Connect with us

Europe

ဂျာမနီသမ္မတက ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား တရားဝင်ဖယ်ရှား

ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ၂၁ ကြိမ်မြောက် Bundestag (ဂျာမနီအောက်လွှတ်တော်) ပထမအကြိမ် အစည်းအဝေး တက်ရောက်နေသည့် အိုလက်ဖ်ရှောဇ် (အလယ်) အား ၂၀၂၅ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ သမ္မတ ဖရန့်ခ်-ဝေါ်လ်တာ စတိုင်းမိုင်ယာက ဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်နှင့် ၎င်း၏အစိုးရအဖွဲ့အား မတ် ၂၅ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် တရားဝင် ဖယ်ရှားလိုက်ကြောင်း သိရသည်။
သို့သော် အစိုးရသစ် တာဝန်မယူမီအချိန်ထိ ရှောဇ်အနေဖြင့် ယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။
လက်ရှိတွင် အာဏာရ ညွန့်ပေါင်းအစိုးရဖွဲ့ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ ခရစ်ယာန် ဒီမိုကရက်တစ်ယူနီယံ (CDU) နှင့် ခရစ်ယာန် ဆိုရှယ်ယူနီယံ (CSU) တို့ ပါဝင်သော ကွန်ဆာဗေးတစ် အုပ်စုက ဂျာမနီနိုင်ငံ၏ ၂၀၂၅ ခုနှစ် ဖက်ဒရယ်ရွေးကောက်ပွဲတွင် ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့ပြီး ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) က ၎င်း၏နောက်တွင် ရပ်တည်လျက်ရှိသည်။ ထိုရွေးကောက်ပွဲရလဒ်က CDU/CSU နှင့် SPD တို့ ညွန့်ပေါင်းဖွဲ့နိုင်ရန် လမ်းပွင့်သွားစေခဲ့သည်။
CDU ပါတီခေါင်းဆောင် ဖရီးဒရစ်မက်ဇ်က အစိုးရသစ်ကို ဦးဆောင်မည်ဟု မျှော်လင့်ရသလို မက်ဇ်ကလည်း အီစတာပွဲတော်ကာလထက် နောက်မကျဘဲ အစိုးရဖွဲ့ရန် ဆန္ဒရှိကြောင်း ပြောကြားထားသည်။
မတ် ၂၅ ရက်ကလည်း CDU ပါတီမှ ယူလီယာ ကလက်ခ်နာအား ဂျာမနီအောက်လွှတ်တော် (Bundestag) ၏ ဥက္ကဋ္ဌသစ်အဖြစ် တင်မြှောက်ခဲ့ကြောင်း သိရသည်။ (Xinhua)


……………………..
(English Version)
German chancellor, gov’t dismissed by president
BERLIN, March 25 (Xinhua) — German Chancellor Olaf Scholz and his cabinet were officially dismissed by President Frank-Walter Steinmeier on Tuesday afternoon.
Scholz will remain as caretaker chancellor until a new government takes office.
The negotiation to build a ruling coalition is underway. Germany’s conservative bloc, the Christian Democratic Union (CDU) and the Christian Social Union (CSU), took the lead in the country’s 2025 federal election, followed by the Social Democratic Party (SPD). The results have paved the way for a CDU/CSU and SPD coalition.
CDU leader Friedrich Merz is expected to head the new government. He has voiced the willingness to put the government in place by Easter.
Also on Tuesday, CDU’s Julia Kloeckner was elected as the new president of the Bundestag, the lower house of parliament.
English Caption
Olaf Scholz (C) attends the first gathering of the 21st Bundestag in Berlin, Germany, on March 25, 2025. (Xinhua/Du Zheyu)