Asia
ကင်ဂျုံအန်းနှင့် ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu တွေ့ဆုံဆွေးနွေး

ပြုံယမ်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် မြောက်ကိုရီးယားသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu နှင့် ဇွန် ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း KCNA သတင်းဌာန၏ ဇွန် ၁၈ ရက် သတင်းဖော်ပြချက်အရ သိရသည်။
“ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်” လက်မှတ်ရေးထိုးသည့် တစ်နှစ်ပြည့် အခါသမယတွင် မြောက်ကိုရီးယားသို့ ခရီးစဉ် ရောက်ရှိလာသည့်အပေါ် Sergei Shoigu အား ကြိုဆိုကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက်အနေဖြင့် လက်ရှိ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် အနာဂတ်အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကင်ဂျုံအန်းက “အထူးစစ်ရေးလှုပ်ရှားမှုနှင့် Kursk ပြည်နယ် လက်ရှိ အခြေအနေများအပေါ် မှန်ကန်သည့် နားလည်မှုများကြောင့်” နှစ်နိုင်ငံ သဘောတူညီချက် အတိုင်းအတာအတွင်းတွင် မြောက်ကိုရီးယား၏ ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာများကို အတည်ပြုကာ သက်ဆိုင်ရာ အစီအစဉ်များကို သဘောတူညီခဲ့ပြီး လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်အလွှာက နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေ စသည်တို့အပေါ် အပြန်အလှန် ဂရုပြုစိုးရိမ်မှုများကို အမြင်သဘောထားချင်း ကျယ်ကျယ်ပြန့်ပြန့် ဖလှယ်ခဲ့ကြရာ သဘောတူညီချက်များ ရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားအနေဖြင့် ရုရှားနိုင်ငံကို “အစဉ်အမြဲ မပြောင်းမလဲ ခြွင်းချက်မရှိ ထောက်ခံအားပေးမည်” ဖြစ်ကြောင်း၊ မြောက်ကိုရီးယား-ရုရှား နှစ်နိုင်ငံ သဘောတူညီချက်ပါ အကြောင်းအရာအသီးသီးကို စေ့စပ်သေချာစွာ ယခင်ကဲ့သို့ မပြောင်းမလဲ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ဇွန်လတွင် ကင်ဂျုံအန်းနှင့် ရုရှား သမ္မတ ပူတင်တို့သည် ပြုံယမ်းမြို့၌ “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့သည်။ (Xinhua)
—————–
(Chinese Version)
金正恩会见俄罗斯联邦安全会议秘书绍伊古
新华社平壤6月18日电(记者冯亚松 王超)据朝中社18日报道,朝鲜劳动党总书记、国务委员长金正恩17日会见了到访的俄罗斯联邦安全会议秘书绍伊古。
报道说,金正恩欢迎绍伊古在朝俄《全面战略伙伴关系条约》签订1周年之际到访朝鲜。双方在会谈中讨论了当前合作事项和远景计划。
报道说,金正恩“出于对特别军事行动以及库尔斯克州当前情况的正确理解”,确定了在两国条约范围内朝鲜的合作内容,同意了相关计划,并讨论了必要的合作方案。
报道说,双方广泛交换了两国领导层对国际及地区局势等彼此关切问题的意见,并达成共识。
金正恩表示,朝鲜将“始终不渝地无条件支持”俄罗斯,将一如既往认真履行朝俄两国条约各项条款。
2024年6月,金正恩与俄罗斯总统普京在平壤签署《全面战略伙伴关系条约》。(完)
1. 这是朝中社发布的金正恩在“崔贤”号驱逐舰上视察部队的画面。新华社/朝中社