Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ ကာရာအိုကေဘား မီးလောင်မှုကြောင့် ၁၂ ဦး သေဆုံး၊ ၇၃ ဦး ဒဏ်ရာရ

ကာရာအိုကေဘား မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် သေဆုံးသွားသူများကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျာကာတာ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ အရှေ့ပိုင်း မာနာဒိုမြို့ရှိ ကာရာအိုကေ ဘားတစ်ခုတွင် အောက်တိုဘာလ ၂၅ ရက်နေ့ အစော ပိုင်းက မီးလောင်ကျွမ်းမှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး ၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝ ဘေး စီမံခန့်ခွဲမှု အေဂျင်စီ၊ ဋ္ဌာနမှူးက ပြောသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၁း၀၀ နာရီ အချိန်တွင် မာနာဒိုမြို့၊ Boulevard လမ်းရှိ အဆောက်အအုံ ဒုတိယထပ်တွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးခိုးလုံးကြီးများဖြင့် ပိတ်နေခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံ သဘာဝ ဘေး စီမံခန့်ခွဲမှု အေဂျင်စီ၊ ဋ္ဌာနမှူး မက်စ် တာတာဟီဒီက ပြောသည်။

၎င်းကပဲ “လူတွေက ဒုတိယနဲ့ တတိယထပ်တွေမှာ ပိတ်မိနေပြီး အများစုက တတိယထပ်မှာ ရောက်နေကြ တယ်၊ သေဆုံးသူ အများစုက မီးခိုးငွေ့တွေနဲ့ အသက်ရှူကြပ်ပြီး သေဆုံးသွားရတယ်” ဟု ဖုန်းမှတဆင့် ဆင်ဟွာသို့ ပြောသည်။

ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ အမြန် ပို့ဆောင်ခဲ့ရကြောင်း တာတာဟီဒီက ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117