Environment, Disasters & Accidents5 years ago
ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးလာသဖြင့် လူနေအိမ်များ ပြောင်းရွေ့
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ယနေ့ (ဇူလိုင် ၁၃ ရက်) နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေ ရေကြီးရေလျှံမှုများဖြစ်ပေါ်လာသဖြင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွေ့နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။