North America
အမေရိကန်က “Golden Dome” ဒုံးကျည်ကာကွယ်ရေးစနစ် ဖော်ဆောင်ရန် အစီအစဉ် ထုတ်ပြန်

လော့စ်အိန်ဂျလိစ်၊ မေ ၂၁ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်သည် မေ ၂၀ ရက် ညနေပိုင်းတွင် အိမ်ဖြူတော်၌ “Golden Dome” အမည်ရ အာကာသအခြေစိုက် ဒုံးကျည်ကာကွယ်ရေးစနစ်အား ဖော်ဆောင်ရန် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါစနစ်အစီအစဉ်သည် ၃ နှစ်အတွင်း “ဘက်စုံလည်ပတ်သွားမည်” ဟု ဆိုသည်။
“Golden Dome” အစီအစဉ်ကို အမေရိကန်၏ လက်ရှိ ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် ပေါင်းစပ်မည်ဖြစ်ကြောင်း၊ အပြည့်အဝတည်ဆောက်ပြီးသည်နှင့် ကမ္ဘာ့အခြားဒေသများနှင့် အာကာသမှ ပစ်လွှတ်သော ဒုံးကျည်များကိုပင် ကြားဖြတ်တားဆီးနိုင်မည်ဖြစ်ကြောင်း၊ စနစ်တစ်ခုလုံးတည်ဆောက်မှုသည် ကန်ဒေါ်လာ ၁၇၅ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ ၎င်းအနက် လုပ်ငန်းစတင်ရန် ပထမဆုံး အသုံးစရိတ် ကန်ဒေါ်လာ ၂၅ ဘီလီယံကို လွှတ်တော်က စစ်ဆေးအတည်ပြုမည့် လာမည့်ဘဏ္ဍာနှစ် ဘတ်ဂျက်ထဲတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်က ၎င်းတာဝန်ထမ်းဆောင်သည့်ကာလ မပြီးဆုံးမီ အဆိုပါစီမံကိန်းကို ဖော်ဆောင်ပြီးစီးရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။
အာကာသအခြေစိုက် ဒုံးကျည်ကာကွယ်ရေးစနစ်သည် အာကာသဂြိုဟ်ပတ်လမ်းကြောင်းပေါ်တွင် တည်ဆောက်သွားမည့် ဒုံးကျည်ကာကွယ်ရေးစနစ်ဖြစ်ပြီး ၎င်းအယူအဆကို စစ်အေးခေတ်ကာလကတည်းက အဆိုပြုခဲ့ပြီးဖြစ်ကာ ရော်နယ်ရေဂင်ကာလက “Star Wars” အစီအစဉ်အဖြစ် အကောင်အထည်ဖော်ခဲ့သည်။
“Star Wars” အစီအစဉ်ကို နည်းပညာအကြောင်းရင်းကြောင့် စွန့်လွှတ်ခဲ့ပြီးဖြစ်သော်လည်း ထရမ့်က ယခုနှစ် ဇန်နဝါရီတွင် စတင်တာဝန်ထမ်းဆောင်ပြီး တစ်ပတ်အကြာ၌ အမေရိကန် “Iron Dome” ကာကွယ်ရေးစနစ် တည်ဆောက်ရန် အမိန့်လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီတွင် အဆိုပါစနစ်ကို “Golden Dome” အဖြစ် အမည်ပြောင်းခဲ့ကာ ယင်းကို “Star Wars 2.0” အစီအစဉ်ဟုလည်း မီဒီယာအချို့က ခေါ်ဆိုကြသည်။
အဆိုပါအစီအစဉ်၏ အဓိကအချက်မှာ အသေးစားဂြိုဟ်တုပေါင်း ထောင်ချီဖြင့် ဖွဲ့စည်းထားသည့် ဂြိုဟ်တုအုပ်စု တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါဂြိုဟ်တုများတွင် အဓိကအားဖြင့် ဒုံးကျည်ထောက်လှမ်းရေးဂြိုဟ်တုနှင့် ဒုံးကျည်ဖျက်ဆီးရေးဂြိုဟ်တို့ ပါဝင်သည်။ ဒုံးကျည်ထောက်လှမ်းရေးဂြိုဟ်တုသည် ဒုံးကျည်နှင့် သယ်ဆောင်ရေးပစ္စည်း၏ တည်နေရာအား ရှာဖွေရန် တာဝန်ယူရပြီး ဒုံးကျည်ဖျက်ဆီးရေးဂြိုဟ်တုကမူ ဒုံးကျည်အား ကြားဖြတ်တားဆီးရန်နှင့် ဖျက်ဆီးရန် တာဝန်ယူရသည်။
“Golden Dome” စနစ်သည် အမေရိကန်မီဒီယာနှင့် ပညာရှင် အများအပြား၏ သံသယဝင်ခြင်းခံရပြီး အဆိုပါစနစ်သည် နည်းပညာသုတေသနပြုမှုနှင့် အရင်းအနှီးစီစဉ်မှုတွင် ပြင်းထန်သောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည်ဟု ယူဆကြသည်။ ထရမ့်သတ်မှတ်ထားသည့် အချိန်ဇယားက စီမံကိန်းအကောင်အထည်ဖော်မှု အခက်အခဲကို တစ်ဆင့်တိုး များပြားလာစေသည်။ “Golden Dome” စနစ်သည် အာကာသလက်နက် ပြင်ဆင်ရေး ယှဉ်ပြိုင်မှုအား တစ်ဆင့်တိုး ပြင်းထန်လာစေမည်ဟု ပညာရှင်များက သတိပေးကြကြောင်း သိရသည်။ (Xinhua)
————————–
(Chinese Version)
美发布“金穹”导弹防御系统发展规划
新华社洛杉矶5月20日电(记者黄恒)美国总统特朗普20日下午在白宫发布了名为“金穹”的天基导弹防御系统的发展规划,称该系统计划在3年内“全面运转”。
特朗普说,“金穹”将与美国现有的导弹防御能力整合,一旦完全建成,将能够拦截从世界其他地方甚至太空发射的导弹,整个系统将耗资约1750亿美元,其中首笔250亿美元启动资金将在国会审议中的下一财年预算里安排。他还表示,希望在其任期结束前完成该工程。
天基导弹防御系统是建立于太空轨道的导弹防御体系,其概念早在冷战时期便已提出,并落地为里根时期的“星球大战”计划。尽管“星球大战”计划早已因技术原因被放弃,但特朗普今年1月上台一周后便签署行政令要求建造美国“铁穹”防御体系,美国防部2月将该系统更名为“金穹”,有媒体称之为“星球大战2.0”计划。
该计划的核心是建立一个由数千颗小型卫星组成的卫星群,这些卫星主要包括导弹探测卫星和导弹摧毁卫星,前者负责定位导弹和载具,后者负责拦截并摧毁导弹。
“金穹”系统遭到众多美国媒体和专家质疑,认为它在技术研发和资金安排上都面临严峻挑战,特朗普设定的时间表进一步增加了项目的实施难度。专家警告说,“金穹”系统将进一步加剧太空军备竞赛。(完)
图说:5月19日,美国总统特朗普在华盛顿白宫出席活动。新华社记者 胡友松 摄