Asia
တောင်ကိုရီးယားနိုင်ငံ ဂယောင်းဆံမြောက်တိုင်း၌ တောမီး ဆက်တိုက် ပြန့်နှံ့လောင်ကျွမ်းမှုကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ပြီဖြစ်

ဆိုးလ်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ ဂယောင်းဆံမြောက်တိုင်း Uiseong ခရိုင်တွင် မတ် ၂၂ ရက်မှ စတင်လောင်ကျွမ်းသည့် တောမီးက နေရာအများအပြားကို ပျံ့နှံ့ခဲ့ပြီဖြစ်ရာ မတ် ၂၅ ရက် ညနေပိုင်းမှ ၂၆ ရက်နံနက်ပိုင်းအထိ သေဆုံးသူ ၁၈ ဦး၊ ဒဏ်ရာရသူ ၁၉ ဦး ရှိခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာများက မတ် ၂၆ ရက်တွင် ဖော်ပြထားသည်။
ဂယောင်းဆံမြောက်တိုင်း Andong မြို့၊ Cheongsong ခရိုင်၊ Yeongyang ခရိုင်၊ Yeongdeok ခရိုင်တို့တွင် စုစုပေါင်း လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း၊ ၎င်းတို့အနက် ရုပ်အလောင်းအများစုမှာ လမ်းနံဘေး သို့မဟုတ် နေအိမ်အတွင်း တွေ့ရှိခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားမီဒီယာများက ဖော်ပြခဲ့သည်။ အသက်ဆုံးရှုံးရသူ အများစုမှာ အန္တရာယ်ကို အချိန်မီမရှောင်ရှားနိုင်ဘဲ မီးခိုးငွေ့ဖြင့်အသက်ရှုကြပ်ခြင်း သို့မဟုတ် ညဘက် အရေးပေါ် ထွက်ခွာချိန် မတော်တဆ ဖြစ်ပွားရခြင်း ဖြစ်နိုင်သည်ဟု တောင်ကိုရီးယားရဲဘက်ဆိုင်ရာက ကနဦး ခန့်မှန်းထားကြောင်း သိရသည်။
ထို့အပြင် မတ် ၂၁ ရက်မှစ၍ ဂယောင်းဆံတောင်တိုင်း Sancheong ခရိုင်ရှိ တောမီးများ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း၊ လက်ရှိတွင် သေဆုံးသူ ၄ ဦး၊ အပြင်းအထန် ဒဏ်ရာရသူ ၅ ဦး၊ ဒဏ်ရာအနည်းငယ်ရသူ ၅ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ဘက်အပိုင်းရှိ တောမီးသည် “ယခင်က မရှိခဲ့ဖူးသည့် ဖျက်ဆီးမှု” ရှိခဲ့ရာ ခန့်မှန်းထားသည်ထက် ကျော်လွန်ကြောင်း တောင်ကိုရီးယား ယာယီသမ္မတ၊ ဝန်ကြီးချုပ် Han Duck-soo က မတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် စက်ကိရိယာနှင့် လူအင်အား အားလုံးကို စုစည်းပြီး ဒေသအသီးသီးတွင် ပြန့်နှံ့နေသည့် တောမီးများကို ငြှိမ်းသတ်သွားမည် ဖြစ်ကြောင်း၊ “တရားမဝင် မီးရှို့ခြင်းလုပ်ရပ်” သည် တောမီးဖြစ်ပွားသည့် အဓိကအကြောင်းအရင်းဖြစ်ရာ ယင်းလုပ်ရပ်များကို တင်းတင်းကျပ်ကျပ် စီမံကိုင်တွယ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
韩国庆尚北道山火持续蔓延18人死亡
新华社首尔3月26日电(记者姬新龙)据韩国媒体26日报道,22日起于庆尚北道义城郡的山火已蔓延至多地,从25日傍晚至26日晨已造成18人死亡、19人受伤。
报道说,庆尚北道安东市、青松郡、英阳郡、盈德郡共有18人遇难,遇难者的遗体多在道路旁或住宅院内被发现。韩国警方初步推测,大多数遇难者可能因未能及时避险而吸入浓烟窒息或在夜间紧急撤离时发生意外。庆尚北道山火还造成6人重伤、13人轻伤。
此外,21日起于庆尚南道山清郡的山火仍未得到控制,目前已导致4人死亡、5人重伤、5人轻伤。
韩国代总统、国务总理韩德洙26日说,韩国东南部的山火造成了“前所未有的破坏”,超出预测。他表示,政府将动员所有装备和人力,扑灭在各地扩散的山火。“非法焚烧行为”是引发山火的主要原因,将对此行为采取严格措施。(完)
1. 3月25日晚,山火蔓延至韩国庆尚北道安东的村庄。新华社/纽西斯通讯社