Connect with us

North America

ထရမ့်၏ စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခြင်းကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ကနေဒါဝန်ကြီးချုပ်ဆို

ကနေဒါနိုင်ငံ အော့တဝါမြို့တွင် မီဒီယာများအား မိန့်ခွန်းစကားပြောကြားနေသော ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ထရူးဒိုးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်သည် ကနေဒါနိုင်ငံအပေါ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံပါက ကနေဒါဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ထရူးဒိုးက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံသည် “အားကောင်း၊ လျင်မြန်၍ သတိကြီးသော” တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံအပေါ် လက်တုံ့ပြန် စည်းကြပ်ခွန်ကောက်ခံခြင်းသည် ထပ်တူထပ်မျှဖြစ်လိမ့်မည်ဟု ထရူးဒိုးက ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ကနေဒါနိုင်ငံ Quebec မြို့၌ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးပြီးနောက် ပြောကြားခဲ့သည်။
ထရမ့်က ဇန်နဝါရီ ၂၀ ရက်တွင် ၎င်း၏ရာထူးလက်ခံခြင်းအခမ်းအနားပြီးနောက် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ကနေဒါမှတင်သွင်းသည့် ကုန်ပစ္စည်းအားလုံးအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံလိမ့်မည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း ကနေဒါနိုင်ငံ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အသီးသီး၊ စီးပွားရေးလောကမှ ခေါင်းဆောင်များ၊ အလုပ်သမားအသင်းအဖွဲ့ ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ကာ အလားအလာရှိမှုများအတွက် တုံ့ပြန်မှုအစီအစဉ်များ ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ကနေဒါနိုင်ငံသည် မည်သည့်အခြေအနေကိုမဆို ရင်ဆိုင်ရန် လုံးဝပြင်ဆင်ထားပြီးဖြစ်ကြောင်း ကနေဒါနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Dominic LeBlanc က ဇန်နဝါရီ ၂၀ ရက် ညပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………….
(Chinese Version)
加拿大总理:将强烈回应特朗普加征关税
新华社渥太华1月21日电(记者林威)加拿大总理特鲁多21日表示,如果美国总统特朗普对加拿大加征关税,加方将予以强烈回应。
特鲁多当天上午在魁北克举行内阁会议后表示,加拿大将作出“有力、迅速和慎重的”回应,对美国的报复性关税将是对等的。
特朗普20日在其就职典礼后暗示他可能从2月1日起对所有从加拿大进口的商品征收25%的关税。
加拿大财政部长勒布朗20日晚说,过去几周,加拿大联邦政府与各省、商界领袖和工会领袖合作,准备了潜在的应对方案。加拿大已完全准备好应对任何一种情况。(完)
图说:1月6日,加拿大总理特鲁多在渥太华向媒体发表讲话(视频截图)。新华社发(米克·格佐夫斯基摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.