International Organizations
၂၀၂၅ ခုနှစ် မေ ၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— လီဗာပူးလ်အသင်းမှ ထွက်ခွာမည်ဟု အလက်ဇန်းဒါး အာနိုး အတည်ပြုခဲ့ပြီး ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖွယ်ရှိ
လီဗာပူးလ်အသင်း၏ အင်္ဂလန်လက်ရွေးစင် ခံစစ်အစွန်လူ ထရန့် အလက်ဇန်းဒါး အာနိုးမှာ လာမည့်ဇွန်လကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးချိန်၌ အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း မေ ၅ ရက်၌ အတည်ပြုပြောဆိုခဲ့သည်။
အလက်ဇန်းဒါး အာနိုးက ထုတ်ပြန်ချက်တစ်စောင်၌ အဆိုပါ သတင်းကို အတည်ပြုခဲ့ခြင်းဖြစ်ကာ ၎င်းအနေဖြင့် အသက်ခြောက်နှစ်အရွယ်တွင် အသင်းသို့ ရောက်ရှိချိန်မှစ၍ နှစ် ၂၀ ကြာ ဖြတ်သန်းခဲ့စဉ်အတွင်း အားပေးပံ့ပိုးခဲ့သည့် ကလပ်အသင်းကိုရော ပရိသတ်များကိုပါ ကျေးဇူးတင်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“အဦးဆုံးအနေနဲ့ ဒါက လွယ်ကူတဲ့ဆုံးဖြတ်ချက် မဟုတ်ခဲ့ဘူးလို့ပဲ ပြောချင်ပါတယ်။ ဒီဆုံးဖြတ်ချက်အတွက် ခံစားချက်ပေါင်းများစွာ၊ အတွေးပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော် ဒီအသင်းမှာရှိနေခဲ့တာ နှစ် ၂၀ ရှိပြီဖြစ်ပြီး ကုန်ဆုံးခဲ့တဲ့ မိနစ်တိုင်းကို မြတ်နိုးတန်ဖိုးထားပါတယ်။ ကျွန်တော့်ရဲ့ မျှော်လင့်ချက်အားလုံး ပြည့်ဝသွားပြီသလို ကျွန်တော် ဒီမှာလိုချင်ခဲ့တဲ့ အရာအားလုံးကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါပြီ” ဟု အသက် ၂၆ နှစ်အရွယ် အာနိုးက ပြောကြားခဲ့သည်။
ဘောလုံးသမားတစ်ဦး၊ လူသားတစ်ဦးအနေဖြင့် အပြောင်းအလဲသစ်၊ စိန်ခေါ်မှုအသစ်တို့ကို လိုအပ်လာပြီဖြစ်ကြောင်း၊ ယခုအချိန်မှာ ထိုသို့လုပ်ဆောင်ရန် အချိန်တန်ပြီဟု မိမိအနေဖြင့် ယူဆကြောင်း နောက်ခံလူ အာနိုးက ဆိုသည်။
အလက်ဇန်းဒါး အာနိုးမှာ ယခုရာသီကုန်၌ စာချုပ်သက်တမ်းကုန်ဆုံးမည့် လီဗာပူးလ်ကစားသမား သုံးဦးအနက် တစ်ဦးအပါအဝင်ဖြစ်ကာ တိုက်စစ်မှူး မိုဟာမက်ဆာလာနှင့် ဗဟိုနောက်ခံလူ ဗာဂျယ် ဗန်ဒိုက်တို့ နှစ်ဦးစလုံးမှာမူ ဧပြီလ၌ နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြသည်။
…..
— ဘရာဇီးအသင်းအတွက် မန်နေဂျာသစ် ခန့်အပ်နိုင်ရန် နီးစပ်နေပြီဟု အသင်းတာဝန်ရှိသူ ပြော
ဘရာဇီး ဘောလုံးအဖွဲ့ချုပ် (CBF) အနေဖြင့် လာမည့်သီတင်းပတ်အတွင်း အမျိုးသားလက်ရွေးစင်အသင်းအတွက် မန်နေဂျာသစ် ခန့်အပ်နိုင်ရန် ရည်မှန်းထားကြောင်း အားကစားဒါရိုက်တာ ရိုဒရီဂို ဆီတာနိုက မေ ၅ ရက်၌ ပြောကြားခဲ့သည်။
ဗျူနိုအေးရိစ်မြို့တွင် အာဂျင်တီးနားအသင်းအား ၁-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအပြီးတွင် နည်းပြ ဒိုရီဗာ ဂျူနီယာ ထုတ်ပယ်ခံခဲ့ရသည့် မတ်လ ၂၈ ရက်ကတည်းက ဘရာဇီးအသင်း နည်းပြရာထူးမှာ လစ်လပ်နေခဲ့ခြင်းဖြစ်သည်။
၎င်းအနေဖြင့် CBF ဥက္ကဋ္ဌ အက်နာဒို ရော့ဒရီဂက်ဇ်၊ နည်းစနစ်ပိုင်းဆိုင်ရာ ညှိနှိုင်းရေးမှူး ဟွမ်ဆန်းတို့စ်တို့နှင့်အတူ ဖြစ်နိုင်ခြေရှိသော နည်းပြများကို ဆန်းစစ်အကဲဖြတ်မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဆီတာနိုက ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ အတွင်းပိုင်းမှာ တွေ့ဆုံဆွေးနွေးမှုတွေ တောက်လျှောက်လုပ်နေပြီး အဲဒီနေရာအတွက် တတ်နိုင်သမျှ အမြန်ဆုံးအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ဆီတာနိုက Sportv သို့ ပြောကြားခဲ့သည်။
ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီမှာ CBF ၏ ဦးစားပေးရွေးချယ်မှု ဖြစ်သည်ဟု ယူဆရပြီး ဂျော့ဂျ်ဂျေးဆူးနှင့် အာဘယ် ဖာရဲရားတို့မှာလည်း လျာထားစာရင်း၌ ပါဝင်နေကြောင်း သိရသည်။ ဇွန်လအတွင်း အီကွေဒေါ၊ ပါရာဂွေးအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ဘရာဇီးအသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအမီ မန်နေဂျာသစ်တစ်ဦး ခန့်အပ်နိုင်ရန် ရည်မှန်းထားသည်ဟု CBF က အစောပိုင်းတွင် ပြောကြားခဲ့သည်။
…..
— တော့တင်ဟမ်ကွင်းလယ်လူ မက်ဒီဆင် ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည်
တော့တင်ဟမ်အသင်း၏ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်မှာ ဒူးဒဏ်ရာကြောင့် ယခုရာသီ၏ လက်ကျန်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိကြောင်း ကလပ်အသင်းက မေ ၅ ရက်၌ အတည်ပြုခဲ့သည်။
မက်ဒီဆင်မှာ ဘိုဒို/ဂလင့်အသင်းအား အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် မေ ၁ ရက် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ နည်းပြ အန်းပေါ့စတီကိုဂလူအနေဖြင့် ၎င်း၏ဒဏ်ရာပြဿနာအပေါ် အစောပိုင်းတွင် အကောင်းမြင်ထားသော်လည်း ဆေးစစ်ချက် ထွက်လာချိန်တွင် ၎င်း၏ဒဏ်ရာမှာ မူလက ထင်ထားသည်ထက် ပိုမိုပြင်းထန်နေကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။
သို့ဖြစ်ရာ မက်ဒီဆင်အနေဖြင့် ယခုတစ်ပတ်၌ နော်ဝေနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ်ပွဲစဉ်နှင့် တော့တင်ဟမ်အသင်း၏ လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ်များကို လွဲချော်မည်ဖြစ်သလို ၎င်း၏အသင်းအနေဖြင့် ယူရိုပါလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါက ဘီဘာအိုမြို့တွင် မေ ၂၁ ရက်၌ ယှဉ်ပြိုင်ကစားရမည့် အဆိုပါ ဗိုလ်လုပွဲကိုလည်း လွဲချော်မည်ဖြစ်သည်။
…..
— ကျဲ့ကျန်းနှင့် ပေကျင်းအသင်းတို့၏ CBA ဗိုလ်လုပွဲက ပြိုင်ပွဲ၏ ကဏ္ဍသစ်ကို ဖွင့်လှစ်ပေး
မေ ၇ ရက်၌ ယှဉ်ပြိုင်ကစားမည့် တရုတ်ဘတ်စကက်ဘောပြိုင်ပွဲ (CBA) ဗိုလ်လုပွဲမှာ ယင်းပြိုင်ပွဲ၏ ကဏ္ဍသစ်ကို ဖွင့်လှစ်ပေးမည်ဖြစ်ကာ ပြိုင်ပွဲ၏ ပါဝါဒိုင်းနမစ် ပြောင်းလဲလာဖွယ်ရှိသည်ကို ညွှန်ပြနေသော အသွင်သစ် အားပြိုင်မှုတစ်မျိုးကို မြင်တွေ့ရမည်ဖြစ်သည်။
Zhejiang Lions အသင်းမှာ တတိယမြောက် ဗိုလ်လုပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ရန် ရည်မှန်းထားပြီး ပြိုင်ဘက် Beijing Ducks အသင်းမှာမူ ဆယ်စုနှစ်တစ်ခုအကြာ၌ ဗိုလ်လုပွဲသို့ ပြန်လည်ရောက်ရှိလာပြီးနောက် စတုတ္ထအကြိမ် ချန်ပီယံဆု ဆွတ်ခူးနိုင်ရန် ရည်မှန်းထားသည်။
၂၀၂၄-၂၀၂၅ CBA ပြိုင်ပွဲရာသီ၏ ဗိုလ်လုပွဲမှာ စိတ်ဝင်စားဖွယ်ကောင်းသည့် အကြိတ်အနယ်ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်မှာ သေချာနေပြီး အစဉ်အလာအားဖြင့် ထိတ်ထိတ်ကြဲအသင်းများဖြစ်သည့် Liaoning Flying Leopards နှင့် Guangdong Southern Tigers အသင်းတို့မှာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ (Xinhua)

(250502) — LONDON, May 2, 2025 (Xinhua) — Tottenham Hotspur’s James Maddison (R) scores during the UEFA Europa League semifinals 1st leg match between Tottenham Hotspur and Bodo/Glimt in London, Britain, May 1, 2025. (Xinhua/Li Ying)

(250326) — BUENOS AIRES, March 26, 2025 (Xinhua) — Cristian Romero (R) of Argentina vies with Matheus Cunha of Brazil during the 2026 FIFA World Cup South American qualifiers football match between Argentina and Brazil in Buenos Aires, capital of Argentina, on March 25, 2025. (Photo by Martin Zabala/Xinhua)
………………….
(English Version)
Alexander Arnold confirms Liverpool departure with Real Madrid likely destination
Liverpool’s England international full-back Trent Alexander-Arnold confirmed on Monday that he will leave the club when his contract expires at the end of June.
Alexander Arnold gave the news in a communique which he published in which he thanked the club and fans for the support he had received during his 20 years at the club he joined as a six-year-old.
“I think first and foremost, I want to say it’s not an easy decision and there’s a lot of thought and feeling that has gone into it. I’ve been here 20 years now, loved every single minute of it, achieved all my dreams, achieved everything I’ve ever wanted to here,” said the 26-year-old.
The defender said he needed “a new change, a new challenge for me as a player and as a person. And I think now is the right time for me to do that.”
Alexander Arnold was one of three Liverpool players out of contract at the end of the season, but striker Mohamed Salah and central defender Virgil van Dijk both signed new two-year deals in April.
…..
Brazil close to appointing new manager, says official
The Brazilian Football Confederation (CBF) aims to name a new men’s national team manager by next week, sporting director Rodrigo Caetano said on Monday.
The position has been vacant since March 28, when Dorival Junior was sacked following a 4-1 World Cup qualifying defeat to Argentina in Buenos Aires.
Caetano said he continued assessing potential candidates with CBF president Ednaldo Rodrigues and technical coordinator Juan Santos.
“We are constantly in internal meetings … and we are trying to confirm this name as quickly as possible,” Caetano told Sportv.
Real Madrid boss Carlo Ancelotti is understood to remain the CBF’s preferred choice, with Jorge Jesus and Abel Ferreira also contenders. The CBF previously said it intended to appoint a new manager in time for Brazil’s World Cup qualifiers against Ecuador and Paraguay in June.
…..
Season ending injury for Tottenham midfielder Maddison
Tottenham’s England midfielder James Maddison is expected to miss the rest of the season with a knee injury, the club has confirmed on Monday.
Maddison hurt his knee in Thursday’s 3-1 win at home to Bodo/Glimt in the first leg of the Europa League semi-final and although coach Ange Postecoglou had originally been optimistic about the seriousness of the problem, tests have now shown the injury is more serious than at first thought.
The news means Maddison will miss this week’s Europa League return leg in Norway and his side’s remaining Premier League matches, as well as the Europa League final in Bilbao on May 21st if his side qualifies.
…..
Zhejiang vs Beijing Finals clash opens new CBA chapter
A new chapter in the Chinese Basketball Association (CBA) league is set to be written as the Finals tip off on Wednesday, featuring a fresh matchup that signals a potential shift in the league’s power dynamics.
The Zhejiang Lions are aiming for their first-ever championship in their third Finals appearance, while the Beijing Ducks, returning to the final stage after a decade-long absence, hope to claim the title for a fourth time.
The 2024-25 CBA season finale promises an intriguing showdown, marked by the absence of traditional powerhouses Liaoning Flying Leopards and Guangdong Southern Tigers.