North America
ထရမ့်ကို အားပေးထောက်ခံခြင်းမရှိ၊ အမေရိကန် ဒီမိုကရက်တစ်ပါတီကို “အမုန်းတရားနှင့် ရူးသွပ်သောပါတီ” ဟု အိမ်ဖြူတော် ခေါ်ဆို

ဝါရှင်တန်၊ မတ် ၆ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ၊ ရီပက်ဘလစ်ကန်ပါတီဝင် ဒေါ်နယ် ထရမ့်သည် မတ် ၄ ရက် ညပိုင်းတွင် အမေရိကန်လွှတ်တော်၌ မိန့်ခွန်းပြောကြားစဉ် ရီပက်ဘလစ်ကန် လွှတ်တော်အမတ်များက မတ်တတ်ရပ်ကာ အားပေးကြွေးကြော်ခဲ့ကြပြီး ဒီမိုကရက်တစ် လွှတ်တော်အမတ်များကမူ တစ်လျှောက်လုံး ငြိမ်သက်နေခဲ့ကြသည်။ ယင်းနှင့် ပတ်သက်၍ အမေရိကန် အိမ်ဖြူတော်က မတ် ၅ ရက်တွင် ဒီမိုကရက်တစ် လွှတ်တော်အမတ်များကို “အလွန်ရှက်စဖွယ်ကောင်း” သည်ဟုဆိုကာ ဒီမိုကရက်တစ်ပါတီသည် “အမုန်းတရားဖြင့် ရူးသွပ်သောပါတီ” ဟု ပြစ်တင်ဝေဖန်ခဲ့သည်။
အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲတွင် အိမ်ဖြူတော် သတင်းဌာန ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က အထက်ပါအတိုင်း ပြောကြားခဲ့သည်။
မတ် ၄ ရက်တွင် ထရမ့်သည် အမျိုးသား အောက်လွှတ်တော်နှင့် အထက်လွှတ်တော် အမတ်များအပေါ် နှစ်နာရီ နီးပါး မိန့်ခွန်းပြောကြားခဲ့ရာ ရီပက်ဘလစ်ကန်ပါတီဝင် အမတ်များသည် မကြာခဏ မတ်တတ်ရပ် လက်ခုပ်တီးခဲ့ကြပြီး ဒီမိုကရက်တစ် လွှတ်တော်အမတ်များကမူ အခြေခံအားဖြင့် မည့်သည်အမူအယာမျှမရှိခဲ့ကြပေ။ တက္ကဆက်ပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် Al Green သည် အခမ်းအနား စတင်ပြီးမကြာမီတွင် ထရမ့်၏ မိန့်ခွန်းပြောနေသည်ကို အသံကျယ်ဖြင့် ကြားဖြတ်ခဲ့သောကြောင့် အခန်းအပြင်သို့ ခေါ်ထုတ်ခံခဲ့ရသည်။ မိန့်ခွန်းပြောနေစဉ်အတွင်း အချို့သော ဒီမိုကရက်တစ် လွှတ်တော်အမတ်များက “လိမ်ပြောသည်” စသည့် လက်ကိုင်စာတန်းများကို အကြိမ်ကြိမ် ဝှေ့ယမ်းခြင်းဖြင့် ဆန္ဒပြခဲ့ကြသည်။ (Xinhua)
…………………………
(Chinese Version)
不给特朗普捧场 美民主党被白宫称为“仇恨疯狂之党”
新华社华盛顿3月5日电 美国总统、共和党人特朗普4日晚在国会发表讲话时,共和党议员起立欢呼,民主党议员全程静默。美国白宫5日对此称,民主党议员“太可耻”,并指责民主党是“仇恨疯狂之党”。
在当天的新闻发布会上,白宫新闻发言人卡罗琳·莱维特作出了上述表示。
特朗普4日对国会参众两院议员发表近两小时讲话,共和党议员频繁起立鼓掌,而民主党议员基本面无表情。得克萨斯州民主党众议员艾尔·格林在开场不久后因大声打断特朗普讲话被请出场外。讲话过程中,一些民主党议员频频挥舞“撒谎”等标语牌以示抗议。(完)
图说:2月13日,美国总统特朗普在华盛顿白宫出席记者会。新华社记者胡友松摄