Asia
တရုတ်နှင့် ဖိလစ်ပိုင်က ၁၀ ကြိမ်မြောက် တောင်တရုတ်ပင်လယ်အရေး နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုယန္တရား (BCM) အစည်းအဝေး ပြုလုပ်
တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ၁၀ ကြိမ်မြောက် တောင်တရုတ်ပင်လယ်အရေး နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုယန္တရား (BCM) အစည်းအဝေးအား တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဖူကျန့်ပြည်နယ် ရှမန်မြို့တွင် ဇန်နဝါရီ ၁၆ ရက်၌ ကျင်းပခဲ့ရာ ပင်လယ်ရေကြောင်း အငြင်းပွားမှုများနှင့် သဘောထားကွဲလွဲမှုများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းရန် နှစ်ဖက် သဘောတူညီခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချန်းရှောင်တုန်းနှင့် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန Undersecretary မာရီယာ ထရီဇာ လာဇာရိုတို့က ယင်းအစည်းအဝေး၌ ပူးတွဲသဘာပတိအဖြစ် ဝာာဝန်ယူခဲ့ကာ တောင်တရုတ်ပင်လယ် အခြေအနေနှင့် စပ်လျဉ်း၍ နှစ်ဖက်အကြား ပွင့်လင်း၍ အပြုသဘောဆောင်သော အမြင်ချင်းဖလှယ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0wR
…………………………………………………………………….
(English Version)
China, Philippines hold 10th BCM meeting on South China Sea
China and the Philippines held the 10th meeting of the bilateral consultation mechanism (BCM) on the South China Sea in Xiamen, east China’s Fujian Province on Thursday, with the two sides agreeing to properly handle maritime disputes and differences.
Chinese Vice Foreign Minister Chen Xiaodong and Philippine Foreign Undersecretary Maria Theresa Lazaro co-chaired the meeting. The two sides had a candid and constructive exchange of views on the situation in the South China Sea. xhtxs.cn/0wR