International Organizations
အစ္စရေးက ဂါဇာဒေသ၌ စစ်ရေးပဋိပက္ခထပ်မံဖန်တီးခြင်းအား တရုတ်ကိုယ်စားလှယ် ပြစ်တင်ရှုတ်ချ

ကုလသမဂ္ဂ၊ မတ် ၁၉ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက မတ် ၁၈ ရက်တွင် အစ္စရေး၏ ဂါဇာဒေသအပေါ် အကြီးစား လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းနှင့် စပ်လျဉ်း၍ ခက်ခဲစွာဖော်ဆောင်ခဲ့ရသော ဂါဇာအပစ်အခတ်ရပ်စဲမှု အခြေအနေ ဖျက်ဆီးခံရခြင်းအပေါ် တရုတ်နိုင်ငံက များစွာဝမ်းနည်းမိကြောင်း၊ အစ္စရေး၏ ဂါဇာဒေသ၌ စစ်ရေးပဋိပက္ခထပ်မံဖန်တီးခြင်းအပေါ် အလွန်အမင်း စိုးရိမ်မိကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း ပြောကြားခဲ့သည်။
လက်နက်အားကိုးခြင်း အတွေးအခေါ်အား စွန့်လွှတ်ရန် တရုတ်နိုင်ငံအနေဖြင့် အလေးအနက် တိုက်တွန်းကြောင်း၊ စစ်ရေးနည်းလမ်းသည် ပါလက်စတိုင်း-အစ္စရေး အရေးကိစ္စအား ဖြေရှင်းရန် နည်းလမ်းမဟုတ်ကြောင်း ဖုချုံးက ထိုနေ့၌ ကျင်းပသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေး အရေးကိစ္စ တံခါးဖွင့် အစည်းအဝေး၌ ပြောကြားခဲ့သည်။
လက်နက်အား အလွဲသုံးစားလုပ်ခြင်းသည် ဓားစာခံများအား ကယ်ဆယ်ရန် မှန်ကန်သော နည်းလမ်းမဟုတ်ဘဲ ၎င်းတို့အတွက် ပိုမိုများပြားသည့် အန္တရာယ်များ သယ်ဆောင်သွားနိုင်ကြောင်း ၁၅ လ ကြာ သွေးထွက်သံယို ပဋိပက္ခနှင့် ၄၂ ရက်ကြာ အပစ်အခတ်ရပ်စဲမှု၏ သိသာထင်ရှားသော နှိုင်းယှဉ်ချက်က ရှင်းလင်းစွာ ဖော်ပြခဲ့ပြီးဖြစ်ကြောင်း၊ အစ္စရေးအနေဖြင့် လက်နက်အင်အား အသုံးပြုသည့် စွဲလမ်းမှုကို စွန့်လွှတ်၍ ဂါဇာဒေသအပေါ် စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ရန်၊ ဂါဇာဒေသပြည်သူများအပေါ် အုပ်စုလိုက် ပြစ်ဒဏ်ပေးမှုကို ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဂါဇာဒေသ၌ ရေရှည်အပစ်အခတ်ရပ်စဲမှု ဖော်ဆောင်ရန် ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးဖြစ်၍ စေတနာကောင်း၊ တည်ကြည်လေးနက်သော သဘောထားဖြင့် ဘက်စုံဖော်ဆောင်ရမည်ဖြစ်ကာ သဘောတူညီချက်အား လမ်းခုလတ်၌ ပြင်ဆင်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ လုပ်ဆောင်၍ မရကြောင်း ၎င်းကဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဘက်များက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ဘက်စုံဆက်တိုက် အကောင်အထည်ဖော်ဆောင်ရန် တိုက်တွန်းကြောင်း၊ ဂါဇာဒေသ၌ ရေရှည်အပစ်အခတ်ရပ်စဲမှုအား အာမခံပေးနိုင်ရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား အာမခံပေးသည့်နိုင်ငံအနေဖြင့် တရားမျှတ၍ တာဝန်ယူမှုရှိသော သဘောထားဖြင့် အဆင့်သုံးဆင့် သဘောတူညီချက်အား ဆက်တိုက်ဖော်ဆောင်ရေးအား တွန်းအားပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖုချုံးက တရုတ်နိုင်ငံအနေဖြင့် လူသားချင်းစာနာမှု အကူအညီအား လက်နက်အသွင်ပြောင်းခြင်းနှင့် နိုင်ငံရေးအသွင်ပြောင်းခြင်း လုပ်ရပ်အား ပြင်းထန်စွာကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။ ဂါဇာဒေသသို့ ၁၇ ရက်ဆက်တိုက် မည်သည့်လူသားချင်းစာနာမှု အကူအညီမျှ ဝင်ရောက်ခဲ့ခြင်းမရှိသည့်အပြင် ပင်လယ်ရေအား ရေချိုအဖြစ်ပြောင်းပေးသည့် စက်ရုံကလည်း လျှပ်စစ်ပို့လွှတ်မှုမရရှိခြင်းကြောင့် ဆက်လက် လည်ပတ်ရန် ခက်ခဲကာ ရေအရင်းအမြစ် ပြတ်တောက်သည့် အကျပ်အတည်း ပိုမိုဆိုးရွားလာလျက်ရှိသည်ဟု ၎င်းကဆိုသည်။
လူသားချင်းစာနာမှုအကူအညီအား စေ့စပ်ညှိနှိုင်းမှုတွင် အပေးအယူအဖြစ်သဘောထားခြင်းသည် နိုင်ငံတကာဥပဒေ အထူးသဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအား ချိုးဖောက်ရာကျသဖြင့် တရုတ်ဘက်က ပြစ်တင်ရှုတ်ချကြောင်း၊ အစ္စရေးဘက်က သိမ်းပိုက်သူအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေ တာဝန်ဝတ္တရားအား ထမ်းဆောင်ကာ ဂါဇာဒေသအပေါ် လူသားချင်းစာနာမှု ပစ္စည်းများ ဝင်ရောက်မှုအား ချက်ချင်းဘက်စုံပြန်လည်ခွင့်ပြုရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” နိုင်ငံရေးအလားအလာအား ပြန်လည်ဖော်ဆောင်ရန် ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” သည် ပါလက်စတိုင်းအရေးကိစ္စအား ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” နိုင်ငံရေးလုပ်ငန်းစဉ် ဖော်ဆောင်ရန် ကြိုးပမ်းမှုအား တိုးမြှင့်သင့်ပြီး ယင်းအတွက် လိုအပ်သောအာမခံမှုများ ပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ကာလတစ်ခုအတွင်း၌ မိမိတို့သည် အရှေ့အလယ်ပိုင်းဒေသ၌ အန္တရာယ်ရှိသော အခြေအနေတစ်ရပ်ကို တွေ့မြင်ခဲ့ရကြောင်း ဖုချုံးက ဆိုသည်။ နိုင်ငံတကာ တရားဥပဒေစိုးမိုးမှုနှင့် နိုင်ငံတကာစည်းစနစ်သည် ချိုးဖောက်ခံရပြီး အားနည်းလာကြောင်း၊ ကြီးနိုင်ငယ်ညှဉ်းသည့် သဘာဝစည်းမျဉ်း (Law of Jungle) ပြန်လည်ခေတ်စားလာသဖြင့် လူအများကို ပူပန်စိုးရိမ်စေကြောင်း ၎င်းကဆိုသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံမှုကို ကာကွယ်စောင့်ရှောက်သည့် အဓိကအဖွဲ့အစည်းအနေဖြင့် ဤကဲ့သို့သော ရှုပ်ထွေးမှုအခြေအနေအား အချိန်မီတားဆီးသင့်ကြောင်း၊ ဂါဇာဒေသ ရေရှည်အပစ်အခတ်ရပ်စဲမှုအား တွန်းအားပေးရေး၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းမှု ပြန်လည်ရရှိရေး၊ ပါလက်စတိုင်းအရေးကိစ္စအား ဘက်စုံတရားမျှတစွာ ရေရှည်ဖြေရှင်းနိုင်မှု ဖော်ဆောင်ရေး အတွက် လုံခြုံရေးကောင်စီက တစ်ဆင့်တိုးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
中国代表谴责以色列在加沙再次挑起战火
新华社联合国3月18日电 中国常驻联合国代表傅聪18日就以色列对加沙发动大规模空袭表示,中方对来之不易的加沙停火局面被破坏感到遗憾,对以色列在加沙再次挑起战火表示严重关切,并予以强烈谴责。
傅聪当天在安理会巴以问题公开会上表示,中方强烈敦促放弃武力至上的迷思。军事手段不是解决巴以问题的出路。15个月的血腥冲突和42天停火的鲜明对比已经清楚说明,滥用武力不是解救人质的正确方式,反而可能给他们带去更多危险。中方敦促以色列放弃使用武力的执念,立即停止对加沙的军事行动,停止对加沙平民的集体惩罚。
傅聪说,中方强烈要求实现加沙持久停火。既然达成了停火协议,就应当以善意、严肃的态度全面执行,而不能寻求中途更改和破坏协议。中方呼吁当事方全面连贯落实停火协议,期待停火协议的保障国秉持公正、负责任的态度,推动三阶段协议连贯执行,确保在加沙实现持久停火。
傅聪表示,中方强烈反对把人道援助武器化和政治化的行为。已经连续17天没有任何人道物资进入加沙,海水淡化厂也因失去电力供应难以运转,导致水资源短缺危机加剧。把人道援助作为谈判筹码,违反国际法特别是国际人道法,中方予以谴责。中方敦促以色列履行占领方的国际人道法义务,立即全面恢复加沙的人道物资准入。
傅聪说,中方强烈呼吁重振“两国方案”政治前景。落实“两国方案”是解决巴勒斯坦问题的唯一可行出路。国际社会应加大努力推进“两国方案”政治进程,并为此提供必要保障。
傅聪表示,过去一段时间,我们在中东地区目睹了一个危险的迹象。国际法治和国际秩序遭到违反和削弱,弱肉强食的丛林法则似乎正在大行其道,这令人担忧和关切。安理会作为维护国际和平与安全的首要机构,应当及时制止这种乱象。中方支持安理会为推动加沙持久停火、恢复中东地区和平、实现巴勒斯坦问题全面公正持久解决采取进一步行动。(完)
图说:2月3日,在位于纽约的联合国总部,中国常驻联合国代表傅聪(后中)在记者会上发言。新华社发(联合国供图/曼努埃尔·伊莱亚斯摄)