Asia
သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးထိန်းသိမ်းခံရမှုကို ဖိလစ်ပိုင်အစိုးရ အတည်ပြု

မနီလာ၊ မတ် ၁၁ ရက် (ဆင်ဟွာ)
သမ္မတဟောင်း ဒူတာတေးသည် မတ် ၁၁ ရက်တွင် ပြည်ပမှ မနီလာမြို့သို့ ပြန်ရောက်စဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း ဖိလစ်ပိုင်နိုင်ငံ သမ္မတအိမ်တော် သတင်းနှင့် ပြန်ကြားရေးရုံးက မတ် ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒူတာတေးသည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က လေယာဉ်ဖြင့် မနီလာမြို့သို့ ရောက်ရှိပြီးနောက် သက်ဆိုင်ရာက ဒူတာတေးအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ဖမ်းဝရမ်းကို ထုတ်ပြခဲ့ကြောင်း၊ ဒူတာတေးသည် အစိုးရဘက်က ဆေးစစ်မှုကို ခံယူခဲ့ပြီး ၎င်း၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း၊ “လက်ရှိ အာဏာပိုင်များ၏ ဖမ်ဆီးထိန်းသိမ်းမှုကို ခံနေရ” ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
မနီလာအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) ရုံးသည် ယင်းနေ့ နံနက် အစောပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ ဖမ်းဝရမ်းကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဒူတာတေးက ဖမ်းဆီးထိန်းသိမ်းခံရမှုအပေါ် သံသယမေးခွန်းထုတ်ခဲ့သည်။ “ကျုပ်မှာ ဘာအပြစ်ရှိသလဲ… ဒီကို ခေါ်လာခံရတာက ကျုပ်ဆန္ဒမပါဘူး၊ သူများဆန္ဒပဲ” ဟု ဒူတာတေးက ၎င်းမိသားစုဝင်များ၏ မတ် ၁၁ ရက်တွင် ထုတ်ပြန်သည့် ဗီဒီယို၌ မေးခွန်းထုတ်ခဲ့သည်။
သက်ဆိုင်ရာ ဖမ်းဝရမ်းမှာ “ရပ်တည်လို့မရတဲ့ အရင်းအမြစ်”မှ လာခြင်း ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) အနေဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် တရားစီရင်ခွင့် မရှိကြောင်း ဒူတာတေး သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် ၎င်း၏ ဥပဒေအကြံပေးနှင့် ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Salvador Panelo က ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သည် ၂၀၁၉ ခုနှစ်က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) မှ တရားဝင်နုတ်ထွက်ခဲ့သည်။
ဖိလစ်ပိုင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဒူတာတေးသည် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးစစ်ပွဲ စတင်ခဲ့ရာ ဖိလစ်ပိုင် ပြည်တွင်းပြည်ပ၏ အထူးအာရုံစိုက်ခြင်း ခံခဲ့ရသည်။ (Xinhua)
——————-
(Chinese Version)
菲律宾官方证实前总统杜特尔特被拘留
新华社马尼拉3月11日电(记者张怡晟 聂晓阳)菲律宾总统府新闻办公室11日发表声明说,前总统杜特尔特当天从境外返回抵达马尼拉后被警方拘留。
声明说,杜特尔特于当地时间9时20分许乘坐航班抵达马尼拉后,有关方面向杜特尔特出示了国际刑事法院的逮捕令。杜特尔特接受了政府方面的医疗检查,他身体状况良好,“目前已被当局拘留”。
声明说,国际刑警组织驻马尼拉办事处是当天上午早些时候收到国际刑事法院逮捕令的。
杜特尔特对被拘留提出质疑。杜特尔特在由家属11日发布的一段视频中质问:“我犯了什么罪?……我被带到这里不是出于自愿,而是别人的意愿。”
曾在杜特尔特担任总统期间担任其法律助理和发言人的萨尔瓦多·帕内洛在一份声明中说,有关逮捕令来自于“站不住脚的源头”,国际刑事法院在菲律宾没有司法管辖权。 菲律宾于2019年正式退出国际刑事法院。
杜特尔特担任菲律宾总统期间发起反毒战争,在菲律宾国内外引发高度关注。(完)
1. 2016年10月25日,菲律宾总统杜特尔特前往日本访问前在马尼拉国际机场召开新闻发布会。(新华社/路透)