Media
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် လေယာဉ်နှင့် စစ်ရဟတ်ယာဉ် ဝင်တိုက်မိသည့် ဖြစ်စဉ်၌ အသက်ရှင်သူ မရှိနိုင်ဟု ဆို
ဇန်နဝါရီ ၂၉ ရက် ညပိုင်းက အမေရိကန်နိုင်ငံရှိ ရော်နယ်ရေဂင် ဝါရှင်တန် အမျိုးသားလေဆိပ်အနီးတွင် ခရီးသည်တင် လေယာဉ်တစ်စင်းနှင့် စစ်ရဟတ်ယာဉ်တစ်စင်း လေထဲတွင် ဝင်တိုက်မိသည့်ဖြစ်စဉ်၌ အသက်ရှင်သူ မရှိနိုင်ကြောင်း ဝါရှင်တန်ဒီစီ မီးသတ်ဌာန အကြီးအကဲက ပြောကြားခဲ့သည်။
“လက်ရှိမှာ ကယ်ဆယ်ရေး လုပ်ငန်းစဥ်ကနေ ရုပ်အလောင်းတွေ ရှာဖွေတဲ့ လုပ်ငန်းစဥ်ကို ပြောင်းလဲဆောင်ရွက်နေပါတယ်။ အခုအချိန်ထိတော့ အဲဒီမတော်တဆမှုမှာ အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ဘူးလို့ ကျွန်တော်တို့ ယူဆထားပါတယ်” ဟု အဆိုပါလေဆိပ်တွင် ဒေသစံတော်ချိန် ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်း၌ ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ဝါရှင်တန်ဒီစီ မီးသတ်နှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုဌာန အကြီးအကဲ ဂျွန် ဒွန်နယ်လီက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0PT
…………………………………………………………..
(English Version)
No survivors expected in aircraft collision in Washington, D.C.
Washington, D.C. fire chief said there are likely no survivors in the midair collision of a passenger plane and an Army helicopter near the Ronald Reagan Washington National Airport Wednesday night.
“We are now at a point where we are switching from a rescue operation to a recovery operation. At this point, we don’t believe there are any survivors from this accident,” John Donnelly, chief of the District of Columbia Fire and Emergency Medical Services Department, told a press conference at the airport Thursday morning. xhtxs.cn/0PT