Europe
ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ “ပတ်တုတ်ကံ” က အမေရိကန်ကိုယ်တိုင်ကိုပင် ထိခိုက်စေလိမ့်မည်ဟု Kiel Centre for Globalization (KCG) ဒါရိုက်တာ Holger Görg ပြောကြား

ကီးလ် (ဂျာမနီ)၊ မတ် ၂၆ ရက် (ဆင်ဟွာ)
ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒသည် “ပတ်တုတ်ကံ” နှင့် အလားတူပြီး ပစ်လိုက်သည့် တုတ်တံသည် ပို၍အားကောင်းလေ၊ မိမိကိုယ်ကို ပြန်ရိုက်မိသည့်အခါ ပို၍ နာကျင်လေ ဖြစ်ကြောင်း၊ “အမေရိကန်က ၎င်းစည်းကြပ်ခွန်မူဝါဒ ရိုက်ခံမှုဒဏ် အဆိုးရွားဆုံးခံရတဲ့ စီးပွားရေး အစုအဖွဲ့ ဖြစ်နိုင်တယ်” ဟု ဂျာမနီ Kiel Centre for Globalization (KCG) ဒါရိုက်တာ၊ ကီးလ် ကမ္ဘာ့စီးပွားရေး သုတေသနဌာန ပါမောက္ခ Holger Görg သည် မကြာမီရက်ပိုင်းက ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ထောက်ပြ ပြောကြားခဲ့သည်။
Holger Görg က အမေရိကန် စည်းကြပ်ခွန်မူဝါဒသည် ကုန်သွယ်စီးပွား သွားလာမှုကို အတားအဆီးဖြစ်စေပြီး ကုန်သွယ်ရေးမိတ်ဖက် အကျိုးစီပွားကို ထိခိုက်စေသလို ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို နောက်ပြန်ဆွဲပြီး နိုင်ငံတကာကုန်သွယ်ရေးစနစ် တည်ငြိမ်မှုကို ခြိမ်းခြောက်မှု ဖြစ်စေသည်ဟု ယူဆသည်။ ထရမ့်အစိုးရ၏ စည်းကြပ်ခွန် ထပ်တိုးကောက်ခံခြင်းက အပြင်ပန်းသဏ္ဌာန် အနက်အဓိပ္ပာယ်အရ “အမေရိကန် ဦးစားပေး” မူဝါဒနှင့် ကိုက်ညီသော်လည်း လက်တွေ့တွင်မူ ငွေကြေးဖောင်းပွမှုအဆင့်ကို တိုးမြှင့်စေကြောင်း၊ ယင်းမှာ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်သူ့နေထိုင်မှုဘဝအတွက် မရေရာမှုများ ဖြစ်စေရုံသာမက ပိုမိုများပြားသော ကုန်ထုတ်လုပ်မှုများ အမေရိကန်သို့ ပြန်လည်စီးဝင်မှုအား မည်သို့မျှ တွန်းအားမပေးနိုင်ဘဲ နောက်ဆုံးတွင် အမေရိကန်နိုင်ငံ၏ ကိုယ်တိုင် စီးပွားရေး အကျိုးအမြတ်ကို ထိခိုက်စေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ၏ သံမဏိနှင့် အလူမီနီယံ အခွန်သည် အမေရိကန်စီးပွားရေးကို အလွန်ကြီးမားသော စီးပွားရေးဆုံးရှုံးမှု ဖြစ်စေမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှု အဆင့်သည် ယင်း၏ရိုက်ခတ်မှုကြောင့် ၀.၄၁ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ပြီး တင်ပို့မှု ၁.၃၇ ရာခိုင်နှုန်း ကျဆင်းသွားမည်ဟု ခန့်မှန်းရကြောင်း ကီးလ် ကမ္ဘာ့စီးပွားရေး သုတေသနဌာနက ယခုလ၌ ထုတ်ပြန်သည့် သုတေသနအစီရင်ခံစာတွင် ဖော်ပြထားသည်။ တင်သွင်းသည့် သံမဏိ၊ အလူမီနီယံ ကုန်ပစ္စည်း ဈေးနှုန်းများမြင့်တက်မှုသည် အမေရိကန်လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်ကို များစွာ တိုးမြင့်စေကာ အမေရိကန်ထုတ်ကုန်ပစ္စည်းများ၏ နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းကို လျော့နည်းစေမည် ဖြစ်ကြောင်း သိရသည်။
သံမဏိ၊ အလူမီနီယံ စည်းကြပ်ခွန်သည် အမေရိကန်၏ ကုန်သွယ်ရေးမိတ်ဖက်အားလုံးနီးပါးကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ရေတိုတွင် ကုန်သွယ်ရေးလျော့နည်းမှု မုချဖြစ်စေပြီး ထိုမှတစ်ဆင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို နောက်ပြန်ဆွဲကာ လုပ်ငန်းကဏ္ဍ၌ တည်ရှိပြီးသည့် ကုန်သွယ်ရေးအခင်းအကျင်းကို ရိုက်ခတ်စေမည်ဖြစ်ကြောင်း Holger Görg က ပြောကြားခဲ့သည်။
“ဒီစည်းကြပ်ခွန် မူဝါဒ (ရဲ့ အနုတ်လက္ခဏာသက်ရောက်မှု) တွေက အမေရိကန်မှာ ဈေးနှုန်းမြင့်မားလျက်ရှိပြီး စီးပွားရေး နှေးကွေးလာနေတာကို ပြသနေပြီဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
“တကယ်လို့ စည်းကြပ်ခွန် တိုးမြှင့်လိုက်ပြီဆိုရင် ကိုယ့်စီးပွားရေးကိုပဲ ထိခိုက်ပြီး ငွေကြေးဖောင်းပွမှု မြင့်မားခြင်း၊ ယှဉ်ပြိုင်စွမ်းအား လျော့နည်းခြင်း ဖြစ်စေမှာပါ။ ဒါက အမေရိကန်မှာ ဖြစ်ပွားတဲ့အခြေအနေကို ကျွန်တော်တို့ တဖြည်းဖြည်း စမြင်လာရပါပြီ” Holger Görg က ပြောကြားခဲ့သည်။
အမေရိကန် စည်းကြပ်ခွန် မူဝါဒ၏ မရေရာမှုကြောင့် ကုမ္ပဏီလုပ်ငန်းများက ရေရှည် ဆုံးဖြတ်ချက် ချမှတ်ရန် ခက်ခဲစေကြောင်း ၎င်းက ယူဆသည်။ “စည်းကြပ်ခွန်က ဒီနေ့ ရှိမယ်၊ မနက်ဖြန်ဆိုရင် ပယ်ဖျက်ကောင်း ပယ်ဖျက်လိမ့်မယ်။ ဒီလိုမျိုး မရေရာမှုက ရင်းနှီးမြှုပ်နှံသူတွေကို တကယ်လန့်ပြီး ပြေးစေတယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုကို ပြောကြားရာတွင် Holger Görg က အမေရိကန်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုတွင် အကျိုးခံစားရသူဖြစ်ပြီး ပိုမိုနည်းပါးသည့်ဈေးနှုန်းနှင့် ရှေ့ပြေး ကမ္ဘာ့နည်းပညာကို ရရှိခဲ့သော်လည်း ယနေ့အခါတွင် “၎င်းက ယင်းအနေအထားမှ နောက်ဆုတ်နေပြီ” ဖြစ်ကြောင်း တိုက်ရိုက်ပြောကြားခဲ့သည်။
“ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုက ခြိမ်းခြောက်ခံနိုင်ဖွယ်ရှိတယ်… အဆိုးရွားဆုံး အန္တရာယ်ကတော့ နိုင်ငံတကာစည်းစနစ်တွေကို အမေရိကန် မလိုက်နာတော့တာပဲလို့ ကျွန်တော်ထင်တယ်။ ဒါက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအပေါ် ဖျက်ဆီးနိုင်တဲ့ သက်ရောက်မှု ဖြစ်လာမယ်” ၎င်းက ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ စသည်တို့ကို ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတည်ငြိမ်မှုအား ကာကွယ်ထိန်းသိမ်းရာတွင် ပို၍ တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်ရန် Holger Görg က တိုက်တွန်းခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးစနစ်တွင် နိုင်ငံအသီးသီးက ပိုမိုပါဝင်လာသင့်သည်ဟု ၎င်းက ယူဆပေသည်။ (Xinhua)
…………………………….
(Chinese Version)
专访|贸易保护主义“回旋镖”将伤及美国自身——访德国基尔全球化中心主任霍尔格·格尔克
新华社德国基尔3月26日电 专访|贸易保护主义“回旋镖”将伤及美国自身——访德国基尔全球化中心主任霍尔格·格尔克 新华社记者单玮怡 刘向 马悦然
德国基尔全球化中心主任、基尔世界经济研究所教授霍尔格·格尔克日前在接受新华社记者专访时指出,贸易保护主义如同“回旋镖”,甩出去时越强硬,打到自己身上就越疼,“美国可能会是受其关税政策冲击最严重的经济体”。
格尔克认为,美国关税政策阻碍经贸往来,损害贸易伙伴利益,拖累世界经济增长,威胁国际贸易体系稳定。他说,特朗普政府施加关税可能在象征意义上符合其“美国优先”政策,但实际将推升通胀水平,不仅给企业投资和民众生活带来不确定性,而且无法促使更多生产回流美国,最终损害美国自身经济利益。
基尔世界经济研究所本月发布的研究报告显示,美国钢铝关税将给美国经济带来相当大的经济损失,预计美国通胀水平将受此影响上涨约0.41%,出口将下降1.37%。进口钢铝产品价格上涨将推升许多美国行业的生产成本,削弱美国产品的国际竞争力。
格尔克说,钢铝关税几乎针对美国所有贸易伙伴,短期内势必会导致贸易减少,从而拖累世界经济增长,冲击行业固有贸易格局。“这些关税政策(的负面影响)已在美国显现——价格正在上涨、经济正在放缓。”
“如果你提高关税,那就会损害自身经济,导致通胀上升,削弱竞争力。这就是我们开始慢慢看到在美国发生的情况。”格尔克说。
他认为,美国关税政策的不确定性令企业无法作出长期决策。“关税今天存在,明天就可能取消。这种不确定性真的吓跑了投资者。”
谈及全球化,格尔克直言美国曾从全球化中受益,获得了更低价格和领先的全球技术,但如今“它正在从这一地位上后退”。“全球化可能受到威胁……我认为最严重的风险是,美国不再遵循国际规则体系,这将对全球贸易产生破坏性影响。”
格尔克呼吁欧盟等在维护全球贸易稳定方面发挥更积极的作用,认为各国应更多参与到促进全球贸易发展的体系中来。(完)
1. 3月19日,德国基尔全球化中心主任、基尔世界经济研究所教授霍尔格·格尔克在德国基尔接受新华社记者专访。新华社记者 刘向 摄