North America
《ပဲရစ်သဘောတူညီချက်》မှ နောက်ထပ်တစ်ဖန် နုတ်ထွက်မည်ဟု ထရမ့် ကြေညာ
ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေးအတွက် ရည်ရွယ်သည့် 《ပဲရစ်သဘောတူညီချက်》ကို အမေရိကန် နောက်ထပ်တစ်ဖန် နုတ်ထွက်မည် ဖြစ်ကြောင်း ကြေညာသည့် အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ထရမ့်က ဇန်နဝါရီ ၂၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
၂၀၁၅ ခုနှစ်၊ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံတွင် ရရှိခဲ့သည့် 《ပဲရစ် သဘောတူညီချက်》သည် တစ်ကမ္ဘာလုံး ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေး၏ အရေးကြီးသော ရလဒ် ဖြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လတွင် ထိုစဉ်က အမေရိကန် သမ္မတ ထရမ့်က 《ပဲရစ် သဘောတူညီချက်》မှ အမေရိကန် နုတ်ထွက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်တွင် ယင်းသဘောတူညီချက်မှ အမေရိကန်နိုင်ငံ တရားဝင် နုတ်ထွက်ခဲ့သည်။ ယင်းလုပ်ရပ်က အမေရိကန်ပြည်တွင်းနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုကို ခံခဲ့ရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ဘိုင်ဒန် သမ္မတ တာဝန်ထမ်းဆောင်သည့် ပထမနေ့တွင်ပင် အမိန့်တစ်ရပ် လက်မှတ်ရေးထိုးပြီး အမေရိကန်နိုင်ငံအနေဖြင့် 《ပဲရစ် သဘောတူညီချက်》တွင် ပြန်လည်ပါဝင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ယင်းသဘောတူညီချက်၌ အမေရိကန်နိုင်ငံ တရားဝင်ပြန်လည် ပါဝင်ခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
特朗普宣布美国将再次退出《巴黎协定》
新华社华盛顿1月20日电(记者刘亚南 邓仙来)美国总统特朗普20日签署行政令,宣布美国将再次退出旨在应对气候变化的《巴黎协定》。
2015年,联合国气候变化大会达成《巴黎协定》,成为全球应对气候变化的重要成果。2017年6月,时任美国总统特朗普宣布美国将退出《巴黎协定》。2020年11月4日,美国正式退出该协定。此举遭到美国国内和国际社会的广泛批评。
2021年1月20日,拜登就任总统首日签署行政令,宣布美国将重新加入《巴黎协定》。同年2月19日,美国正式重新加入《巴黎协定》。(完)
1. 1月18日,在美国首都华盛顿,一名男子远眺国会大厦。新华社记者 吴晓凌 摄