Connect with us

Europe

ယူကရိန်းနိုင်ငံ မြို့တော်နေရာအများအပြားတွင် လေကြောင်းတိုက်ခိုက်ခံရ၊ ယူကရိန်း ဒရုန်းအစင်း ၂၀၀ ကျော် ပစ်ချခဲ့ဟု ရုရှား ဆို

ကိဗ်/မော်စကို၊ မေ ၂၆ ရက် (ဆင်ဟွာ)
ရုရှားစစ်တပ်သည် မေ ၂၄ ရက် ညပိုင်းမှ ၂၅ ရက် နံနက်ပိုင်းအထိ ယူကရိန်းနိုင်ငံ မြို့တော်ကိဗ် အပါအဝင် မြို့နှင့်ရွာပေါင်း ၃၀ ကျော်အား ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယူကရိန်းအစိုးရက မေ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနကလည်း မေ ၂၄ ရက် ညပိုင်းမှ ၂၅ ရက် နံနက်ပိုင်းအထိ ရုရှားနိုင်ငံ ဒေသအများအပြား၌ ယူကရိန်းဒရုန်း စုစုပေါင်း အစင်းရေ ၂၀၅ စင်းကို ပစ်ချခဲ့ကြောင်း မေ ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရုရှားစစ်တပ်သည် မေ ၂၄ ရက် ညပိုင်းမှ ၂၅ ရက် နံနက်ပိုင်းအထိ Kursk ဒေသ စသည့်နေရာများမှ ယူကရိန်းနိုင်ငံ ပြည်တွင်းသို့ အမျိုးအစား အမျိုးမျိုးရှိသော ဒုံးကျည် ၆၉ လုံး၊ ဒရုန်း ၂၉၈ စင်း ပစ်လွှတ်ခဲ့ကြောင်း ယူကရိန်း လေတပ်က မေ ၂၅ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်ရေးသားခဲ့သည်။ မေ ၂၅ ရက် နံနက် ၉ နာရီအထိ ယူကရိန်း လေကြောင်းကာကွယ်ရေးလက်နက်နှင့် အီလက်ထရွန်းနစ်စစ်ပွဲ စက်ပစ္စည်းများက ၎င်းအနက် ဒုံးကျည် ၄၅ လုံးနှင့် ဒရုန်း ၂၆၆ စင်းကို ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း သိရသည်။
ယခုအကြိမ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိဗ်ပြည်နယ် စသည့် ဒေသများစွာတွင် လူ ၁၂ ဦး သေဆုံးကာ ၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံ အမျိုးသားအရေးပေါ်အခြေအနေ ဝန်ဆောင်မှုဌာန၊ နိုင်ငံတော်ရဲဌာနနှင့် ဒေသန္တရအစိုးရများ၏ မေ ၂၅ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ ထို့ပြင် Odesa ပြည်နယ် ၊ Sumy ပြည်နယ် စသည့် ဒေသများတွင်လည်း လေကြောင်းတိုက်ခိုက်ခံရကာ သေဆုံးဒဏ်ရာရသူ အရေအတွက်ကို အတည်ပြုဆဲဖြစ်ကြောင်း သိရသည်။
မေ ၂၅ ရက် နံနက် ၀ နာရီမှ ၇ နာရီအထိ ရုရှား လေကြောင်းကာကွယ်ရေးတပ်ဖွဲ့သည် မော်စကိုပြည်နယ်နှင့် Tver ပြည်နယ် ဝေဟင်ထက်တွင် ဒရုန်း ၁၃ စင်းစီ ပစ်ချမှုအပါအဝင် ရုရှားဝေဟင်ထက်၌ ယူကရိန်းဒရုန်း စုစုပေါင်း အစင်းရေ ၁၁၀ စင်းအား ပစ်ချခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၅ ရက် အစောပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်တွင် မေ ၂၄ ရက် ၂၀ နာရီမှ ၂၅ ရက် ၀ နာရီအထိ ရုရှားနိုင်ငံ ဒေသအများအပြားတွင် ယူကရိန်းဒရုန်း စုစုပေါင်း ၉၅ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း၊ ၎င်းအနက် ၂ စင်းကို မော်စကိုပြည်နယ် အထက်ဝေဟင်တွင် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း၊ ဒရုန်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် မေ ၂၄ ရက် ညပိုင်းမှ ၂၅ ရက် နံနက်ပိုင်းအထိ မော်စကိုမြို့၏ လေဆိပ် ၄ ခုနှင့် Kaluga ပြည်နယ် လေဆိပ် ၁ ခုတွင် လုံခြုံရေးအကြောင်းရင်းကြောင့် ယာယီလေကြောင်းပျံသန်းမှု ကန့်သတ်ခြင်းများ အကြိမ်များစွာ လုပ်ဆောင်ခဲ့ရသည်ဟု ရုရှားဖက်ဒရယ် လေကြောင်းပို့ဆောင်ရေး အေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

——————-
(Chinese Version)
乌首都等多地遭空袭 俄称击落200余架乌无人机
新华社基辅/莫斯科5月25日电 据乌克兰官方25日发布的消息,24日晚至25日凌晨,俄军使用导弹和无人机袭击乌首都基辅等30余座城市和村庄,造成至少12人死亡。俄罗斯国防部25日发布通报说,24日夜至25日晨,俄多地共击落205架乌克兰无人机。
乌克兰空军25日在社交媒体发文说,24日晚至25日凌晨,俄军从库尔斯克州等地向乌境内发射69枚各型导弹、298架无人机。截至25日上午9时,乌防空火力和电子战设备拦截了其中45枚导弹和266架无人机。
据乌国家紧急情况局、国家警察局和地方政府25日发布的消息,本轮空袭已造成基辅州等多地12人死亡、59人受伤。此外,敖德萨州、苏梅州等地也遭到空袭,伤亡人数还在核实中。
俄罗斯国防部25日通报说,当天零时至7时,俄防空部队在俄上空共击落110架乌无人机,其中莫斯科州和特维尔州上空各有13架被击落。此外,俄国防部在25日早些时候发布的一份通报中说,24日20时至25日零时,俄多地共击落95架乌无人机,其中2架在莫斯科州上空被击落。无人机袭击没有造成人员伤亡。
另据俄航空署通报,24日夜至25日晨,莫斯科的4个机场以及卡卢加州1个机场因安全问题数次启动临时航空管制。(完)