Asia
တရုတ်နိုင်ငံသားအနေဖြင့် “လစာမြင့် အလုပ်ခေါ်ယူခြင်း” ထောင်ချောက်ကို သတိကြီးကြီးထားရန် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံး သတိပေး
ဘန်ကောက်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံသို့ လာရောက်သော တရုတ်နိုင်ငံသားများ လိမ်လည်ခံရခြင်းမှ ရှောင်ရှားရန် “လစာမြင့် အလုပ်ခေါ်ယူခြင်း” ထောင်ချောက်ကို သတိကြီးကြီးထားရန်၊ “လစာမြင့် အလုပ်” “လေယာဉ်လက်မှတ်၊ နေစားစရိတ်ငြိမ်း” စသည့် အတုအယောင် ကတိစကားများကို အလွယ်တကူ မယုံကြည်ရန် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံး ဇန်နဝါရီ ၁၁ ရက်တွင် သတိပေးခဲ့သည်။
တရုတ်-ထိုင်း ဗီဇာကင်းလွတ်ခွင့် သဘောတူညီမှုအရ တစ်ဖက်နိုင်ငံသို့ သွားရောက်၍ အလုပ်လုပ်ခြင်း၊ ပညာသင်ခြင်းစသည့် ကြိုတင်ခွင့်ပြုချက်ယူရသည့် လုပ်ဆောင်မှုများသည် ပြည်တွင်းသို့မဝင်ရောက်မီ သက်ဆိုင်ရာဗီဇာများကို ရယူထားရမည်ဖြစ်ကြောင်း၊ အကယ်၍ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်ခြင်းဖြစ်ပါက ထိုင်းနိုင်ငံတွင် ဗီဇာကင်းလွတ်ခွင့်စည်းကမ်းချက်များနှင့် မကိုက်ညီသော တရားမဝင်အလုပ်များလုပ်ကိုင်ခြင်းစသည့် လုပ်ဆောင်မှုများ မပြုလုပ်ရန်၊ ထိုင်းနိုင်ငံသို့ လာရောက်သော တရုတ်နိုင်ငံသားများ ထိုင်းနိုင်ငံရှိ ကာလအတွင်း ပုဂ္ဂိုလ်ရေးလုံခြုံမှု၊ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ချိုးဖောက်ခြင်းခံရပါက အချိန်မီ ရဲဘက်ဆိုင်ရာထံ တိုင်ကြားရန်၊ ထိုင်းနိုင်ငံရှိ ဆွေမျိုးမိတ်ဆွေများ သို့မဟုတ် တခြားသူများမှလည်း တိုင်ကြားနိုင်ပြီး အကူအညီတောင်းရန် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများထံကိုလည်း ဆက်သွယ်နိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြောကြားခဲ့သည်။
တရုတ်-ထိုင်း နှစ်နိုင်ငံ၏ အတူကြိုးပမ်းမှုဖြင့် တရုတ်နိုင်ငံသား ဝမ်သည် ဒေသစံတော်ချိန် ဇန်နဝါရီ ၁၀ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံမှ ထွက်ခွာ၍ တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယင်းနေ့တွင် ပြောကြားခဲ့သည်။ အွန်လိုင်းလိမ်လည်မှုကြောင့် ဖြစ်ပွားခဲ့သော အဆိုပါအမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံက အထူးအလေးအနက်ထားကာ ကယ်ဆယ်ရေးလှုပ်ရှားမှုများ လျင်မြန်စွာ လုပ်ဆောင်ခဲ့ရာ သက်ဆိုင်သူကို အချိန်မီ ထိရောက်စွာ ကယ်ဆယ်ရရှိနိုင်ခဲ့ခြင်းအပေါ် တရုတ်နိုင်ငံက ကျေဇူးတင်ရှိကြောင်း၊ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေဖြင့် ထိုင်းနိုင်ငံအစိုးရနှင့် သက်ဆိုင်ရာဌာနများနှင့် ဆက်လက်အားစိုက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ လာရောက်သော တရုတ်နိုင်ငံသားများ၏ လုံခြုံရေး၊ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို လက်တွေ့ကျစွာ ထိန်းသိမ်းကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းသံရုံးက ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ဇန်နဝါရီ ၁၀ ရက်တွင် များပြားလှသော တရုတ်နိုင်ငံသားများအား ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုထောင်ချောက်တွင်းသို့ ကျရောက်ခြင်း၊ အသက်အိုးအိမ် ထိခိုက်ခံရခြင်းမှ ရှောင်ကြဉ်ရန်၊ ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုများအပေါ် သတိကြီးကြီးထားရန်၊ လိမ်လည်မှုကို ကာကွယ်၊ သိရှိနိုင်စွမ်း မြှင့်တင်ရန်၊ “နိုင်ငံခြား လစာမြင့် အလုပ်ခေါ်ယူခြင်း” မက်လုံးများကို လွယ်လွယ်မယုံကြည်ကြရန် ထပ်မံသတိပေးခဲ့ပြီး အကယ်၍ မတော်တဆ လိမ်လည်ခံရပါက အမြန်ဆုံး ရဲဘက်ဆိုင်ရာထံ တိုင်ကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့်ကောင်စစ်ဝန်ရုံးများထံ အကူအညီတောင်းရန် ပြောကြားခဲ့ကြောင်း သိရသည်။
မကြာမီရက်များတွင် တရုတ်နိုင်ငံသားတချို့က “နိုင်ငံခြား လစာမြင့် အလုပ်ခေါ်ယူခြင်း” လိမ်လည်မှုနှင့် ကြုံတွေ့နေရပြီး ပြည်ပသို့ ထွက်၍ ဆက်သွယ်ရေးလိမ်လည်မှုလုပ်ငန်း လုပ်ဆောင်ရန် မြန်မာနိုင်ငံ မြဝတတီဒေသသို့ မှောင်ခိုဝင်ရောက်ရန် လှည့်ဖြားဆွဲဆောင်ခံခဲ့ရကြောင်း လူမှုကွန်ရက်မီဒီယာများတွင် အကူအညီတောင်းခဲ့ကြသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
中国驻泰使馆提醒中国公民警惕“高薪招聘”陷阱
新华社曼谷1月11日电(记者林昊)中国驻泰国大使馆11日提醒来泰中国公民警惕“高薪招聘”陷阱,不要轻信“高薪工作”“包机票食宿”等虚假承诺,以免受骗上当。
中国驻泰使馆表示,根据中泰免签协定,入境对方国家从事工作、学习等须事先批准的活动须在入境前办妥相应签证。如系免签入境,请勿在泰从事非法务工等与免签规定不相符的活动。来泰中国同胞在泰期间如人身安全和合法权益受到侵害,请及时报警,也可由在泰亲友或委托他人报警,并联系中国驻泰使领馆寻求协助。
中国驻泰使馆10日表示,在中泰双方的共同努力下,中国公民王某已于当地时间10日晚离泰回国。针对这起由网络诈骗引发的个案,泰方高度重视,迅速展开营救行动,有效保障当事人及时获得解救,中方对此表示感谢。中国驻泰使领馆将与泰政府及有关部门继续通力合作,切实维护来泰中国公民的安全和合法权益。
中国驻缅甸使领馆10日也再次提醒广大中国公民,警惕电信网络诈骗,提高防骗识骗意识能力,切勿轻信所谓“海外高薪招聘”信息,以免落入电信诈骗陷阱、生命财产安全受到侵害。如不慎遭遇诈骗,请尽快报警,并向中国驻缅甸使领馆求助。
中国驻缅甸大使馆表示,近日,多名中国公民求助称在社交网络平台遭遇“海外高薪招聘”骗局,被诱骗出境偷渡至缅甸妙瓦底地区从事电信诈骗。(完)