Africa & Middle East
အီရန်အနေဖြင့် “ဖိအားပေးမှု၊ ခြိမ်းခြောက်မှု သို့မဟုတ် ပိတ်ဆို့မှု” အောက်တွင် ဆွေးနွေးမည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တီဟီရန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
အီရန်အနေဖြင့် “ဖိအားပေးမှု၊ ခြိမ်းခြောက်မှု သို့မဟုတ် ပိတ်ဆို့မှု” အောက်တွင် ဆွေးနွေးမည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ယင်းနေ့တွင် Abbas Araghchi သည် အီရန်သို့ ရောက်ရှိလာသော ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း IRNA ၏ သတင်းအရ သိရသည်။
အီရန်အနေဖြင့် အီရန်နျူကလီးယားအစီအစဉ်နှင့်စပ်လျဉ်း၍ ရုရှားနှင့် “အလွန်နီးကပ်သည့် ညှိနှိုင်းဆွေးနွေးမှုများ” လုပ်ဆောင်လျက်ရှိကြောင်း Abbas Araghchi က ဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အီရန်က “ဖိအားပေးမှု၊ ခြိမ်းခြောက်မှု သို့မဟုတ် ပိတ်ဆို့မှု” အောက်တွင် ဆွေးနွေးမည်မဟုတ်ကြောင်း၊ အမေရိကန်က အီရန်အပေါ် “အဆုံးစွန် ဖိအားပေးမှု” မူဝါဒကို ဆက်လက်ကျင့်သုံးမည်ဆိုလျှင် အီရန်နှင့် အမေရိကန်က နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ တိုက်ရိုက်ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Abbas Araghchi က နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင် ပါလက်စတိုင်းသားများအား ဂါဇာကမ်းမြောင်မှ နှင်ထုတ်မှုအပေါ် ဆန့်ကျင်သည့် “တစ်သားတည်း ရပ်တည်ချက်” ကို ထပ်မံ အလေးထားပြောကြားခဲ့ပြီး အမေရိကန် သမ္မတ ထရမ့်၏ သက်ဆိုင်ရာအဆိုပြုချက်မှာ “လက်ခံနိုင်ဖွယ်မရှိ” ကြောင်း ပြောကြားခဲ့သည်။
Sergey Lavrov က နှစ်ဖက်အနေဖြင့် “အသေးစိတ်၊ အကျိုးရှိပြီး အပြုသဘောဆောင်” သည့် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အီရန်နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ သံတမန်ရေးနည်းလမ်းက အကျပ်အတည်း ဖြေရှင်းသည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ရုရှားအနေဖြင့် အစဉ်အမြဲ ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန် နျူကလီးယား လက်နက်ရရှိမှုကို ဟန့်တားရန် ထရမ့်သည် ယခုလ ၄ ရက်တွင် သမ္မတ စာချွန်လွှာ လက်မှတ်ရေးထိုးပြီး အီရန် ရေနံတင်ပို့မှုပမာဏကို “သုည” ဖြစ်သည်အထိ ဖိအားပေးခြင်းအပါအဝင် ၎င်းပထမ သမ္မတ သက်တမ်းကာလအတွင်း အီရန်အပေါ် “အဆုံးစွန် ဖိအားပေး” သည့် အစီအမံများစွာကို ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့သည်။
အီရန်သမ္မတ Masoud Pezeshkian က အမေရိကန်၏ “အဆုံးစွန် ဖိအားပေးမှု” က ဆွေးနွေးသည့် အခြေခံကို ဖျက်ဆီးခြင်း ဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန်သည် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီတို့နှင့် အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီချက်ရရှိခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုကို ရုပ်သိမ်းရန် အပြန်အလှန်အားဖြင့် အီရန်က နျူကလီးယားအစီအစဉ်ကို ကန့်သတ်မည်ဟု ကတိပြုခဲ့သည်။ ၂၀၁၈ ခုနှစ် မေလတွင် အမေရိကန် အစိုးရက အီရန်နျူကလီးယား သဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ တသီတတန်း ထပ်မံတိုးမြှင့်ကာ ပြန်လည်စတင်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလမှစတင်၍ အီရန်သည် အီရန်နျူကလီးယား သဘောတူညီချက်မှ အချို့သော လိုက်နာရမည့်အချက်များကို ဖြည်းဖြည်းချင်းရပ်တန့်ခဲ့သော်လည်း အစီအမံအားလုံးသည် “ပြန်လည်အပြောင်းအလဲဖြစ်နိုင်ကြောင်း” ကတိပြုခဲ့သည်။ (Xinhua)

အီရန်နိုင်ငံ တီဟီရန်မြို့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi (ယာ) နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov (ဝဲ) အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)
………………………
(Chinese Version)
伊朗外长:伊朗不会在“压力、威胁或制裁”下进行谈判
新华社德黑兰2月25日电(记者陈霄 沙达提)伊朗外交部长阿拉格齐25日表示,伊朗不会在“压力、威胁或制裁”下进行谈判。
据伊朗伊斯兰共和国通讯社报道,阿拉格齐当天与到访的俄罗斯外长拉夫罗夫举行会谈。阿拉格齐在会谈后举行的联合新闻发布会上说,伊朗正在就伊朗核计划与俄罗斯进行“非常密切的磋商”。伊朗不会在“压力、威胁或制裁”下进行谈判。只要美国继续对伊朗实施“极限施压”政策,伊朗与美国就不可能就核问题进行直接谈判。
阿拉格齐还说,双方在会谈中重申反对将巴勒斯坦人驱离加沙地带的“统一立场”。美国总统特朗普的相关提议是“不可接受的”。
拉夫罗夫表示,双方进行了“详细、有益和有建设性”的会谈。关于伊朗核问题,俄罗斯始终认为外交是解决危机的最佳选择。
特朗普本月4日签署总统备忘录,决定重启在其首个总统任期内对伊朗实施的“极限施压”系列举措,包括寻求将后者石油出口规模打压至“零”的措施,以此阻止伊朗获得核武器。伊朗总统佩泽希齐扬批评美国“极限施压”破坏了谈判基础。
2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊朗核问题全面协议,伊朗承诺限制其核计划,以换取国际社会解除对伊制裁。2018年5月,美国单方面退出协议,随后重启并新增一系列对伊制裁。2019年5月以来,伊朗逐步中止履行协议部分条款,但承诺所采取措施“可逆”。(完)
图说1:2月25日,在伊朗德黑兰,伊朗外交部长阿拉格齐出席联合新闻发布会。新华社记者 沙达提 摄
图说2:2月25日,在伊朗德黑兰,伊朗外交部长阿拉格齐(右)与俄罗斯外长拉夫罗夫出席联合新闻发布会。华社记者 沙达提 摄