Connect with us

Media

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် အိမ်ထောင်စု ၁,၀၀၀ ကျော် ရွှေ့ပြောင်း

ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကချင်ပြည်နယ်ရှိ အိမ်ထောင်စု ၁,၀၀၀ ကျော် ရွှေ့ပြောင်းနေထိုင်နေရကြောင်း ယနေ့(ဇွန် ၂ရက်) မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မြစ်ရေမြင့်တက်လာမှုကြောင့် ယနေ့ထိ အိမ်ထောင်စု ၁,၁၆၅ စုမှ စုစုပေါင်း လူ ၅၅,၁၁၇ ဦးအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

ယင်းမြစ်ရေသည် မေလ ၃၁ ရက်နေ့မှ စတင်၍ မြင့်တက်လာပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ ကယ်ဆယ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကချင်ပြည်နယ်ရှိ မြေနိမ့်ပိုင်းဒေသများမှ ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရေး ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် ဇွန် ၂ ရက် နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ်ထက် ၂ လက်မခန့် မြင့်တက်လာကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်ရှိ မြေနိမ့်ပိုင်းဒေသများနှင့် မြစ်ကမ်းပါးတစ်လျှောက်ရှိ ဒေသခံများအား အန္တရာယ်ကင်းသော နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် သတိပေးထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117