Environment, Disasters & Accidents
မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု အကြိမ် ၁၈၀ ရှိ

ရန်ကုန်၊ မေလ ၂၇ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် ပြင်းအားအဆင့် ၂.၈ မှ ၇.၅ အထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု အကြိမ် ၁၈၀ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ငလျင်ကြီး လှုပ်ခတ်သည့် မတ်လ ၂၈ ရက်မှ မေလ ၂၄ ရက်အထိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃,၇၀၀ ဝန်းကျင်ရှိပြီး လူပေါင်း ၅,၁၀၀ ကျော် ဒဏ်ရာရရှိကာ ပျောက်ဆုံးသူ ၇၅ ဦးရှိကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။ (Xinhua)