Connect with us

China

ဟားအယ်ပင်း အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့က ဆုတံဆိပ်အများဆုံး ဆွတ်ခူးရရှိ

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ရာပုလိမြို့၌ ကျင်းပသည့် ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီအားကစားပြိုင်ပွဲ အမျိုးသား တာတို နှင်းလျှောစီးတောင်တက်ပြိုင်ပွဲ (Ski Mountaineering) တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထဆုများ ဆွတ်ခူးရရှိထားသည့် တရုတ်အားကစားသမားများ ပြိုင်ပွဲအပြီး အမှတ်တရဓာတ်ပုံရိုက်နေသည်ကို ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့၌ ကျင်းပလျက်ရှိသည့် ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲသည် ဖေဖော်ဝါရီလ ၁၄ ရက်တွင် အားကစားနည်းအားလုံးပြိုင်ပွဲများ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။ ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်အဖွဲ့အလိုက် ဆုတံဆိပ်ရရှိမှုစာရင်းတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရွှေ ၃၂ ဆု၊ ငွေ ၂၇ ဆု၊ ကြေး၂၆ ဆု စုစုပေါင်း ဆုတံဆိပ် ၈၅ ဆု ဖြင့် ဆုတံဆိပ်အများဆုံး ဆွတ်ခူးရရှိခဲ့သည်။

ဆက်လက်ပြီး တောင်ကိုရီးယားက ရွှေ ၁၆ ဆု၊ ငွေ ၁၅ ဆု၊ ကြေး ၁၄ ဆုဖြင့် စုစုပေါင်း ၄၅ ဆုကိုလည်းကောင်း၊ ဂျပန်က ရွှေ ၁၀ ဆု၊ ငွေ ၁၂ ဆု၊ ကြေး ၁၅ ဆုဖြင့် စုစုပေါင်း ၃၇ ဆုကိုလည်းကောင်း၊ ကာဇက်စတန်က ရွှေ ၄ ဆု၊ ငွေ ၉ ဆု၊ ကြေး ၇ ဆုဖြင့် စုစုပေါင်း ၂၀ ဆုကိုလည်းကောင်း၊ ဖိလစ်ပိုင်က ရွှေ ၁ ဆုကိုလည်းကောင်း၊ ဥဇဘက်ကစ္စတန်က ရွှေ ၁ ဆုကိုလည်းကောင်း၊ မြောက်ကိုရီးယားက ငွေ ၁ ဆုကိုလည်းကောင်း၊ တရုတ် (ထိုင်ပေ) က ကြေး ၁ ဆုကိုလည်းကောင်း၊ ထိုင်းက ကြေး ၁ ဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့၌ ကျင်းပသည့် ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီအားကစားပြိုင်ပွဲ အမျိုးသမီးအဖွဲ့လိုက် မြန်နှုန်းမြင့် စကိတ်စီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသော တရုတ်အသင်း (အထက်)၊ ငွေတံဆိပ်ဆုရရှိသော ဂျပန်အသင်း(အောက်ဝဲ) နှင့် ကြေးတံဆိပ်ဆုရရှိသော တောင်ကိုရီးယားအသင်းတို့ စင်မြင့်ထက်တွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသည်ကို ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့၌ ကျင်းပသည့် ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီအားကစားပြိုင်ပွဲ ပင်မသတင်းမီဒီယာစင်တာအတွင်းရှိ အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ လိုဂိုကို ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117