Connect with us

North America

ဟားဗက်တက္ကသိုလ် နိုင်ငံတကာ ကျောင်းသားများ လက်ခံခွင့်အား အမေရိကန်အစိုးရ ရုပ်သိမ်း

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ကင်းဘရစ်ချ်မြို့တွင် ဟားဗက်တက္ကသိုလ် စာကြည့်တိုက်အား ၂၀၂၄ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ မေ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်အစိုးရက မေ ၂၂ ရက်တွင် ဟားဗက်တက္ကသိုလ်ရရှိထားသော ကျောင်းသား၊ ကျောင်းသူနှင့် ကူးလူးဖလှယ်သည့် ပညာရှင်များ စီမံကိန်း လုပ်ပိုင်ခွင့်အား ဖယ်ရှားလိုက်ကြောင်း၊ အဆိုပါတက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများ လက်ခံမှုကို တားမြစ်ကြောင်း ကြေညာလိုက်သည်။

အမေရိကန်နိုင်ငံ အမိမြေ လုံခြုံရေးဝန်ကြီးဌာနက ထိုနေ့တွင် ထုတ်ပြန်သည့်ကြေညာချက်အရ အဆိုပါဝန်ကြီးဌာန ဝန်ကြီး Kristi Noem က ယင်းဆုံးဖြတ်ချက်ကို ကြေညာခဲ့ကြောင်း၊ ဤလုပ်ဆောင်ချက်သည် တစ်နိုင်ငံလုံးမှ တက္ကသိုလ်များနှင့် ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများအား သတိပေးချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။ “နိုင်ငံတကာ ကျောင်းသားတွေ ကျောင်းဝင်ခွင့်ပေးတာက အထူးခံစားခွင့်တစ်ခုဖြစ်ပြီး လုပ်ပိုင်ခွင့် မဟုတ်ပါဘူး” ၊ ဟားဗက်တက္ကသိုလ်က ဖက်ဒရယ်ဥပဒေကို အကြိမ်များစွာ ချိုးဖောက်နေသဖြင့် အဆိုပါအထူးခံစားခွင့်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း Kristi Noem က ပြောကြားခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်အရ ဟားဗက်တက္ကသိုလ်သည် နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများ လက်ခံခွင့် မရှိတော့သည့်အပြင် လက်ရှိနိုင်ငံခြားသား ကျောင်းသား၊ ကျောင်းသူများကလည်း ကျောင်းပြောင်းရမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက တရားဝင်နေထိုင်ခွင့်ရှိတော့မည်‌ မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကျောင်းသား၊ ကျောင်းသူနှင့် ကူးလူးဖလှယ်သည့် ပညာရှင်များ စီမံကိန်းကို အမိမြေနှင့် လုံခြုံရေးဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းက စီမံခန့်ခွဲခြင်းဖြစ်ကာ နိုင်ငံခြား ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများနှင့် ကူးလူးဖလှယ်သည့် ပညာရှင်များကို လက်ခံသည့် အမေရိကန် တက္ကသိုလ်နှင့် ကျောင်းများအားလုံး သက်ဆိုင်ရာ ခွင့်ပြုချက် ရရှိရမည်ဖြစ်သည်။

ထို့နောက် ဟားဗက်တက္ကသိုလ်က ကြေညာချက်ထုတ်ပြန်၍ ထရမ့်အစိုးရ၏လုပ်ရပ်သည် တရားမဝင်သည့်အပြင် အန္တရာယ်ရှိကြောင်း၊ ၎င်းတို့တက္ကသိုလ်အနေဖြင့် ၎င်းတို့အသိုက်အဝန်း အဖွဲ့ဝင်များအတွက် လမ်းညွှန်ချက်နှင့် ပံ့ပိုးမှုပေးရန်အတွက် လျင်မြန်စွာ လှုပ်ရှားလျက်ရှိကြောင်း ထောက်ပြပြောကြားခဲ့သည်။

ဟားဗက်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူနှင့် ပညာရှင်များသည် နိုင်ငံပေါင်း ၁၄၀ ကျော်မှ ဖြစ်ကြပြီး ဟားဗက်တက္ကသိုလ်နှင့် တစ်နိုင်ငံလုံးအတွက် ကြီးမားသော စည်းစိမ်ဥစ္စာများ သယ်ဆောင်လာပေးခဲ့ကြောင်း၊ “ဒီလို လက်တုံ့ပြန်တဲ့လှုပ်ရှားမှုက ဟားဗက်အသိုက်အဝန်းနဲ့ ကျွန်တော်တို့ နိုင်ငံအပေါ် ပြင်းထန်တဲ့ ထိခိုက်မှုဖြစ်စေပြီး ဟားဗက်တက္ကသိုလ်ရဲ့ ပညာရပ်နဲ့ သုတေသနတာဝန်ကို ထိခိုက်စေနိုင်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ဆောင်းဦးရာသီ ပညာသင်ကာလအထိ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများ အရေအတွက်သည် ဟားဗက်တက္ကသိုလ် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ အရေအတွက်၏ ၂၇ ရာခိုင်နှုန်းနှင့်အထက် ရှိကြောင်း ဟားဗက်တက္ကသိုလ် အချက်အလက်များအရ သိရသည်။

ယခုနှစ် ဧပြီလတွင် ဟားဗက်တက္ကသိုလ်က ထရမ့်အစိုးရ အဆိုပြုသည့် ၎င်း၏စီမံခန့်ခွဲမှု ဖွဲ့စည်းပုံ၊ ဝန်ထမ်းခန့်အပ်ခြင်းနှင့် ကျောင်းသား လက်ခံခြင်း မူဝါဒအား ပြုပြင်ပြောင်းလဲရန် တောင်းဆိုချက်ကို ငြင်းပယ်ပြီးနောက် ထရမ့်အစိုးရက အဆိုပါတက္ကသိုလ်၏ စုစုပေါင်းပမာဏ ကန်ဒေါ်လာ ၂.၂ ဘီလီယံရှိသည့် နှစ်ရှည်ရန်ပုံငွေ ပံ့ပိုးမှုနှင့် နှစ်ရှည်စာချုပ်ငွေ ကန်ဒေါ်လာ သန်း ၆၀ အား ရပ်ဆိုင်းခဲ့သည်။

ထို့ပြင် ထရမ့်အစိုးရက ဟားဗက်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားများ လက်ခံခွင့်အားဖယ်ရှားမည်၊ ဟားဗက်တက္ကသိုလ်၏ အခွန်ကင်းလွတ်ခွင့်အနေအထားကို ဖယ်ရှားရေးအား စဉ်းစားနေကြောင်း ကြေညာမည် ဟုလည်း ခြိမ်းခြောက်ခဲ့သည်။ ဟားဗက်တက္ကသိုလ်သည် ဧပြီ ၂၁ ရက်တွင် ထရမ့်အစိုးရကို တရားစွဲခဲ့ပြီး အစိုးရက ဖက်ဒရယ်ရန်ပုံငွေ ရပ်ဆိုင်းခြင်းနည်းလမ်းဖြင့် ဟားဗက်တက္ကသိုလ်၏ ပညာရပ်ဆိုင်ရာ ဆုံးဖြတ်ချက်အား ထိန်းချုပ်ရန် ကြိုးပမ်းနေသည်ဟု စွဲဆိုခဲ့သည်။ (Xinhua)

——————–
(Chinese Version)
美国政府取消哈佛大学招收国际学生资质
新华社旧金山5月22日电(记者吴晓凌)美国政府22日宣布取消哈佛大学获得的学生和交流学者项目资质,禁止该校招收国际学生。
根据美国国土安全部当天发表的声明,国土安全部长诺姆宣布了这一决定,称此举是对全国所有大学和学术机构的警告。诺姆说,“招收国际学生是一项特权,而非权利”,由于哈佛大学屡次违反联邦法律,这项特权已被撤销。
声明说,根据这一决定,哈佛大学除了不能再招收国际学生入学外,现有的外国学生必须转学,否则将失去合法身份。
学生和交流学者项目由国土安全部下属机构管理,招收外国留学生和交流学者的美国学校均需获得相关资质。
哈佛大学随后发表声明指出,特朗普政府的行为非法且有害,学校正在迅速行动,为社区成员提供指导和支持。哈佛大学国际学生和学者来自140多个国家,为哈佛大学乃至整个国家带来了巨大的财富。“这一报复性行动可能对哈佛社区和我们的国家造成严重损害,并损害哈佛的学术和研究使命。”
根据哈佛大学的数据,截至2023年秋季学期,国际学生占哈佛学生总数的27%以上。
今年4月,在哈佛大学拒绝特朗普政府提出的改革其管理结构、招聘及招生政策的要求后,特朗普政府冻结了对该校总额为22亿美元的多年期拨款,以及6000万美元的多年期合同款项。此外,特朗普政府还威胁取消哈佛大学招收国际学生的资质、宣布考虑剥夺哈佛大学的免税地位。哈佛大学4月21日对特朗普政府提起诉讼,指控政府试图以冻结联邦资金为手段操纵哈佛大学的学术决策。(完)
图说:这张2024年4月20日在美国马萨诸塞州剑桥拍摄的资料照片显示的是哈佛大学的图书馆。 新华社记者 刘杰 摄