Connect with us

North America

အမေရိကန်ဒေါ်လာ ၅ သန်း တန်ဖိုးသတ်မှတ်ထားသည့် လူဝင်မှုကြီးကြပ်ရေး “ရွှေရောင်ကတ်” ကို ထရမ့် မိတ်ဆက်

အမေရိကန်သမ္မတ ထရမ့် (အလယ်) က အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick (ယာ) နှင့်အတူ အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ သတင်းထောက်များအား စကားပြောကြားနေသည်ကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဆင်ဟွာ/အေပီ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ၎င်းနိုင်ငံရှိစီမံကိန်းတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားသားများက နေထိုင်ခွင့်ရရှိကာ နောက်ဆုံး နိုင်ငံသားဖြစ်ခွင့်ရမည့် လမ်းကြောင်းအသစ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်တွင် အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ “ရွှေရောင်ကတ်” အစီအစဉ်ကို နောက်ထပ် နှစ်ပတ်ခန့်အကြာတွင် စတင်လုပ်ဆောင်သွားမည် ဟု ထရမ့်က ပြောကြားခဲ့ပြီး အစိုးရက ယင်းနှင့်စပ်လျဉ်း၍ အမေရိကန်လွှတ်တော်၏ ခွင့်ပြုချက် ရယူရန် လိုအပ်သည်ဟု မယူဆကြောင်းလည်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရွှေရောင်ကတ်ကို စတင်ရောင်းချပါမယ်” ၊ “ကျွန်တော်တို့ ဒီကတ်ရဲ့ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၅ သန်း ဝန်းကျင်သတ်မှတ်ထားပါတယ်။ သူက ဂရင်းကတ် (အစိမ်းရောင်ကတ်) ရဲ့ ခံစားခွင့်ရနိုင်ပါတယ်…သူတို့ (လျှောက်ထားသူ နိုင်ငံခြားသား) တွေက ငွေတွေအများကြီးသုံးမှာ၊ အခွန်တွေ အများကြီးဆောင်မှာ၊ လူတွေအများကြီးကို အလုပ်ခန့်မှာပါ” ဟု ထရမ့်က ထိုနေ့တွင် အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick နှင့်အတူ အုပ်ချုပ်ရေးအမိန့်အား လက်မှတ်ရေးထိုးစဉ် ပြောကြားခဲ့သည်။

ရွှေရောင်ကတ်အစီအစဉ်တွင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှုနှင့်စပ်လျဉ်း၍ တောင်းဆိုချက်ကိုမူ ထရမ့်က ပြောကြားခြင်းမရှိပေ။ ဖက်ဒရယ်အစိုးရက “ရွှေရောင်ကတ်” ၁၀ သန်း ရောင်းချ၍ လိုငွေပြမှုအား လျှော့ချနိုင်သည်ဟု ၎င်းက ယူဆနေသည်။ “(ဒီအစီအစဉ်က) အလွန်ကောင်းနိုင်ပါတယ်၊ အလွန်ပြောင်မြောက်တာလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Howard Lutnick က အဆိုပါရွှေရောင်ကတ်သည် အမှန်စင်စစ်တွင် အစိမ်းရောင်ကတ်တစ်မျိုး သို့မဟုတ် ရာသက်ပန် တရားဝင်နေထိုင်ခွင့်ဖြစ်ကြောင်း၊ ၎င်းသည် ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်ခွင့်ပြုမည့် ကန့်သတ်ချက်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ အခြားအစိမ်းရောင်ကတ်များနည်းတူ ရွှေရောင်ကတ်တွင် နိုင်ငံသားဖြစ်ခွင့်ရမည့် လမ်းကြောင်းတစ်ခုလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းက ရွှေရောင်ကတ် အစီအစဉ်သည် EB-5 ဗီဇာအစီအစဉ်တွင် ပါဝင်နိုင်သည့် လိမ်လည်မှုများကို ဖယ်ရှားနိုင်လိမ့်မည်ဟုလည်း ထောက်ပြခဲ့သည်။

EB-5 ဗီဇာသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို မျက်နှာမူသည့် လုပ်ငန်းဝင်ရောက်လုပ်ကိုင်မှုဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဗီဇာဖြစ်ကာ အမေရိကန်နိုင်ငံလွှတ်တော်က ၁၉၉၀ ပြည့်နှစ်တွင် သတ်မှတ်ထားကြောင်း၊ ယင်းသည် နိုင်ငံခြားအရင်းအနှီးများအား ဆွဲဆောင်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးခြင်းတို့မှတစ်ဆင့် အမေရိကန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ရန် ရည်ရွယ်ကြောင်း အမေရိကန်နိုင်ငံသားဖြစ်ခွင့်နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာန (USCIS) ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါ ဗီဇာအစီအစဉ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ (နှင့် ၎င်းတို့၏အိမ်ထောင်ဖက်နှင့် အသက် ၂၁ နှစ်အောက် လူပျိုလူလွတ် သားသမီးများ) က အမေရိကန်လုပ်ငန်းကုမ္ပဏီများတွင် လိုအပ်သော ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ခြင်းဖြင့် ရာသက်ပန် တရားဝင်နေထိုင်ခွင့် (အစိမ်းရောင်ကတ် ကိုင်ဆောင်သူ ဖြစ်လာရန်) ရရှိရန် လျှောက်ထားခွင့်ပြုထားသည်။ EB-5 ဗီဇာတွင် ငွေအရင်းအနှီးသည် တရားဝင်လမ်းကြောင်းမှ ရရှိခြင်း ဟုတ်မဟုတ် စသည်တို့အပါအဝင် လိမ်လည်နိုင်မှု အန္တရာယ်ရှိနိုင်ကြောင်း အမေရိကန်လွှတ်တော် သုတေသနဝန်ဆောင်မှုဌာန (CRS) ၏ ၂၀၂၁ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။ (Xinhua)

……………………….
(Chinese Version)
特朗普推出定价500万美元的移民“金卡”
美国总统特朗普25日在白宫椭圆形办公室表示,他将面向对该国项目至少投资500万美元的外国人开辟获得居住权并最终入籍的新路径。特朗普说,这个所谓的“金卡”项目将在约两周后启动。他还称,并不认为行政当局需要就此获得美国国会批准。
“我们将开卖金卡。” 特朗普当天在商务部长霍华德·卢特尼克陪同下签署行政命令时说,“我们将给这张卡定价在500万美元左右,它能有绿卡的待遇……他们(外国申请人)会花很多钱,交很多税,雇佣很多人。”
特朗普没有提到金卡项目对创造就业的要求。他认为联邦政府可以出售1000万张“金卡”来减少赤字。他说:“(该项目)可能会很棒,也许会是极其出色的。”
卢特尼克表示,该金卡实际上是一种绿卡或永久合法居留权,它将提高投资者的准入门槛,与其他绿卡一样,它将包括一条通往公民身份的途径。与此同时,他指出,金卡项目还将消除EB-5签证项目中可能存在的欺诈行为。
美国公民和移民服务局网站显示,EB-5签证是一种面向外国投资者的就业移民签证,由美国国会于1990年制定,旨在通过吸引外国资本和创造就业机会刺激美国经济发展。该签证项目允许外国投资者(及其配偶和21岁以下未婚子女)通过对美国商业企业进行必要投资来申请获得永久合法居留权(成为绿卡持有人)。美国国会研究服务局在2021年的报告称,EB-5签证存在欺诈风险,包括资金是否通过合法途径获得等。(记者:付一鸣、董亚雷)
图说:2月25日,在华盛顿白宫椭圆形办公室,美国总统特朗普(中)在商务部长霍华德·卢特尼克(右)陪同下向记者发表讲话。(新华社/美联)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.