Asia
ထိုင်း-မြန်မာ နယ်စပ် သက်ဆိုင်ရာ ဒေသများအား လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်း စသည့် ဆက်သွယ်ရေးလိမ်ညာမှုတိုက်ဖျက်ရေးများ ဆောင်ရွက်ရန် ထိုင်းနိုင်ငံ စီစဉ်
ဘန်ကောက်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
သက်ဆိုင်ရာဒေသများရှိ ဆက်သွယ်ရေး လိမ်ညာမှု၊ လှုပ်ရှားမှုများအား တိုက်ဖျက်ရန်အတွက် ထိုင်းနိုင်ငံဘက်က ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီမှစ၍ ထိုင်း-မြန်မာ နယ်စပ်နေရာ ၅ ခု ၏ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီပံ့ပိုးမှုနှင့် အင်တာနက်ချိတ်ဆက်မှုများအား ဖြတ်တောက်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Phumtham Wechayachai က ဖေဖော်ဝါရီ ၄ ရက်တွင် ကြေညာခဲ့သည်။
Phumtham Wechayachai သည် ယင်းနေ့ ညနေပိုင်း ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ရေး လိမ်ညာမှုသည် ထိုင်းနိုင်ငံ ပြည်သူလူထုအပေါ် ဆိုးရွားသည့် သက်ရောက်မှု ဖြစ်စေသလို အမျိုးသားလုံခြုံရေး ပြဿနာ ဖြစ်လာပြီဖြစ်ကြောင်း၊ ပံ့ပိုးပေးနေသည့် အထက်ဖော်ပြပါ ၅ နေရာသည် ဆက်သွယ်ရေး လိမ်ညာမှု၊ လှုပ်ရှားမှုများနှင့်သက်ဆိုင်ကြောင်း ထိုင်းအစိုးရက စုံစမ်းတွေ့ရှိရကြောင်း၊ ယင်းနေရာများ၏ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီ ပံ့ပိုးမှုနှင့် အင်တာနက်ချိတ်ဆက်မှုများကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်း ၉ နာရီမှစ၍ ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် မြန်မာနိုင်ငံသက်ဆိုင်ရာဌာနများကို အကြောင်းကြားရန် ဆောင်ရွက်ပြီးဖြစ်ကြောင်း အစည်းအဝေးအပြီး ၎င်းက မီဒီယာများအား ပြောကြားခဲ့သည်။
ယခုအကြိမ် ဆိုသည့် ထောက်ပံ့ပေးနေရသော နေရာ ၅ ခုမှာ ထိုင်း-မြန်မာ နယ်စပ် မြန်မာဘက်အခြမ်းတွင် ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့်ဒေသများတွင် မြန်မာနိုင်ငံ မြဝတီ စသည့် ဒေသများ ပါဝင်ကြောင်း ထိုင်းမီဒီယာများ၏ သတင်းများအရ သိရသည်။ ထိုင်းနိုင်ငံ အစိုးရသည် ၁၉၉၂ ခုနှစ်နှင့် ၁၉၉၄ ခုနှစ်များတွင် မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် နှစ်ကြိမ် ခွင့်ပြုခဲ့ရာ ထိုင်းဒေသန္တရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်သည်။ နှစ်ဖက်ချုပ်ဆိုထားသည့် သဘောတူစာချုပ်ပါအကြောင်းအရာများအရ အကယ်၍ လျှပ်စစ်ဓာတ်အားအသုံးပြုမှုသည် သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့ပါက ထိုင်းနိုင်ငံအနေဖြင့် လျော်ကြေးပေးဆောင်ရန်မလိုဘဲ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခြင်းကို တစ်ဖက်သတ် ရပ်တန့်ပိုင်ခွင့် ရှိကြောင်း သိရသည်။ (Xinhua)
——————————-
泰国拟对泰缅边境相关地区断电等打击电诈
新华社曼谷2月4日电(记者王媛媛 林昊)泰国副总理普坦·威乍耶猜4日宣布,泰方将于当地时间5日上午9时起,切断泰国缅甸边境5个点位的电力、燃油供应及互联网连接,以打击相关地区的电信诈骗活动。
普坦当天下午主持泰国国家安全委员会紧急会议。他会后告诉媒体记者,电信诈骗对泰国民众造成严重影响,已成为国家安全问题,泰国政府调查发现上述5个供应点牵扯到电信诈骗活动,决定于5日上午9时起切断对这些地区的电力、燃油供应及互联网连接,并已着手通知缅甸相关部门。
据泰国媒体报道,这次提及的5个供应点位于泰缅边境地区缅方境内,所涉及供电地区包括缅甸妙瓦底等。泰国政府曾于1992年和1994年两次批准向缅甸供电,由泰国地方电力局负责供应。根据双方签署的合同条款,如果用电方违反规定,泰方有权单方面终止供电,并无需承担赔偿责任。(完)