Connect with us

North America

ဟားဗက်တက္ကသိုလ်အတွက် ခွင့်ပြုငွေ ကန်ဒေါ်လာ ၃ ဘီလီယံ ထပ်မံလျှော့ချမည်ဟု ထရမ့် ခြိမ်းခြောက်

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ကိန်းဘရစ်ချ်မြို့ရှိ ဟားဗက်တက္ကသိုလ် ကျောင်းဝန်းအား ၂၀၂၅ ခုနှစ် မေ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်သည် မေ ၂၆ ရက်တွင် ဟားဗက်တက္ကသိုလ်အား အရင်းအနှီးငွေ လျှော့ချမည်ဟု ထပ်မံခြိမ်းခြောက်ခဲ့ပြီး ဟားဗက်တက္ကသိုလ်က နိုင်ငံခြားသား ကျောင်းသား အမည်စာရင်း မတင်ပြပါက ဖက်ဒရယ်အစိုးရအနေဖြင့် အဆိုပါတက္ကသိုလ်အတွက် ကန်ဒေါ်လာ ၃ ဘီလီယံ ခွင့်ပြုငွေအား လျှော့ချရန် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်‌ကာ အဆိုပါငွေများကို တစ်နိုင်ငံလုံး ဒေသအသီးသီးမှ အသက်မွေးဝမ်းကျောင်း စာသင်ကျောင်းများကို ခွဲဝေပေးသွားမည်ဟု ဆိုခဲ့သည်။

ထရမ့်က ထိုနေ့တွင် လူမှုမီဒီယာ “Truth Social” ၌ ပို့စ်ရေးသားကာ ၎င်းအနေဖြင့် “အလွန်အမင်း ဂျူးမုန်းတီးသော” ဟားဗက်တက္ကသိုလ်ထံမှ ခွင့်ပြုငွေ ကန်ဒေါ်လာ ၃ ဘီလီယံအား “ယူသွား” ပြီး အဆိုပါငွေများအား တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးမှ အသက်မွေးဝမ်းကျောင်း စာသင်ကျောင်းများအား ခွဲဝေပေးရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ကို ပြန်လည်ဝင်ရောက်ရန် ခွင့်မပြုသင့်သော “အစွန်းရောက်သော ရူးသွပ်သူများနှင့် ပြဿနာဖန်တီးသူများ” မည်မျှရှိသနည်းကို အတည်ပြုရန်အတွက် ဖက်ဒရယ်အစိုးရအနေဖြင့် ဟားဗက်တက္ကသိုလ်မှ နိုင်ငံခြားသား ကျောင်းသား အမည်စာရင်း တင်ပြရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ထရမ့်က အခြားပို့စ်တစ်ခုတွင် ရေးသားဖော်ပြထားသည်။ ဟားဗက်ဘက်က အဆိုပါစာရွက်စာတမ်းများ ပံ့ပိုးပေးရေးအပိုင်းတွင် “အလွန်နှေးကွေး” သည်ဟုလည်း ၎င်းကဆိုသည်။

ထိုမတိုင်မီ ရှေ့တစ်ရက်က ထရမ့်သည် ဟားဗက်တက္ကသိုလ်မှ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူ တစ်ရပ်လုံး “အမည်နှင့် နိုင်ငံသား” အချက်အလက်များ တင်ပြရန် တောင်းဆိုခဲ့သည်။
မေ ၂၂ ရက်တွင် အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနသည် ဟားဗက်တက္ကသိုလ် ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူနှင့် ကူးလူးဖလှယ်ရေး ပညာရှင်များ စီမံကိန်း လုပ်ပိုင်ခွင့်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီး အဆိုပါကျောင်း၏ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများ လက်ခံခွင့်အား တားမြစ်ခဲ့သည်။ ဟားဗက်တက္ကသိုလ်က ဆက်လက်ပြီး အဆိုပါမူဝါဒနှင့်စပ်လျဉ်း၍ ထရမ့်အစိုးရအား တရားစွဲဆိုခဲ့သည်။

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဖက်ဒရယ်ဒေသန္တရတရားရုံးမှ တရားသူကြီး တစ်ဦးသည် မေ ၂၃ ရက်တွင် ထရမ့်အစိုးရက ဟားဗက်တက္ကသိုလ် နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများ လက်ခံခွင့် တားမြစ်သည့် မူဝါဒအပေါ် ယာယီကန့်သတ်အမိန့် ချမှတ်ခဲ့ပြီး ကြားနာပွဲမပြုလုပ်မီ “မူလအခြေအနေအတိုင်း ဆက်လက်ထိန်းသိမ်းထားရန်” တောင်းဆိုခဲ့သည်။

၂၀၂၃ ခုနှစ် ဆောင်းဦးရာသီ ပညာသင်ကာလအထိ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများ အရေအတွက်သည် ဟားဗက်တက္ကသိုလ် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ အရေအတွက်၏ ၂၇ ရာခိုင်နှုန်းနှင့်အထက် ရှိကြောင်း ဟားဗက်တက္ကသိုလ် အချက်အလက်များအရ သိရသည်။ လက်ရှိ ဟားဗက်တက္ကသိုလ်တွင် နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူနှင့် ပညာရှင်ပေါင်း ၆,၈၀၀ နီးပါးကို လက်ခံထားပြီး ၎င်းတို့သည် နိုင်ငံနှင့် ဒေသပေါင်း ၁၄၀ ကျော်မှ ဖြစ်ကာ ၎င်းအနက်အများစုသည် မဟာဘွဲ့သင်တန်းကို လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။

ဟားဗက်တက္ကသိုလ်မှ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများ လက်ခံခွင့်ကို တားမြစ်ခြင်းသည် ထရမ့်အစိုးရက အဆိုပါတက္ကသိုလ်ပေါ် ဖိနှိပ်သည့် နောက်ဆုံးအစီအမံပင်ဖြစ်သည်။ ဧပြီ ၁၄ ရက်တွင် ဟားဗက်တက္ကသိုလ်က ထရမ့်အစိုးရ အဆိုပြုသည့် ၎င်း၏စီမံခန့်ခွဲမှု ဖွဲ့စည်းပုံ၊ ဝန်ထမ်းခန့်အပ်ခြင်းနှင့် ကျောင်းသား လက်ခံခြင်း မူဝါဒအား အများအပြား ပြုပြင်ပြောင်းလဲရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်။ ထို့နောက် ထရမ့်အစိုးရက အဆိုပါတက္ကသိုလ်၏ စုစုပေါင်းပမာဏ ကန်ဒေါ်လာ ၂.၂ ဘီလီယံရှိသည့် နှစ်ရှည်ရန်ပုံငွေ ပံ့ပိုးမှုနှင့် နှစ်ရှည်စာချုပ်ငွေ ကန်ဒေါ်လာ သန်း ၆၀ အား ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။ (Xinhua)

———————-
(Chinese Version)
特朗普威胁进一步削减哈佛大学30亿美元拨款
新华社华盛顿5月26日电(记者熊茂伶)美国总统特朗普26日再度对哈佛大学发出削减资金威胁,称如果哈佛不提交外国学生名单,联邦政府将考虑削减该校的30亿美元拨款,并将这些拨款分配给全国各地的职业学校。
特朗普当天在社交媒体“真实社交”上发文称,他正考虑从“非常反犹的”哈佛大学“拿走”30亿美元拨款,并将其分配给全国各地的职业学校。
特朗普在另一条贴文中称,联邦政府仍在等待哈佛大学提交外国学生名单,以确定有多少“激进的疯子和麻烦制造者”不应被允许重新进入美国。哈佛在提供这些文件方面“非常缓慢”。
此前一天,特朗普要求哈佛大学提交全体国际学生的“姓名与国籍”信息。
本月22日,美国国土安全部宣布取消哈佛大学获得的学生和交流学者项目资质,禁止该校招收国际学生。哈佛大学随即就这一政策起诉特朗普政府。美国马萨诸塞州联邦地区法院一名法官23日对特朗普政府禁止哈佛大学招收国际学生的政策发出临时限制令,要求在举行听证会之前“维持现状”。
根据哈佛大学的数据,截至2023年秋季学期,国际学生占该校学生总数的27%以上。目前,哈佛大学招收了近6800名国际学生和学者,他们来自140多个国家和地区,其中大多数在攻读研究生课程。
禁止哈佛大学招收国际学生成为特朗普政府对该校进行打压的最新举措。4月14日,哈佛大学拒绝了特朗普政府提出的对其管理结构、招聘及招生政策进行大幅改革的要求。特朗普政府随后宣布,将冻结对该校总额为22亿美元的多年期拨款,以及6000万美元的多年期合同款项。(完)
图说:5月24日在美国马萨诸塞州剑桥拍摄的哈佛大学校园。新华社发(朱子于摄)