Connect with us

North America

ယခုသီတင်းပတ်အတွင်း အမေရိကန်-ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးရန် မျှော်လင့်ဟု အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန်ဆို

ဝါရှင်တန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ယခုသီတင်းပတ်အတွင်း အမေရိကန်နှင့် ယူကရိန်းတို့၏ ဆွေးနွေးမှုသည် လက်တွေ့ကျသော တိုးတက်မှုများ ရရှိမည်ဟု ခန့်မှန်းရပြီး အမေရိကန်-ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် Steven Witkoff က မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။အမေရိကန်နှင့် ယူကရိန်း နှစ်နိုင်ငံမှ ကိုယ်စားလှယ်များသည် ယခုသီတင်းပတ်အတွင်း ဆော်ဒီအာရေဗျ၌ ဆွေးနွေးမှု လုပ်ဆောင်သွားမည်ဖြစ်သည်။ အမေရိကန် Fox News ၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ Steven Witkoff က “ကျွန်တော်တို့က လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ရရှိလိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက်တွေ သယ်ဆောင်သွားမယ်လို့ ကျွန်တော်ယူဆပါတယ်” ဟု ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယခုအပတ်အတွင်း အမေရိကန်နိုင်ငံသို့ ပြန်လည်ရောက်ရှိ၍ သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်မည်လောဟု မေးမြန်းရာတွင် Steven Witkoff က “ကျွန်တော်ကတော့ မျှော်လင့်ချက် အလွန်ရှိတယ်လို့ထင်တယ်။ အရာအားလုံးက အလွန်တက်ကြွတဲ့ သဘောဆောင်ပါတယ်” ဟု ဖြေကြားခဲ့သည်။

အမေရိကန်-ယူကရိန်း ဆွေးနွေးမည့် အဓိကအကြောင်းအရာများတွင် ယူကရိန်း၏ လုံခြုံရေး သဘောတူညီချက်၊ ပိုင်နက်မြေအရေးကိစ္စနှင့် သတင်းအချက်အလက် အတူမျှဝေခြင်း စသည်တို့ ပါဝင်ကြောင်းလည်း Steven Witkoff က ပြောကြားခဲ့သည်။ (Xinhua)

——————————-
美国中东问题特使:希望本周签署美乌矿产协议
新华社华盛顿3月10日电 据美国媒体报道,美国中东问题特使史蒂文·威特科夫10日表示,预计本周美国与乌克兰的谈判将取得实质性进展,希望能签署美乌矿产协议。
美乌两国代表定于本周在沙特阿拉伯举行谈判。威特科夫在接受美国福克斯新闻网采访时说:“我认为我们会带着预期过去,即我们将取得实质性进展。”
当被问及乌克兰总统泽连斯基本周会否重返美国签署矿产协议,威特科夫答道:“我感觉很有希望。所有迹象都非常积极。”
威特科夫说,美乌谈判的重要议题还将包括同乌克兰的安全协议、领土问题和情报共享等。(完)
图说:2月28日,美国总统特朗普在华盛顿白宫迎接乌克兰总统泽连斯基(右)。新华社记者 胡友松 摄