ၁၁ နာရီဝန်းကျင်၌ အဆက်အသွယ် ပြတ်တောက်သွားကြောင်း တာ့ခ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးက ဇန်နဝါရီ ၇ ရက်၌ ထုတ်ပြန်ခဲ့သည့် အချိန်ဇယားအရ သိရသည်။
မဲဆောက်မြို့၌ ဝမ်အား အခြားမော်တော်ယာဉ်တစ်စီးဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို ဆက်သွယ်ထားသော တရားဝင် နယ်စပ်ဝင်ပေါက်မှ ဖြတ်သန်းသွားသည့် အထောက်အထား မတွေ့ရှိရကြောင်း လူဝင်မှုကြီးကြပ်ရေးရုံးက အတည်ပြုခဲ့သည်။
ထိုင်းအာဏာပိုင်များထံ အကူအညီတောင်းခံလာပြီးနောက် ဝမ်၏ တည်နေရာကို ခြေရာခံရန် နည်းပညာဆိုင်ရာ နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့ကြောင်း သက်ချိုင်းက ပြောကြားခဲ့သည်။ “သူဟာ ဘယ်နေရာမှာမှ ခရီးတစ်ထောက်မနားဘဲ သုဝဏ္ဏဘူမိလေဆိပ်ကနေ နယ်စပ်ကို တိုက်ရိုက်ထွက်ခွာသွားတာမို့ သူ့ရဲ့လှုပ်ရှားမှုတွေကို ခြေရာခံရတာ ပိုပြီးလွယ်ကူပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူဖြတ်သန်းခဲ့တဲ့ နေရာတွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တာမို့ နောက်ဆုံးမှာ ယာဉ်မောင်းကို ခြေရာခံနိုင်ခဲ့ပြီး ပိုပြီးတိတိကျကျ သတင်းရယူနိုင်ခဲ့တာပါ” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အကူအညီတောင်းခံလာမည်ဆိုလျှင် ရဲတပ်ဖွဲ့အနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း အကူအညီပေးသွားမည်ဖြစ်ကြောင်း အခြားသော ဖြစ်နိုင်ဖွယ်မှုခင်းများနှင့် စပ်လျဉ်း၍ သက်ချိုင်းက အတည်ပြုပြောကြားခဲ့သည်။ “ဒါပေမဲ့လည်း မော်တော်ယာဉ်၊ လူ ဒါမှမဟုတ် လမ်းကြောင်း အပြောင်းအလဲကြောင့် ဖြစ်စဉ်တွေက ပိုပြီးရှုပ်ထွေးလာရင်တော့ ခြေရာခံရာမှာ စိန်ခေါ်မှုတွေ ရှိလာပါလိမ့်မယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။
တရုတ်ခရီးသွားဧည့်သည်များအနေဖြင့် လူလိမ်ဂိုဏ်းများ၏ သားကောင်အဖြစ်သို့ မရောက်ရှိအောင် ရှောင်ကြဉ်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ အလုပ်ကမ်းလှမ်းချက်များ ရရှိလာလျှင်၊ အထူးသဖြင့် ထိုင်းနိုင်ငံကိုဖြတ်၍ တတိယနိုင်ငံ တစ်နိုင်ငံဆီသို့ သွားလာသူများအနေဖြင့် သတိကြီးကြီးထားရန်လည်း ၎င်းအရာရှိက အကြံပြုခဲ့သည်။
ထိုင်းအာဏာပိုင်များအနေဖြင့် တတိယနိုင်ငံများဆီသို့ ခရီးသွားလာရာ၌ မူမမှန်သော အခြေအနေများ၊ လူကုန်ကူးခံရနိုင်သည့် အန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း အပါအဝင် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေးနှင့် တားဆီးကာကွယ်ရေး အစီအမံများကို အလေးထားဆောင်ရွက်သွားမည်ဟုလည်း သက်ချိုင်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုကိစ္စရပ်အား ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖြေရှင်းရေးအတွက် လာမည့်သီတင်းပတ်အတွင်း အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ရန် စီစဉ်ထားကာ ယင်းအစည်းအဝေး၌ ထိုင်းအစိုးရတာဝန်ရှိသူများက လူကုန်ကူးခံရနိုင်သူများကို ကြားဖြတ်ကယ်တင်ရေး၊ လူကုန်ကူးသည့်ဂိုဏ်းများကို ဖြိုခွင်းရေးအတွက် မဟာဗျူဟာများ ဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။
မျိုးရိုးအမည် “ဝမ်” ဟုအမည်ရသော တရုတ်နိုင်ငံသားတစ်ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၇ ရက်၌ ပြောကြားခဲ့ကာ ထိုဖြစ်စဉ်၌ ကြိုးပမ်းအားထုတ်မှုများနှင့် ထိထိရောက်ရောက် စွမ်းဆောင်မှုများအတွက် ထိုင်းအစိုးရနှင့် အခြားသော သက်ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


…………………………
(English Version)
Thailand vows to curb human trafficking after Chinese actor’s rescue, says senior officer
BANGKOK, Jan. 10 (Xinhua)
The Thai Police are intensifying efforts to combat human trafficking networks after a successful rescue of Chinese actor Wang Xing, who was identified as a victim of such operations and is expected to return to China on Friday, said a senior official.
In an exclusive interview with Xinhua on Thursday, Thailand’s Senior Inspector General Thatchai Pitaneelaboot shared details about the Chinese actor’s rescue work.
The investigation revealed that Wang had received a job offer and traveled to Thailand, where he was picked up by a vehicle arranged by his “recruiter” after arriving at Suvarnabhumi Airport in Bangkok on Jan. 3, 2025.
Wang took photos of the vehicle’s license plate and key landmarks on the way, sending them to his girlfriend in China, Thatchai said, adding that Wang didn’t realize that he might have been deceived until he was brought across a river into rural Myanmar and found himself landed in a raw environment where there were no recreational facilities at all.
According to a timeline revealed by the Tak immigration office on Tuesday, Wang entered Thailand at around 3:16 a.m. local time on Jan. 3 and left Suvarnabhumi Airport by car at 3:40 a.m., passing through Chainat and Kamphaeng Phet provinces before losing contact at around 11:00 a.m. in Mae Sot, Tak province.
The immigration office confirmed that Wang was put in another vehicle in Mae Sot and that there was no evidence of his passage through the official point of entry connecting Thailand and Myanmar.
Thatchai mentioned that various technical means were employed to track Wang’s location after authorities were requested for assistance. “It was easier to track his movements since he left Suvarnabhumi Airport directly for the border without any stopovers, which helped us identify where he crossed and ultimately located the driver, leading to more accurate information,” he said.
Regarding other potential cases, Thatchai affirmed that the police would provide assistance under the legal process when requested. “However, more complex cases involving changes of vehicles, personnel or directions would present challenges for tracking,” he explained.
The official advised Chinese visitors to remain vigilant regarding job offers in neighboring countries, especially for those transiting through Thailand to a third country, so as to avoid falling victim to scam syndicates.
Thai authorities will prioritize cross-border cooperation and preventative measures, including educating people about the risks of traveling to third-party countries under false pretenses and the dangers of human trafficking, Thatchai added.
To address the issue comprehensively, an urgent meeting is scheduled for next week, where Thai government officials will discuss strategies to intercept potential victims and disrupt trafficking networks, Thatchai said.
A Chinese citizen surnamed Wang has been successfully rescued, the Chinese Embassy in Thailand said on Tuesday, while expressing gratitude to the Thai government and other relevant parties for their efforts and effective work in this regard.■
English Caption
Photo taken on Jan. 9, 2025 shows Thailand’s Senior Inspector General Thatchai Pitaneelaboot in an exclusive interview with Xinhua in Bangkok, Thailand. (Xinhua/Sun Weitong)