North America
လော့စ်အိန်ဂျလိစ်တောမီးလောင်ကျွမ်းရာဧရိယာက ဆန်ဖရန်စစ္စကိုမြို့ ဧရိယာထက် ပိုကြီး
လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
လော့စ်အိန်ဂျလိစ်ခရိုင် ပတ်ပတ်လည်ရှိ တောမီးလောင်ကျွမ်းရာနေရာ ၄ ခု၏ စုစုပေါင်း ဧရိယာမှာ စတုရန်းကီလိုမီတာ ၁၆၀ ကျော်ရှိရာ ဆန်ဖရန်စစ္စမြို့ ဧရိယာထက် ပို၍ကြီးမားကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် သဘာဝဘေးကယ်ဆယ်ရေးဌာနက ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သော နောက်ဆုံးအခြေအနေအရ သိရသည်။
တောမီးကြောင့် လူ ၁၆ ဦးသေဆုံး၊ ၁၆ ဦးပျောက်ဆုံးခဲ့ပြီးဖြစ်ကြောင်း နောက်ဆုံးကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားပြီး သက်ဆိုင်ရာကိန်းဂဏန်းများသည် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လာခြင်းအပေါ် တစ်ဆင့်တိုး များလာနိုင်ကြောင်း ခန့်မှန်းထားသည်။ လက်ရှိ လော့စ်အိန်ဂျလိစ်ခရိုင်တွင် နေထိုင်သူ စုစုပေါင်း ၁၅၀,၀၀၀ သည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရခဲ့ပြီး ယင်းအနက် လူပေါင်း ၇၀၀ ကျော်သည် ယာယီ ခိုလှုံရာစခန်းတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီ ၁၂ ရက် တစ်နေ့လုံး မီးငြှိမ်းသတ်မှုအခြေအနေသည် ပိုမိုကောင်းမွန်သော်လည်း မုတ်သုန်ရာသီ “Santa Ana winds” က ဇန်နဝါရီ ၁၃ ရက်တွင် ထပ်မံတိုက်ခတ်မည်ဖြစ်၍ ဇန်နဝါရီ ၁၄ ရက်မှာ အလွန်အန္တရာယ်များသော တစ်နေ့ဖြစ်ကြောင်း မိုလေဝသ ပညာရှင်က ပြောကြားခဲ့သည်။ လက်ရှိတွင် အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုနိုင်ငံမှ ကယ်ဆယ်ရေးသမားပေါင်း ၁၄,၀၀၀ ကျော်က အင်ဂျင်နီယာပစ္စည်းကိရိယာ ၁,၃၅၄ ခုနှင့် လေယာဉ်ပေါင်း ၈၄ စင်း၏ အထောက်အပံ့ဖြင့် မီးငြှိမ်းသတ်ရေး လှုပ်ရှားမှုများကို လျင်မြန်စွာလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
………………………………….
(Chinese Version)
洛杉矶山火过火面积超过旧金山市区
新华社洛杉矶1月12日电(记者黄恒)根据美国加利福尼亚州救灾部门12日上午公布的最新情况,环绕洛杉矶县的四场山火过火面积总计超过160平方公里,比旧金山市区面积还大。
最新数据显示,山火已导致16人死亡、16人失踪,相关数字随着搜救工作展开预计进一步增加。目前,洛杉矶县共有15万居民处于疏散状态,其中超过700人住在临时避难所中。
气象专家说,12日全天灭火条件相对较好,但季风“圣安娜风”13日即将再次来袭,14日将是非常危险的一天。目前,1.4万余名来自美国、加拿大、墨西哥的救援人员正在1354台工程设备和84架飞机支援下,加紧展开灭火行动。(完)
图说1:1月11日,野火的浓烟和火焰出现在美国加利福尼亚州洛杉矶曼德维尔峡谷的山丘顶部。新华社发(邱晨摄)
图说2:1月11日,一架消防飞机在美国加利福尼亚州洛杉矶曼德维尔峡谷的山丘上投放阻燃剂,以防止野火进一步蔓延。新华社发(邱晨摄)