China
တရုတ်နိုင်ငံ၏ နှစ်ပတ်လည် ဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်လွန်ခဲ့ပြီး အရေးပါသောအလားအလာ မြှင့်တင်ပေးလျက်ရှိ
ပေကျင်း၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ နှစ်ပတ်လည် ဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်မှုမှာ ယမန်နှစ်က ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်လွန်ခဲ့ပြီး တစ်ဆင့်တိုး တိုးတက်မှုအတွက် အရေးပါသော အလားအလာကို ဖော်ပြလျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ သွင်းကုန်နှင့် ပို့ကုန်ပမာဏမှာ ယွမ် ၇.၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၀၅ ထရီလီယံခန့်) အထိ စံချိန်တင်မြင့်မားခဲ့ရာ ၂၀၂၃ ခုနှစ်ကထက် ၁၄.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) က နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
နှစ်အလိုက်တိုးတက်မှုအနေဖြင့် ပို့ကုန်မှာ ၁၈.၂ ရာခိုင်နှုန်း၊ သွင်းကုန်မှာ ၁၁.၈ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း MOC အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)
…………………………..
(English Version)
China’s annual trade in services exceeds 1 trillion USD, boasting significant potential
BEIJING, Feb. 3 (Xinhua) — China’s annual trade in services exceeded 1 trillion U.S. dollars for the first time last year, demonstrating significant potential for further growth.
China’s services import and export value amounted to a record-high of 7.5 trillion yuan (about 1.05 trillion U.S. dollars) in 2024, expanding 14.4 percent year on year, according to the latest data from the Ministry of Commerce (MOC).
Exports grew 18.2 percent year on year and imports grew 11.8 percent, according to the MOC.
Photo : A French couple Tristan and Anouk Masselin visit Yuyuan Garden area in east China’s Shanghai, Feb. 1, 2025. (Photo by Chen Haoming/Xinhua)