Asia
ထိုင်းနိုင်ငံအနေဖြင့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အား ပိတ်ဆို့ထားခြင်းမရှိဟု ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆို

ဘန်ကောက်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနှင့်နယ်စပ်အား ပိတ်ဆို့ထားခြင်းမရှိကြောင်း၊ လက်ရှိကျင့်သုံးနေသည့် စီမံခန့်ခွဲမှုအစီအမံမှာ အခြေအနေတိုးတက်မှုနှင့် လုံခြုံရေးအရ ထည့်သွင်းစဉ်းစားမှုကို အခြေခံထားခြင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် မည်သည့်ခြိမ်းခြောက်မှုကိုမျှ လက်ခံသွားမည်မဟုတ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန်က ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနှင့်နယ်စပ်အား ပိတ်ဆို့ထားခြင်းမရှိဘဲ နယ်စပ်ဂိတ် ဖွင့်လှစ်သည့်အချိန်အား ပြင်ဆင်ထားခြင်းဖြစ်ကြောင်း၊ ယင်းသည် အခြေအနေတိုးတက်မှုနှင့် လုံခြုံရေးအရ အကဲဖြတ်မှုကို အခြေခံ၍ လုပ်ဆောင်ထားသည့် ဆုံးဖြတ်ချက်ဖြစ်ပြီး ယင်းနှင့်စပ်လျဉ်း၍လည်း ကမ္ဘောဒီးယားဘက်အား အသိပေးပြီးဖြစ်ကြောင်း ပေထုံတန်က ထိုနေ့တွင် မီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားဘက်က သက်ဆိုင်ရာ သဘောထားထုတ်ပြန်ချက်နှင့် သတင်းအချက်အလက် ထုတ်ပြန်မှုပုံစံနှင့် စပ်လျဉ်း၍ ပေထုံတန်က ယင်းသည် ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်၏ တည်ရှိဆဲယန္တရားအတွင်းမှ တရားဝင် ဆွေးနွေးမှု မဟုတ်သလို ပဋိပက္ခဖြေရှင်းရန်အတွက်လည်း အကျိုးမရှိသည့်အပြင် မလိုအပ်သော အထင်လွဲမှုများ ဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံစစ်တပ်မှ အစည်းအဝေးကျင်းပကာ နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုယန္တရားနှင့် ရင်ဆိုင်ရေးအစီအမံများ အကြောင်းဆွေးနွေးရန် ကမ္ဘောဒီးယားဘက်အား အဆိုပြုခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းစစ်တပ်ဘက်က ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ကို ၂၄ နာရီအတွင်း ပုံမှန်သွားလာခွင့်မပြုသေးပါက ကမ္ဘောဒီးယားနေဖြင့် ဇွန် ၁၇ ရက်မှစ၍ ထိုင်းလယ်ယာထွက်ကုန်ပစ္စည်းများ ပြည်ဝင်ခွင့်ကို ဘက်စုံတားမြစ်သွားမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်က ဇွန် ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ ထိုင်းစစ်တပ်ဘက်က ရှေးဦးစွာ နယ်စပ်ဂိတ်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု ဟွန်ဆန်က ပြစ်တင်ခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ စစ်တပ်တို့သည် မေ ၂၈ ရက်တွင် နယ်စပ်အငြင်းပွားမှုရှိသည့်ဒေသ၌ ယာယီပဋိပက္ခဖြစ်ပွားခဲ့ရာ နှစ်ဖက်က ၁၀ မိနစ်ဝန်းကျင် ပစ်ခတ်ထိတွေ့မှုဖြစ်ခဲ့ပြီး ကမ္ဘောဒီးယား စစ်သည်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
泰国总理:泰国并未关闭泰柬边境
新华社曼谷6月16日电(记者林昊 任芊)泰国总理佩通坦16日说,泰方并未关闭与柬埔寨的边境,目前采取的管理措施基于局势发展和安全考虑,泰方不接受任何威胁。
佩通坦当天对媒体说,泰国并未关闭与柬埔寨的边境,而是调整了边境口岸的开放时间,这是基于局势发展及安全评估作出的决定,已就此通知柬方。
对于柬方有关表态和信息发布方式,佩通坦表示,这并不属于泰柬双方既有机制内的正式沟通,无益于冲突解决,可能造成不必要的误解。她说,已向柬方提议由两国军方举行会议,共同讨论下一步的合作机制与应对措施。
柬埔寨人民党主席、参议院主席洪森16日发表声明说,如果24小时内泰国军方仍未恢复柬泰边境正常通行,柬埔寨将从17日起全面禁止泰国农产品入境。洪森指责泰国军方单方面率先关闭口岸。
柬埔寨和泰国军队5月28日在边境争议地区发生短暂冲突,双方交火持续约10分钟,1名柬埔寨士兵身亡。(完)
图说:6月8日,在柬埔寨班迭棉吉省波贝市,人们等待通过柬泰边境的波贝检查站。新华社发(棉吉摄)