Connect with us

North America

အမေရိကန် ကုန်သွယ်ရေးမူဝါဒက အမေရိကန်စီးပွားရေးကို ယိုယွင်းမှုသို့ ကျဆင်းစေနိုင်ကြောင်း နိုဘယ်ဆုရှင် ပြောကြား

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော် မြက်ခင်းပြင်၌ ရပ်နားထားသော ရဟတ်ယာဉ်သို့ သွားနေသည့် အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန် အစိုးရ၏ စီးပွားရေး မူဝါဒမှာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစနစ်ကို ထိခိုက်စေရုံသာမက အမေရိကန်နိုင်ငံကိုယ်တိုင်ကိုလည်း ယိုယွင်းမှုသို့ ကျဆင်းစေနိုင်ကြောင်း စီးပွားရေးသိပ္ပံ နိုဘယ်ဆုရှင်၊ နာမည်ကျော် စီးပွားရေးပညာရှင် Joseph Stiglitz က မကြာမီရက်ပိုင်းအတွင်း ဂျာမနီ Handelsblatt ၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

အမေရိကန် စတင်သည့် ကုန်သွယ်ရေးစစ်ပွဲက ဆိုးရွားသည့် စီးပွားရေးချွတ်ခြုံကျမှု (stagflation) ကို သယ်ဆောင်လာပေးမည် ဖြစ်ရာ ဈေးကွက်ဂယက်ရိုက်မှုကို ပို၍ဆိုးရွားစေပြီး ကမ္ဘာ့စီးပွားရေးအတွက် ကြီးမားသော အန္တရာယ် ဖြစ်စေကြောင်း ၎င်းက ခန့်မှန်းထားသည်။

Joseph Stiglitz က အမေရိကန် စီးပွားရေး လျော့ရဲလာမှုမှာ အမေရိကန် အစိုးရ၏ အခွန်လျှော့ချမှု၊ ကုန်သွယ်ရေး ကာကွယ်မှုမူဝါဒနှင့် တိုက်ရိုက်ဆက်စပ်သည်ဟု ယူဆသည်။ ဤမူဝါဒအချို့မှာ ရေရှည်ရင်းနှီးမြှုပ်နှံမှုကို မမြှင့်တင်နိုင်ဘဲ ဈေးကွက်မရေရာမှုများကို မြင့်တက်စေကာ အရင်းအနှီးဈေးကွက်ကို အပြင်းအထန် ရိုက်ခတ်မှု ဖြစ်စေကြောင်း ၎င်းက ထောက်ပြခဲ့သည်။

အမေရိကန်အစိုးရ၏ အခွန်လျှော့ချရေးမူဝါဒက ထရမ့်၏ ပထမ သမ္မတသက်တမ်းကာလတွင် ကုန်သွယ်ရေးလိုငွေ ကွာဟချက်အား ဆက်တိုက် ကြီးမားလာစေသည်ကို ကိန်းဂဏန်းများတွင် ဖော်ပြထားကြောင်း ၎င်းက ထပ်မံထောက်ပြ ပြောကြားခဲ့သည်။
“ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာရင် အမေရိကန်ကုမ္ပဏီလုပ်ငန်းတွေရဲ့ ယုံကြည်ချက်ကို အကြီးအကျယ် ထိခိုက်စေမယ်၊ နောက်ဆုံး တိုးတက်မှု တုံ့ဆိုင်းမှုနဲ့ ငွေကြေးဖောင်းပွမှု မြင့်မားတဲ့ အခြေအနေ နှစ်မျိုးရှိတဲ့ စီးပွားရေးချွတ်ခြုံကျမှု ဖြစ်လာမယ်” ဟု ၎င်းက သတိပေးပြောကြားခဲ့သည်။

“အမေရိကန်ထုတ်” အမှတ်တံဆိပ်များ၏ သက်ရောက်မှု လျော့နည်းလာလျက်ရှိသလို ပြည်ပရောင်းအားလည်း သိသာထင်ရှားစွာ လျော့ကျသွားကြောင်း Joseph Stiglitz က အထူးအလေးထားပြောကြားခဲ့သည်။
အဖန်တလဲလဲ ပြောင်းလဲနေသည့် စည်းကြပ်ခွန် မူဝါဒနှင့် သဘောတူညီချက် ချိုးဖောက်သည့် လုပ်ရပ်များက ဒေသရှိ ယှဉ်ပြိုင်စွမ်းအားကို လျော့နည်းစေပြီးဖြစ်သလို ရင်းနှီးမြှုပ်နှံသူတို့၏ စိုးရိမ်မှုကို ပို၍ ဆိုးရွားစေကြောင်း၊ ထို့အပြင် စည်းကြပ်ခွန် အစီအမံများက အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို တိုးမြင့်စေနိုင်ကြောင်း၊ ယင်းသည် အမေရိကန် Fed ကို အတိုးနှုန်း မြှင့်တင်ရန် တွန်းအားပေးမည်ဖြစ်ပြီး “အတိုးနှုန်းမြှင့်မှုက သာမန်အားဖြင့် ငွေချေးစာချုပ်ဈေးနှုန်းကို လျော့ကျစေပြီး ဝင်ငွေအမြတ်နှုန်းကို တိုးမြှင့်စေတယ်။ ဒါက ဈေးကွက်အတွက်ဆိုရင် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်စေတယ်” ဟု ၎င်းက ယူဆသည်။

“အမေရိကန် မူဝါဒက ဥရောပအပေါ် သက်ရောက်မှုက ကုန်သွယ်ရေးစစ်ပွဲသာ မဟုတ်ပါဘူး။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု စည်းစနစ်ရဲ့ အရင်းအမြစ်ကိုပါ ရိုက်ခတ်တာပါ” ဟု Joseph Stiglitz ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။ ဥရောပနိုင်ငံများအနေဖြင့် စီးပွားရေးကြံ့ကြံ့ခံမှုကို တိုးမြှင့်ရန်အတွက် ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုအင်အားကို တိုးချဲ့ရန်နှင့် တစ်ကမ္ဘာလုံးအတိုင်းအတာအတွင်း၌ ပိုမိုများပြားသည့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ရှာဖွေရန် ၎င်းက အကြံပြုပြောကြားခဲ့သည်။ (Xinhua)

 

——————–
(Chinese Version)
全球瞭望|诺奖得主:美国贸易政策或致美经济陷入衰退
新华社柏林3月17日电(记者李函林)诺贝尔经济学奖得主、著名经济学家约瑟夫·施蒂格利茨日前接受德国《商报》采访时表示,美国政府的经济政策不仅损害全球贸易体系,也可能使美国自身陷入衰退。
他预计,美国发动的贸易战将带来严重滞胀,加剧市场动荡,给世界经济带来重大风险。
施蒂格利茨认为,美国经济疲软与美国政府的减税和贸易保护政策直接相关。他指出,这些政策未能提振长期投资,反而推高市场不确定性,造成资本市场剧烈波动。
他进一步指出,数据显示美政府减税政策在特朗普首个任期内导致贸易逆差持续扩大。他警告:“若贸易战升级,美国企业信心将受重挫,最终形成增长停滞与通胀高企并存的滞胀局面。”
施蒂格利茨特别提到,“美国制造”品牌影响力正在减弱,海外销售额显著缩水。他认为,反复无常的关税政策和毁约行为,已削弱本土竞争力并加剧投资者忧虑。此外,关税措施可能推高美国通胀率,这将迫使美国联邦储备委员会加息,而“加息通常会压低债券价格,推高收益率,这对市场而言将是沉重负担。”
报道援引施蒂格利茨的话说:“美方政策对欧洲的影响远不止于贸易战,而是对国际合作秩序的根本性冲击。”他建议欧洲国家加大自主投资力度,以提升经济韧性,并在全球范围内寻求更多合作机会。(完)
1. 2月14日,在美国首都华盛顿,美国总统特朗普走向停在白宫南草坪的直升机。新华社记者 胡友松 摄