Connect with us

NPC

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားရန် မလိုလားကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မတ်လ ၁၁ ရက်က ပြုလုပ်သော ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် ပထမအကြိမ် အစည်းအဝေး၌ ကုန်သွယ်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားရန် မလိုလားသလို စစ်ပွဲအသစ်လည်း စတင်စေမည် မဟုတ်ကြောင်း၊ သို့သော် နိုင်ငံ၏ အမျိုးသားရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် စိန်ခေါ်မှုမျိုးကိုမူ ကာကွယ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး က မတ်လ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

ကုန်သွယ်ရေးစစ်ပွဲဟူသည် အနိုင်ရသူမရှိဘဲ နှစ်နိုင်ငံလုံးနှင့် ကမ္ဘာကြီးအတွက် ဆိုးဝါးသည့်ရလဒ်များသာ ရရှိကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ကျုံးစန်းက ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက်၏ ပထမအကြိမ် အစည်းအဝေးနှင့် ဆက်စပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံမှ သံမဏိတင်သွင်းမှုအပေါ် အခွန် ၂၅ ရာခိုင်နှုန်းနှင့် အလူမီနီယံ တင်သွင်းမှုအပေါ် ၁၀ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံရန် မတ်လ ၈ ရက်က ကြေညာခဲ့ကြောင်း၊ ကနေဒါနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံအား ကနဦးကင်းလွတ်ခွင့်ပြုထားပြီး အခြားနိုင်ငံများအတွက် အလားတူ အခွင့်အရေးရရှိရန် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117