Connect with us

Europe

G7 အဖွဲ့ ထိပ်သီးအစည်းအဝေး ကျင်းပပြီးစီး၊ အစ္စရေး-အီရန်ပဋိပက္ခအား ဖြေရှင်းရန် တိုက်တွန်း

ကနေဒါနိုင်ငံ ကယ်လ်ဂရီမြို့နှင့် ၁၀၀ ကီလိုမီတာခန့် အကွာရှိ ကာနာနာစကစ်ရွာတွင် G7 အဖွဲ့ဝင် ခေါင်းဆောင်များက မျက်နှာစုံညီအစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကနေဒါအစိုးရအဖွဲ့)

ကနေဒါ ကယ်လ်ဂရီ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)
၂ ရက်ကြာကျင်းပခဲ့သည့် G7 အဖွဲ့ ထိပ်သီးအစည်းအဝေးသည် ဇွန် ၁၇ ရက်တွင် ကနေဒါနိုင်ငံ ကယ်လ်ဂရီမြို့နှင့် ၁၀၀ ကီလိုမီတာခန့် အကွာရှိ ကာနာနာစကစ်ရွာ၌ ကျင်းပပြီးစီးခဲ့သည်။ အစည်းအဝေး တက်ရောက်လာသောခေါင်းဆောင်များက အစ္စရေးနှင့် အီရန် ပဋိပက္ခဖြေရှင်းခြင်းဖြင့် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုအခြေအနေ အရှိန်လျော့လာစေရန် တိုက်တွန်းခဲ့ကြသည်။

ယခုအကြိမ် ထိပ်သီးအစည်းအဝေးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မာ့ခ်ကာနီက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ G7 အဖွဲ့ဝင်ခေါင်းဆောင်များသည် အရေးကိစ္စအများအပြားနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများ ရှိကြောင်း ဝန်ခံခဲ့သည်။ သို့သော် ၎င်းတို့သည် အချို့သောအရေးကိစ္စများအတွက် တူညီသောဖြေရှင်းရေးနည်းလမ်း ရှာဖွေတွေ့ရှိရန် ကြိုးပမ်းနေကြကြောင်း ၎င်းကပြောကြားခဲ့သည်။

ထိပ်သီးအစည်းအဝေးတွင် အရှေ့အလယ်ပိုင်းအခြေအနေ၊ ဉာဏ်ရည်တု၊ ကွမ်တန်တွက်ချက်မှု၊ အဓိက သတ္တုထုတ်ကုန်နှင့် တောမီးဘေး စသည့်ကဏ္ဍများနှင့်စပ်လျဉ်းသည့် ကြေညာချက်များစွာ ထုတ်ပြန်ခဲ့သည်။ ထိပ်သီးအစည်းအဝေးက ဇွန် ၁၆ ရက် ညပိုင်းတွင် အစ္စရေးနှင့် အီရန်ပဋိပက္ခ နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အစ္စရေးနှင့် အီရန် ပဋိပက္ခဖြေရှင်းခြင်းဖြင့် ဂါဇာကမ်းမြောင်ဒေသ အပါအဝင် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုအခြေအနေ အရှိန်လျော့လာစေရန် တိုက်တွန်းခဲ့သလို တစ်ချိန်တည်းတွင် G7 အဖွဲ့အနေဖြင့် တစ်ပြေးညီညှိနှိုင်းပြီး စွမ်းအင်ဈေးကွက် တည်ငြိမ်မှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

အစ္စရေး-အီရန် ပဋိပက္ခအား ရင်ဆိုင်ဖြေရှင်းရန်အတွက် အမေရိကန်သမ္မတ ထရမ့်သည် တစ်ရက်စော၍ ဇွန် ၁၆ ရက်တွင် G7 ထိပ်သီးအစည်းအဝေးမှ ထွက်ခွာသွားခဲ့သည်။ အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခံထားရသည့် ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးပင် ထရမ့်နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း မရှိပေ။ ထို့ပြင် ယခုအကြိမ်ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းအရေးကိစ္စနှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ယခုအကြိမ် ထိပ်သီးအစည်းအဝေးတွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများစွာ ကျင်းပခဲ့သည့်အပြင် G7 အဖွဲ့ဝင်ခေါင်းဆောင်များကလည်း ဇွန် ၁၆ ရက်တွင် မျက်နှာစုံညီအစည်းအဝေး ကျင်းပခဲ့ကာ ကမ္ဘာ့စီးပွားရေး အနာဂတ်အလားအလာနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဇွန် ၁၇ ရက်တွင် ဖိတ်ကြားထားသည့် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့်အတူ စွမ်းအင်လုံခြုံရေး အရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

ကနေဒါနိုင်ငံ ကယ်လ်ဂရီမြို့နှင့် ၁၀၀ ကီလိုမီတာခန့် အကွာရှိ ကာနာနာစကစ်ရွာတွင် G7 အဖွဲ့ဝင် ခေါင်းဆောင်များက မျက်နှာစုံညီအစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – ကနေဒါအစိုးရအဖွဲ့)

————————
(Chinese Version)
七国集团峰会闭幕 呼吁解决以伊冲突
新华社加拿大卡尔加里6月17日电(记者林威)为期两天的七国集团峰会17日在距加拿大卡尔加里市约100公里的卡纳纳斯基斯村落下帷幕,与会领导人呼吁解决以色列和伊朗冲突,进而促使中东地区紧张局势降级。
本次峰会没有发布联合公报。加拿大总理卡尼在闭幕记者会上承认七国集团领导人在许多问题上存在意见分歧,但他表示,他们努力为其中一些问题找到共同的解决方案。
峰会发表了一系列声明,涉及中东局势、人工智能、量子计算、关键矿产和森林火灾等方面。16日晚,峰会就以色列和伊朗冲突最新情况发表声明,呼吁解决以伊冲突,促使包括加沙地带在内的中东地区紧张局势降级;同时强调七国集团将协调一致,维持能源市场稳定。
16日,为应对以伊冲突,美国总统特朗普提前一天离开七国集团峰会。受邀与会的乌克兰总统泽连斯基未能与特朗普会面。另外,此次峰会未就乌克兰问题发表声明。
此次峰会除举行多场双边会晤外,七国集团领导人16日举行了全体会议,讨论全球经济前景,并于17日与受邀国家和国际组织领导人讨论能源安全问题。(完)
图说:6月16日,在距加拿大卡尔加里市约100公里的卡纳纳斯基斯村,七国集团领导人举行全体会议。新华社发(加拿大政府供图)