Environment, Disasters & Accidents
တရုတ်နိုင်ငံအစိုးရက ပေးပို့လိုက်သော နဝမအသုတ် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ငလျင်ကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရက ပေးပို့လိုက်သော နဝမအသုတ် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ငလျင်ကယ်ဆယ်ရေးပစ္စည်းများမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဧပြီ ၂၆ ရက်က ရောက်ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ဧပြီ ၂၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ ကူညီကယ်ဆယ်ရေးပစ္စည်းများထဲတွင် မေးခိုင်ကာကွယ်ဆေး (Tetanus Vaccine,Adsorbed)၆၈,၀၀၀ လုံး၊ အရွယ်ရောက်သူများအတွက် ကာလဝမ်းရောဂါ ကာကွယ်ဆေး (Recombinant B Subunit Cholera Vaccine – Adult) ၅၇၀,၀၀၀ လုံး၊ ကလေးများအတွက် ကာလဝမ်းရောဂါ ကာကွယ်ဆေး (Recombinant B Subunit Cholera Vaccine – Pediatric) ၇၇,၉၁၀ လုံး ပါဝင်ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည့် တရုတ်နိုင်ငံအစိုးရက ပေးပို့လိုက်သော နဝမအသုတ် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ငလျင်ကယ်ဆယ်ရေးပစ္စည်းများအား တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး)
မတ် ၂၈ ရက်က မြန်မာနိုင်ငံတွင် ပြင်းအား ၇.၉ မဂ္ဂနီကျုရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ရာ ယင်းငလျင်ဒဏ်ကြောင့် ဧပြီ ၂၆ ရက်အထိ သေဆုံးသူ ၃,၇၆၉ ဦး၊ ဒဏ်ရာရရှိသူ ၅,၁၀၆ ဦး ရှိလာခဲ့ပြီး ပျောက်ဆုံးသူ ၁၀၇ ဦးရှိကြောင်း မြန်မာနိုင်ငံ အစိုးရက ထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ (Xinhua)
#Myanmar #China #Aid #မြန်မာနိုင်ငံ #တရုတ်နိုင်ငံ #အကူအညီ
……………………………………………………………………………………….
(English Version)
China’s 9th batch of aid supplies arrives in quake-hit Myanmar
YANGON, April 27 (Xinhua) — The ninth batch of emergency humanitarian aid supplies dispatched by the Chinese government on Saturday arrived in Yangon, Myanmar, according to a statement released by the Chinese Embassy in Myanmar on Saturday.
The aid supplies included 68,000 doses of tetanus vaccines (adsorbed), 570,000 doses of recombinant B subunit cholera vaccine for adults, and 77,910 doses of recombinant B subunit cholera vaccine for children, the statement said.
A 7.9-magnitude earthquake struck Myanmar on March 28. As of April 26, the earthquake has claimed 3,769 lives and injured 5,106 people, with 107 others remaining unaccounted for, according to Myanmar’s official data. Enditem