North America
ထရမ့်က မတ် ၁၈ ရက်တွင် ပူတင်အား ဖုန်းဖြင့်ဆက်သွယ်ပြောကြားမည်ဟု ဆို

ဝါရှင်တန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် မတ် ၁၈ ရက်တွင် ယူကရိန်းအကျပ်အတည်းနှင့် စပ်လျဉ်း၍ ရုရှား သမ္မတ ပူတင်အား ဖုန်းဖြင့်ဆက်သွယ်ပြောကြားသွားမည်ဟု ပြောဆိုခဲ့ကြောင်း အမေရိကန် မီဒီယာများက မတ် ၁၇ ရက်တွင် သတင်းဖော်ပြကြသည်။
ထရမ့်က သမ္မတအထူးလေယာဉ် “Air Force One” ဖြင့် ဖလော်ရီဒါမှ မြို့တော် ဝါရှင်တန်သို့ ပြန်လာချိန်၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်အနေဖြင့် မြေယာ စသည့်အရေးကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယခုစနေ၊ တနင်္ဂနွေတွင် ယင်းအတွက် ရုရှား-ယူကရိန်း “ခွဲဝေရန် အထူးသတ်မှတ်ထားသော ပိုင်ဆိုင်မှု” များအား ဆွေးနွေးခြင်းအပါအဝင် “အလုပ်များစွာ လုပ်ဆောင်” ခဲ့ပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ ၎င်းအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခအား အဆုံးသတ်ရန် “အလွန်ကြီးမားသော အခွင့်အလမ်းရှိတယ်” ဟု ယူဆထားကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
特朗普称将于18日同普京通话
新华社华盛顿3月17日电 据美国媒体17日报道,美国总统特朗普表示,他将于18日同俄罗斯总统普京就乌克兰危机通话。
特朗普是在乘坐总统专机“空军一号”从佛罗里达返回首都华盛顿时做上述表示的。他说,双方将讨论土地等问题,周末已经为此“做了很多工作”,包括讨论俄乌“分割特定资产”。他认为“有很大机会”结束俄乌冲突。(完)
图说:这是2019年6月28日在日本大阪拍摄的参加G20峰会的美国总统特朗普(右)和俄罗斯总统普京。新华社/美联