North America
ယူကရိန်းသမ္မတက အမေရိကန်အား “ဆော့ကစားနေ” သည်ဟု ထရမ့် ပြစ်တင်ပြောဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၁၉ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးအား ပြစ်တင်ခဲ့ပြီး “အကောင်းဆုံးက မြန်မြန်လှုပ်ရှားပါ၊ မဟုတ်ရင် သူ့နိုင်ငံ ရှိတော့မှာမဟုတ်ဘူး” ဟု ဇယ်လန်းစကီးအား သတိပေးခဲ့သည်။
ထရမ့်သည် ယင်းနေ့က ၎င်းတည်ထောင်ထားသော “Truth Social” လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းတွင် “ဇယ်လန်းစကီးက အမေရိကန်ကို ဒေါ်လာ ဘီလီယံ ၃၅၀ သုံးပြီး အနိုင်မရနိုင်သလို အစကတည်းက စတင်ဖို့မလိုအပ်တဲ့ စစ်ပွဲမှာ ပါဝင်လာဖို့ ဖျောင်းဖျပြောဆိုတယ်” ၊ “အမေရိကန်က ဥရောပထက် ဒေါ်လာ ၂၀၀ ဘီလီယံ ပိုသုံးလိုက်ရတယ်၊ ဥရောပရဲ့ငွေတွေက အာမခံချက်ရှိတယ်၊ အမေရိကန်ကတော့ ဘာမှ ပြန်မရဘူး” ၊ “ဒီစစ်ပွဲက ကျွန်တော်တို့အတွက်ထက်စာရင် ဥရောပအတွက် ပိုအရေးကြီးတယ်၊ ကျွန်တော်တို့ကြားမှာ ကျယ်ပြောပြီး လှပတဲ့ သမုဒ္ဒရာကြီး ခြားနေတယ်” ဟု ရေးသားဖော်ပြခဲ့သည်။
ယူကရိန်းသည် အမေရိကန်ဘက်မှ အကူအညီ အမေရိကန်ဒေါ်လာ ဘီလီယံ ရာချီရရှိခဲ့ခြင်းမဟုတ်ဘဲ ၇၅ ဘီလီယံကျော်သာ ရရှိခဲ့သည်ဟူသော ဇယ်လန်းစကီး၏ ထိုမတိုင်မီ ပြောဆိုချက်နှင့်စပ်လျဉ်း၍ ထရမ့်က “ကျွန်တော်တို့ သူ့ကိုပေးလိုက်တဲ့ ငွေတွေထဲမှာ တစ်ဝက်က ‘မတွေ့တော့ဘူး’ လို့ ဇယ်လန်းစကီး ဝန်ခံထားပါတယ်” ၊ “ဇယ်လန်းစကီးက ဆက်ပြီး ‘သိုက်တူးချင်တာ’ ဖြစ်နိုင်တယ်” ဟုလည်း ရေးသားခဲ့သည်။
ထရမ့်၏ ပို့စ်တင်ရေးသားမှုများတွင် ဇယ်လန်းစကီးအား အကြိမ်များစွာ ပြစ်တင်ထားပြီး ဇယ်လန်းစကီးသည် “ရွေးကောက်ပွဲ မကျင်းပတဲ့ အာဏာရှင်” ၊ “ယူကရိန်းပြည်သူ့သဘောထား စစ်တမ်းကောက်ယူရာမှာ ထောက်ခံမှုနှုန်း အလွန်နည်းတယ်” ၊ “အကျွမ်းကျင်ဆုံးကတော့ ‘တယောထိုးသလိုပဲ’ (အမေရိကန်ကို) ဆော့ကစားနေတာ” ဟုလည်းဆိုသည်။
ထရမ့်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖလော်ရီဒါပြည်နယ် မာအာလာဂိုစံအိမ်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် ယူကရိန်းက “(ပဋိပက္ခဆက်တိုက်ဖြစ်ပွားတဲ့) ၃ နှစ်အတွင်းမှာ အဆုံးသတ်လို့ရတယ်၊ (ပဋိပက္ခကို) မစတင်သင့်ဘူး၊ နဂိုက (ငြိမ်းချမ်းရေး) သဘောတူညီချက် ရရှိနိုင်တယ်… ဒါပေမဲ့ သူတို့ (ယူကရိန်း) က ဒီလိုမလုပ်ဖို့ ရွေးချယ်ထားတယ်” ဟု ပြောကြားခဲ့သည်။
အမေရိကန်နှင့် ရုရှား ကိုယ်စားလှယ်အဖွဲ့များသည် ဖေဖော်ဝါရီ ၁၈ ရက် အစောပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်၌ တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ခဲ့ရာ နှစ်ဖက်သံတမန်အဖွဲ့များ ပုံမှန်ဆက်ဆံရေး ပြန်လည်လုပ်ဆောင်ရေးနှင့် ရုရှား-ယူကရိန်း ပဋိပက္ခအား ဆောလျင်စွာ အဆုံးသတ်ရေး စသည်တို့နှင့် စပ်လျဉ်း၍ သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဇယ်လန်းစကီးက တူကီယဲနိုင်ငံ မြို့တော်အန်ကာရာ၌ ဖေဖော်ဝါရီ ၁၉ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်အား ဖျက်သိမ်းလိုက်ကြောင်း ကြေညာ၍ ခရီးစဉ်ကို မတ်လ ၁၀ ရက်အထိ နောက်ဆုတ်ရွှေ့ဆိုင်းလိုက်ပြီး “တွေ့ဆုံဆွေးနွေးမှုက ကျွန်တော်တို့ ကွယ်ရာမှာ မလုပ်ဆောင်သင့်ပါဘူး” ဟု ပြောကြားခဲ့သည်။
ထရမ့်က “ကံမကောင်းစွာနဲ့ (ရုရှားဘက်က ဖန်တီးထားတဲ့) သတင်းအတုအမှားနေရာထဲမှာ ရှင်သန်နေပါတယ်” ဟု ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၁၉ ရက်တွင် ထပ်မံပြောကြားခဲ့ကာ ရုရှားက “ဘေးဖယ်ထားမှုကို ပျက်ပြယ်အောင်” ထရမ့်က ကူညီပေးသည်ဟု ယူဆကြောင်း သိရသည်။ (Xinhua)
…………………………….
(Chinese Version)
特朗普指责乌克兰总统“玩弄”美国
新华社华盛顿2月19日电 美国总统特朗普19日在社交媒体上发文指责乌克兰总统泽连斯基,警告后者“最好快点行动,否则他的国家将不复存在”。
特朗普当天在自创社交媒体平台“真实社交”上写道,“泽连斯基说服美国花费3500亿美元,卷入一场无法获胜、本就没必要开始的战争”“美国比欧洲多花了2000亿美元,欧洲的钱是有保障的,而美国却什么也得不到”“这场战争对欧洲比对我们重要得多——我们之间有一片巨大、美丽的大洋分隔”。
针对泽连斯基此前称乌方仅从美方收到750多亿美元而非数千亿美元援助,特朗普写道,“泽连斯基承认,我们给他的钱有一半‘不见了’”“泽连斯基可能想继续‘捞钱’”。
特朗普在文中多次指责泽连斯基,称其是“一个不举行选举的独裁者”“在乌克兰民意调查中支持率很低”“唯一擅长的就是‘像拉小提琴一样’把(美方)玩弄于股掌之上”。
18日,特朗普在佛罗里达州海湖庄园举行的记者会上称,乌克兰“本应该在(冲突持续的)三年期间结束它,本不应该(让冲突)开始,本可以达成(和平)协议……但他们(乌克兰)选择不这么做”。
18日早些时候,美俄代表团在沙特阿拉伯首都利雅得举行会谈,就恢复双方外交使团正常运作和尽快结束俄乌冲突等达成共识。
泽连斯基随后在土耳其首都安卡拉宣布取消19日访问沙特的计划,将相关行程推迟至3月10日,并表示“谈判不应该在我们背后进行”。
泽连斯基19日又表示,特朗普“不幸地生活在(俄方制造的)虚假信息空间里”,并认为特朗普正帮助俄罗斯“打破孤立”。(完)
图说:2月19日,美国总统特朗普乘直升机返回华盛顿白宫。新华社记者 胡友松 摄