China
တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာရှေ့ဆက် ထိန်းကျောင်းလျက်ရှိ
ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အချိန် ကိုးနှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အမေရိကန်သမ္မတ တစ်ဦးအနေဖြင့် တရုတ်နိုင်ငံသို့ ခရီးစဉ် စတင်လိုက်ပြီဖြစ်ရာ နှစ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် အပြုသဘောဆောင်၍ တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်မှု ဖော်ဆောင်ရေးအတွက် အခွင့်အလမ်းအဖြစ် ရင်ဆိုင်တွေ့ကြုံနေရပြီဖြစ်သည်။
နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ဆန်းစစ်ကြည့်ပါက နိမ့်ချည်မြင့်ချည်ရှိနေသော်ငြားလည်း ခြုံငုံကြည့်ပါက တည်ငြိမ်မှုကို ထိန်းသိမ်းထားလျက်ရှိကြောင်း၊ နိုင်ငံ့ခေါင်းဆောင်များ သံတမန်ဆက်ဆံရေးမှာ ဆက်ဆံရေး၏ “ကျောက်ဆူး” အဖြစ် အစဉ်အမြဲ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းကို ဖော်ပြနေပြီး နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အစားထိုးမရနိုင်သော မဟာဗျူဟာလမ်းညွှန်မှု အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသလို အရေးပါသော ဗျူဟာမြောက် ထိန်းသိမ်းစောင့်ရှောက်မှုကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
အချိန်တစ်နှစ်ကျော်အကြာ ယခုအခါ၌မူ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှုအများအပြားနှင့် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် အောင်မြင်သော ဆွေးနွေးပွဲ အပါအဝင် ခိုင်မာသော ဆက်ဆံရေးကို ထိန်းထားလျက်ရှိကာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် လားရာနှင့် ရှေးရှုရာကို ရေးဆွဲလျက်ရှိသည်။ ယမန်နှစ် အောက်တိုဘာလက ဘူဆန်ဆွေးနွေးပွဲမှစ၍ တရုတ်-အမေရိကန်ဆက်ဆံရေးမှာ အလုံးစုံ တည်ငြိမ်မှုနှင့် ကောင်းမွန်သော အရှိန်အဟုန်ကို ထိန်းသိမ်းထားကာ နှစ်နိုင်ငံလုံးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ယင်းတိုးတက်မှုကို ကျယ်ကျယ်ပြန့်ပြန့်လက်ခံကြိုဆိုလျက်ရှိသည်။
သမ္မတ ရှီ မှတ်ချက်ပြုထားသည့်အတိုင်းပင် ဆွေးနွေးမှုဟူသည် ထိပ်တိုက်တွေ့ဆုံမှုထက် သာ၍ကောင်းလှပေသည်။ နှစ်ဘက်အနေဖြင့် အမြော်အမြင်ကြီးမားစွာ တွေးတောဆင်ခြင်၍ ပူးပေါင်းဆောင်ရွက်မှု၏ ရေရှည်အကျိုးဖြစ်ထွန်းမှုကို အသိအမှတ်ပြုရပေမည်။ တစ်ချိန်တည်းမှာပင် ယနေ့ခေတ်ကမ္ဘာကြီးအနေဖြင်လည်း ရှုပ်ထွေးလှသော စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိရာ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် နိုင်ငံကြီးများဖြစ်သည့်အလျောက် ၎င်းတို့၏ တာဝန်ဝတ္တရားများကို လက်တွဲကာထမ်းရွက်ကြရမည်ဖြစ်ပေသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260513/da10cd0dfbee4590b15a3c507421d62d/c.html
……………………………………..
(English Version)
Steering China-U.S. relations steadily forward
BEIJING, May 13 (Xinhua) — As U.S. President Donald Trump is kicking off his state visit to China — the first by a U.S. president in almost nine years, the two countries face an opportunity to explore the building of a strategic, constructive and stable China-U.S. relationship.
A review of bilateral relations, which have maintained overall stability despite ups and downs, demonstrates that head-of-state diplomacy has always served as the “anchor” of the relationship, playing an irreplaceable strategic guiding role and providing important strategic safeguards for the improvement and development of bilateral ties.
For more than a year now, Chinese President Xi Jinping and President Trump have maintained sound communication, including multiple phone calls and a successful meeting in Busan, the Republic of Korea, charting the direction and course for bilateral relations. Since the Busan meeting in October last year, China-U.S. relations have maintained overall stability and a positive momentum, a development widely welcomed by both countries and the international community.
As Xi has noted, dialogue is better than confrontation. The two sides should think big and recognize the long-term benefit of cooperation. Meanwhile, the world today is confronted with many complex challenges. China and the United States can jointly shoulder their responsibilities as major countries.
https://english.news.cn/20260513/da10cd0dfbee4590b15a3c507421d62d/c.html
