China
ဝမ်ရိနှင့် ဂျပန် အာဏာရပါတီ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံးအကြီးအကဲ ဝမ်ရိက ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် Hiroshi Moriyama၊ ခိုမေတိုပါတီ အထွေထွေအတွင်းရေးမှူးချုပ် Makoto Nishida တို့ ဦးဆောင်သော ဂျပန် အာဏာရပါတီ ကိုယ်စားလှယ်အဖွဲ့နှင့် ဇန်နဝါရီ ၁၄ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဝမ်ရိက လွန်ခဲ့သည့်နှစ် နိုဝင်ဘာလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာတို့သည် တရုတ်-ဂျပန် မဟာဗျူဟာမြောက် အပြန်အလှန်အကျိုးပြု ဆက်ဆံရေးကို ဘက်စုံတွန်းအားပေးရန်၊ ခေတ်သစ် လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသော အပြုသဘောဆောင်သည့် တည်ဆောက်မှုများ လုပ်ဆောင်ရန်၊ တည်ငြိမ်သော တရုတ်-ဂျပန် ဆက်ဆံရေးမှ အရေးကြီးသည့် ဘုံသဘောတူညီချက်များရရှိရန် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ လက်ရှိတွင် တရုတ်-ဂျပန် ဆက်ဆံရေး ကောင်းမွန်တိုးတက်ရေးအတွက် အရေးပါသော အခွင့်အလမ်းများနှင့် ရင်ဆိုင်နေရကြောင်း၊ နှစ်ဖက်အနေဖြင့် အာဏာရပါတီ ဖလှယ်ရေးယန္တရား ပလက်ဖောင်းကို ကောင်းမွန်စွာ အသုံးချပြီး တရုတ်-ဂျပန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အပြုသဘောဆောင်သော ကဏ္ဍမှ ပါဝင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ဂျပန်ဘက်က တရုတ်နိုင်ငံနှင့် အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ကာ အာဏာရပါတီ ဆွေးနွေးမှုကို အားဖြည့်၍ ကဏ္ဍအသီးသီး၏ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုတွင် တိကျသော အောင်မြင်မှုများရရှိရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
王毅会见日本执政党代表团
新华社北京1月14日电 中共中央政治局委员、中央外办主任王毅14日在京会见由日本自民党干事长森山裕、公明党干事长西田实仁率领的日本执政党代表团。
王毅表示,去年11月,习近平主席同石破茂首相会晤,就全面推进中日战略互惠关系、致力于构建契合新时代要求的建设性、稳定的中日关系达成重要共识。当前,中日关系面临改善发展的重要契机。希望双方用好执政党交流机制平台,为中日关系发展发挥积极作用。
日方表示,愿同中方共同落实两国领导人共识,加强执政党对话,推动各领域务实合作取得具体成果。(完)
图说 1:1月14日,中共中央政治局委员、中央外办主任王毅在北京会见由日本自民党干事长森山裕、公明党干事长西田实仁率领的日本执政党代表团。新华社记者 李涛 摄