Connect with us

North America

နိုင်ငံခြားတွင် ထုတ်လုပ်သော ရုပ်ရှင်အားလုံးအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံမည်ဟု ထရမ့် ဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ အိမ်ဖြူတော်၌ ရဟတ်ယာဉ်ပေါ်တက်ရန် တောင်ဘက်ခြမ်း မြက်ခင်းပြင်သို့ သွားရောက်နေသော အမေရိကန်သမ္မတ ထရမ့်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ မေ ၅ ရက် (ဆင်ဟွာ)

နိုင်ငံခြားတွင် ထုတ်လုပ်သော ရုပ်ရှင်အားလုံးအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံမည်ဟု အမေရိကန်သမ္မတ ထရမ့်က မေ ၄ ရက်တွင် ဆိုခဲ့သည်။

အမေရိကန် ရုပ်ရှင်လုပ်ငန်းသည် “လျင်မြန်စွာ ကျဆုံးနေ” ကြောင်း၊ အခြားနိုင်ငံများက အားပေးမှုအစီအမံ အမျိုးမျိုးဖြင့် “အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူနှင့် စတူဒီယိုများ အမေရိကန်မှ ထွက်ခွာသွားအောင်” လုပ်ဆောင်လျက်ရှိကြောင်း ထရမ့်က လူမှုမီဒီယာ “Truth Social” ၌ ရေးသားဖော်ပြခဲ့သည်။ ဟောလိဝုဒ်သည်လည်း ထိုအခြေအနေကြောင့် “ပြင်းပြင်းထန်ထန် အထိနာ” လာကြောင်း၊ ယင်းသည် အမေရိကန်အပေါ် “အမျိုးသားလုံခြုံရေးအရ ခြိမ်းခြောက်မှု” ဖြစ်စေသည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်က ၎င်းအနေဖြင့် အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်များ အစီအစဉ်ကို ချက်ချင်းစတင်ရန် အာဏာလွှဲအပ်ပြီး အမေရိကန်သို့ ဝင်ရောက်သော၊ နိုင်ငံခြားတွင် ထုတ်လုပ်သည့် ရုပ်ရှင်အားလုံးအပေါ် စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း၊ “အမေရိကန်မှာ ထုတ်လုပ်တဲ့ ရုပ်ရှင်ကို ထပ်မံပိုင်ဆိုင်ခွင့်ရရန်” မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

လတ်တလောနှစ်ပိုင်းတွင် အမေရိကန် ရုပ်ရှင်ကုမ္ပဏီ အများအပြားက ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ၊ အိုင်ယာလန်နှင့် စပိန် စသည့်နိုင်ငံများသို့ သွားရောက်ကာ ရုပ်ရှင်ဇာတ်ကားကြီးများ ထုတ်လုပ်ကြကြောင်း၊ ဟောလိဝုဒ်သည်လည်း ယင်းကို အကြောင်းပြု၍ ရုပ်ရှင်အရင်းအနှီးကို လျှော့ချရန် လိုအပ်ကြောင်း ဟောလိဝုဒ်လုပ်ငန်း မီဒီယာများက သတင်းဖော်ပြကြသည်။ နိုင်ငံခြားတွင် ထုတ်လုပ်သော ရုပ်ရှင်များအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံသည့် လုပ်ရပ်သည် အမေရိကန် အနုပညာလုပ်ငန်းအပေါ် ကြီးမားသည့် ထိုးနှက်မှု ဖြစ်လာစေနိုင်သည်ဟု မီဒီယာများက ထောက်ပြကြသည်။

အမေရိကန် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) ဝါရင့်သုတေသီ၊ အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အရာရှိဟောင်း William Reinsch က နိုင်ငံခြားတွင် ထုတ်လုပ်သော ရုပ်ရှင်များအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခြင်းသည် “ကောင်းကျိုးထက် ဆိုးကျိုးပိုများ” ကြောင်း၊ “ကျွန်တော်တို့ (အမေရိကန်ရုပ်ရှင်) လုပ်ငန်းကို ပျက်သုဉ်းစေမည်” ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံခြားတွင် ထုတ်လုပ်သော ရုပ်ရှင်များက “အမျိုးသားလုံခြုံရေးအရ ခြိမ်းခြောက်မှု” ဖြစ်စေသည် ဟူသော ပြောဆိုချက်သည် လူအများကလက်ခံနိုင်ရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
特朗普称将对所有在外国制作的电影征收100%关税
新华社洛杉矶5月4日电(记者高山)美国总统特朗普4日称,将对所有在外国制作的电影征收100%关税。
特朗普在社交媒体“真实社交”上发文称,美国电影业“正在迅速衰亡”,其他国家正通过各种激励措施“吸引美国电影制作人和工作室离开美国”。特朗普说,好莱坞因此“遭受重创”,这对美国构成“国家安全威胁”。
特朗普说,他将授权美国商务部和美国贸易代表立即启动程序,对所有进入美国、在外国制作的电影征收100%关税,希望“再次拥有美国制作的电影”。
好莱坞行业媒体报道说,近年不少美国电影公司前往英国、澳大利亚、加拿大、爱尔兰和西班牙等国制作大片,好莱坞也需要借此降低影片成本。媒体指出,对外国制作电影加征关税的做法或将对美国娱乐产业产生重大冲击。
美国战略与国际问题研究中心资深研究员、美国商务部前官员威廉·赖因施认为,对外国制作电影加征关税“弊远大于利”,将“杀死我们(美国电影)产业”,且外国制作电影构成“国家安全威胁”的说辞很难让人信服。(完)
图说:4月29日,在华盛顿白宫,美国总统特朗普走向南草坪准备登机。新华社记者 胡友松 摄