Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗီးလ် အထူးစီးပွားရေးဇုန်က ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဆို

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်က မေ ၂၂ ရက်တွင် သီဟာနုဗီးလ် အထူးစီးပွားရေးဇုန်၌ အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

သီဟာနုဗီးလ် (ကမ္ဘောဒီးယား) ၊ မေ ၂၃ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗီးလ် အထူးစီးပွားရေးဇုန်သည် ကမ္ဘောဒီးယား-တရုတ် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ရေး စီမံကိန်း၏ စံနမူနာဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်သည် မေ ၂၂ ရက်တွင် သီဟာနုဗီးလ် အထူးစီးပွားရေးဇုန်၌ လုပ်ငန်းကုမ္ပဏီပေါင်း ၂၀၀ ကျော် ဇုန်အတွင်းဝင်ရောက်ခြင်း ဂုဏ်ပြုအခမ်းအနား တက်ရောက်ရာတွင် ပြောကြားခဲ့သည်။ သီဟာနုဗီးလ် အထူးစီးပွားရေးဇုန် အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ သီဟာနုဗီးလ်ပြည်နယ်၏ စီးပွားရေးတိုးတက်မှုအား များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟွန်မန်နက်က သီဟာနုဗီးလ် အထူးစီးပွားရေးဇုန်၏ လက်တွေ့ကျကျ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များအပေါ် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ ၁၀ နှစ်ကျော်အတွင်း သီဟာနုဗီးလ် အထူးစီးပွားရေးဇုန်သည် ပြည်သူများ လူနေမှုဘဝနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်သော အင်အားအဖြစ် အကျိုးပြုခဲ့ကြောင်း၊ သီဟာနုဗီးလ် အထူးစီးပွားရေးဇုန်၏ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုသည် သီဟာနုဗီးလ်ပြည်နယ်၏ စီးပွားရေး တိုးတက်မှုအတွက် များစွာအကျိုးပြုသွားမည်ဖြစ်ကြောင်း၊ သီဟာနုဗီးလ် အထူးစီးပွားရေးဇုန်သည် အနာဂတ်တွင် ပိုမိုများပြားသည့် လုပ်ငန်းကုမ္ပဏီများ ဝင်ရောက်ရန် ဆွဲဆောင်နိုင်ပြီး ပိုမိုများပြားသည့် အလုပ်အကိုင်အခွင့်အလမ်းများ ထောက်ပံ့ပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံသည် ကြာရှည်သည့် အချိန်ကာလအတွင်း ကောင်းမွန်၍ နက်ရှိုင်းသော ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြောင်း၊ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး၊ “စိန်ပွင့်ပမာ ခြောက်ပွင့်ဆိုင်” ပူးပေါင်းဆောင်ရွက်မှု ဖွဲ့စည်းပုံမှ ခေတ်သစ် အချိန်အခါမရွေး ကမ္ဘောဒီးယား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်းအထိဖြစ်ကြောင်း၊ ယင်းသည် သီဟာနုဗီးလ် အထူးစီးပွားရေးဇုန် အောင်မြင်မှုနှင့် သီဟာနုဗီးလ်ပြည်နယ်မှ တစ်နိုင်ငံလုံး စီးပွားရေး တိုးတက်မှုကို တွန်းအားပေးရန်အတွက် အရေးကြီးအင်အားဖြစ်လာခဲ့ကြောင်း ဟွန်မန်နက်က ပြောကြားခဲ့သည်။

သီဟာနုဗီးလ် အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ်တွင် စတင်အုတ်မြစ်ချခဲ့သည်။ လက်ရှိတွင် လုပ်ငန်းကုမ္ပဏီ (အဖွဲ့အစည်း) ပေါင်း ၂၀၂ ခု ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး ဝန်ထမ်းပေါင်း ၃၂,၀၀၀ လုပ်ငန်းခွင်ဝင်လျက်ရှိသည်။ ဇုန်တစ်ခုလုံးရှိ လုပ်ငန်းကုမ္ပဏီများ၏ ၂၀၂၄ ခုနှစ် ပို့ကုန်သွင်းကုန် စုစုပေါင်းပမာဏသည် ကမ္ဘောဒီးယားနိုင်ငံ တစ်နိုင်ငံလုံး ပို့ကုန်သွင်းကုန် ကုန်သွယ်ရေးစုစုပေါင်းပမာဏ၏ ၇.၄၅ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ (Xinhua)

ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗီးလ် အထူးစီးပွားရေးဇုန် တံခါးဝကို မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗီးလ် အထူးစီးပွားရေးဇုန်ကို မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗီးလ် အထူးစီးပွားရေးဇုန်ကို မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗီးလ် အထူးစီးပွားရေးဇုန်ကို မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
柬埔寨首相:西哈努克港经济特区助力柬经济发展
新华社柬埔寨西哈努克城5月22日电(记者吴长伟)柬埔寨首相洪玛奈22日在西哈努克港经济特区参加超200家企业入园庆典仪式时表示,西哈努克港经济特区是柬中共建“一带一路”项目的典范。西哈努克港经济特区的不断发展,将极大助力西哈努克省的经济增长。
洪玛奈对西哈努克港经济特区取得实实在在的发展成果表示祝贺。他说,十多年来,西哈努克港经济特区为人民生活和经济发展贡献了不可或缺的力量。西哈努克港经济特区的不断发展,将极大助力西哈努克省的经济增长,也希望西哈努克港经济特区未来引入更多企业,提供更多就业岗位。
洪玛奈说,柬中长期以来建立了良好而深入的关系,从全面战略合作伙伴关系、“钻石六边”合作架构,到构建新时代全天候柬中命运共同体,这成为推动西哈努克港经济特区成功和西哈努克省乃至全国经济发展的关键动力。
西哈努克港经济特区于2008年奠基,目前有202家企业(机构)入驻,3.2万名员工就业,全区企业2024年进出口总额占柬埔寨全国进出口贸易总额约7.45%。(完)
图说1:5月22日,柬埔寨首相洪玛奈在西哈努克港经济特区发表讲话。新华社发(尼多拉摄)
图说2:这是5月21日拍摄的柬埔寨西哈努克港经济特区大门。新华社发(尼多拉摄)
图说3-5:这是5月22日拍摄的柬埔寨西哈努克港经济特区(无人机照片)。新华社发(尼多拉摄)