Asia
ပြည်သူ့အင်အားပါတီမှ နုတ်ထွက်ကြောင်း တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆက်ယို ကြေညာ

ဆိုးလ်၊ မေ ၁၇ ရက် (ဆင်ဟွာ)
တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆက်ယိုသည် ပြည်သူ့အင်အားပါတီမှ နုတ်ထွက်ကြောင်း မေ ၁၇ ရက် နံနက်ပိုင်းတွင် လူမှုမီဒီယာ ပလက်ဖောင်းမှ ထုတ်ပြန်ကြေညာခဲ့သည်။
“ကျွန်တော် ပြည်သူ့အင်အားပါတီကနေ နုတ်ထွက်တာက ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်မှုရရှိရေးနဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီဝါဒကို ထိန်းသိမ်းဖို့အတွက် ဖြစ်ပါတယ်။ ဒါက ကျွန်တော်အခုလုပ်နိုင်တဲ့ အကောင်းဆုံးရွေးချယ်မှုလို့ ကျွန်တော်ထင်ပါတယ်” ဟု ယွန်းဆက်ယိုက ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် ယွန်းဆက်ယိုက ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ၌ ပါဝင်မဲပေးကြရန်နှင့် ၎င်းပါတီ၏ သမ္မတလောင်း ကင်မွန်ဆူ (Kim Moon-soo) ကို ထောက်ခံအားပေးရန်လည်း တိုက်တွန်းခဲ့သည်။
ဧပြီ ၄ ရက်တွင် တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက သမ္မတ ယွန်းဆက်ယို၏ စွဲချက်တင်မှု ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း ကြေညာခဲ့ရာ ယွန်းဆက်ယို ရာထူးမှ ချက်ချင်းဖယ်ရှားခံခဲ့ရသည်။ တရားဥပဒေအရ တောင်ကိုရီးယားနိုင်ငံသည် ရက်ပေါင်း ၆၀ အတွင်း သမ္မတအသစ် ရွေးကောက်ပွဲကို ကျင်းပရမည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံအစိုးရက ဇွန် ၃ ရက်တွင် သမ္မတအသစ် ရွေးကောက်ပွဲကို ကျင်းပမည်ဟု အတည်ပြုခဲ့သည်။
လူလတ်တန်းစား ပြည်သူများ၏ ဆန္ဒမဲထောက်ခံမှုရနိုင်ရန်အတွက် ပြည်သူ့အင်အားပါတီ အတွင်းပိုင်း၌ ယွန်းဆက်ယိုနှင့် ဆက်ဆံရေး “ဖြတ်တောက်” ရန် တိုက်တွန်းသံများ ပေါ်ထွက်လာခဲ့ကြောင်း၊ ထို့နောက် ယွန်းဆက်ယိုအား ပါတီမှထုတ်ပယ်ခြင်းပြုသင့်၊ မပြုသင့် သို့မဟုတ် ၎င်းကိုယ်တိုင် ပါတီမှ နုတ်ထွက်ခိုင်းမည်လော ဟူသည့်ပြဿနာနှင့်စပ်လျဉ်း၍ အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်ဟု ယွန်ဟတ် သတင်းအေဂျင်စီ၏ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
————————-
(Chinese Version)
韩国前总统尹锡悦宣布退出国民力量党
新华社首尔5月17日电(记者黄昕欣 陆睿)韩国前总统尹锡悦17日上午通过社交媒体平台宣布退出国民力量党。
尹锡悦表示:“我离开国民力量党是为了党取得大选胜利和维护自由民主主义,我认为这是我现在能做的最佳选择。”
尹锡悦同时呼吁民众参与大选投票,支持该党总统候选人金文洙。
韩国宪法法院4月4日通过弹劾总统尹锡悦的裁决,尹锡悦即刻被罢免总统职务。根据法律,韩国须在60日内举行新一届总统选举。韩国政府确定6月3日为新一届总统选举日。
据韩联社报道,为了获得中间层的选票支持,国民力量党内部出现了与尹锡悦“断绝”关系的呼声,之后又围绕是否应将尹锡悦开除党籍或让其自行退党的问题发生争议。(完)
图说:4月21日,尹锡悦在韩国首尔中央地方法院出席庭审。新华社/纽西斯通讯社