Asia
မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား အကြား စစ်ဘက်ဆိုင်ရာဟော့လိုင်း ပြန်လည်ထူထောင်ရေးအား တွန်းအားပေး ဆောင်ရွက်သွားမည်ဟု လီဂျေမြောင် ပြောကြား

ဆိုးလ်၊ မေ ၂၆ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့သည် စစ်ဘက်ဆိုင်ရာဟော့လိုင်း (Hotline) စသည့် နှစ်နိုင်ငံကြား ဆွေးနွေးရေးလမ်းကြောင်း ပြန်လည်ထူထောင်မှုကို တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တင်းမာမှုဖြစ်စေမည့် အပြုအမူများကို အပြန်အလှန် ရပ်တန့်ကာ အပြန်အလှန်အကျိုးပြုသော တောင်-မြောက် ဆွေးနွေးမှုနှင့် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဟု တောင်ကိုရီးယား ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း လီဂျေမြောင်က မေ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ကိုရီးယားကျွန်းဆွယ်အခြေအနေ တင်းမာမှုပြေလျော့ရေးနှင့် နျူကလီးယားလက်နက် ကင်းစင်ရေး ငြိမ်းချမ်းမှု ရရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြောက်ကိုရီးယားဆိုင်ရာမူဝါဒများသည် နိုင်ငံရေး ကိရိယာများ ဖြစ်၍မရကြောင်း၊ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးကိုသာ ရှေးရှုသင့်ကြောင်း လီဂျေမြောင်က အဆိုပါနေ့တွင် ၎င်း၏ သံတမန်ရေးနှင့် လုံခြုံရေးမူဝါဒကို ဆိုရှယ်မီဒီယာ၌ ဖော်ပြရာတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ၏ အရေးပါသော ကုန်သွယ်ရေးမိတ်ဖက်နှင့် ကိုရီးယားကျွန်းဆွယ် လုံခြုံရေးအပေါ် သက်ရောက်မှုရှိသော နိုင်ငံဖြစ်ရာ တောင်ကိုရီးယား-တရုတ် ဆက်ဆံရေးကို တည်ငြိမ်စွာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း လီဂျေမြောင်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ ၂၁ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို ဇွန် ၃ ရက်တွင် ကျင်းပရန်စီစဉ်ထားသည်။ မေ ၁၀ ရက်တွင် လီဂျေမြောင်သည် သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် တရားဝင် မှတ်ပုံတင်ခဲ့သည်။ (Xinhua)
………………………
(Chinese Version)
李在明说将推进恢复朝韩军事热线
新华社首尔5月26日电(记者陆睿 黄昕欣)韩国共同民主党总统候选人李在明26日表示,将推进恢复韩国与朝鲜军事热线等韩朝沟通渠道,互相停止诱发紧张的行为,推进互惠的南北对话和交流合作。
李在明当天在社交媒体上发表自己的外交安保政策时说,将追求朝鲜半岛局势缓和与无核和平。对朝政策不能成为政治工具,应该只着眼于朝鲜半岛的和平与统一。
李在明表示,中国是韩国重要的贸易伙伴和对朝鲜半岛安全产生影响的国家,将稳定地处理韩中关系。
韩国第21届总统选举定于6月3日举行。本月10日,李在明正式登记成为总统选举候选人。(完)
图说:5月12日,李在明在首尔参加总统选举竞选活动。新华社发(全休相摄)